Sales Hotline : 09448001653       Download App



ရွှေပညာဒါနသင်တန်း လျှောက်လွှာများ အခမဲ့လျှောက်ထားနိုင်

 

 

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ (၂၂) ကြိမ်မြောက် ရွှေပညာဒါန (အခမဲ့) အသိပညာပေး ရွှေသင်တန်း ဖွင့်လှစ်မည်ဖြစ်ရာ လျှောက်ထားလိုသူများ အနေဖြင့် သင်တန်းတက်ရောက်ခွင့်ပုံစံကို (အခမဲ့) တောင်းယူဖြည့်စွက်ပြီး ဓာတ်ပုံ (၃) ပုံ နှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

သင်ကြားမည့်ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • ရွှေတူးဖော်ခြင်း

  • ရွှေသန့်စင်ခြင်း နှင့် မီးလင်းရွှေဈေးကွက်ရောင်းဝယ်ခြင်း

  • ရွှေဆိုင်ဖွင့်လှစ်ခြင်း

  • ရွှေပန်းထိမ်

  • ရွှေဒင်္ဂါး/ငွေဒင်္ဂါး

  • ရွှေအပေါင်ခံခြင်း

  • ကျောက်မျက်ပညာ

  • အသုံးချရွှေသင်္ချာ

  • ရွှေဆိုင်ဖွင့်လှစ်ခြင်း


 

 

သင်တန်းဖွင့်လှစ်မည့် အစီအစဥ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်_

 

ကျင်းပမည့်ရက် - ၂-၁-၂၀၂၃ (တနင်္လာနေ့) မှ ၁၀-၁-၂၀၂၃ ရက် (အင်္ဂါနေ့) အထိ

 

ကျင်းပမည့်အချိန် - နံနက် ၈း၀၀ နာရီမှ နံနက် ၁၀း၀၀ နာရီ အထိ

 

ကျင်းပမည့်နေရာ - အမှတ် (၄၂/၅၀)၊ ပထပ်၊ ရွှေဘုံသာ (အောက်) လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

 

သင်တန်းသားဦးရေကန့်သတ်ထားသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၄၅၀၀၄၉၂၈၊ ၀၉-၂၅၁၉၉၂၇၂၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

 

 

Latest Post Local News Read 641 times