Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာလေ့လာနေသူတိုင်း ဂိမ်းဆော့ရင်း စာလည်းလုပ်လို့ရမယ့်ဂိမ်း

 

 

အင်္ဂလိပ်စာလေ့လာနေသူတိုင်းအတွက် အပျင်းလည်းပြေ ပညာလည်းရမယ့် ဂိမ်းတစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းဆော့ရမှာဆိုတော့ စာလည်းလေ့လာပြီးသားဖြစ်၊ အပန်းလည်းပြေ၊ ဦးနှောက်ဆေးရာလည်း ဖြစ်စေမှာပါ။

 

ဒီဂိမ်းကတော့ British Council က ထုတ်ထားတဲ့ ဂိမ်းဖြစ်ပြီး နာမည်ကတော့ Johnny Grammar’s Word Challenge ပါ။ ဂိမ်းဆော့ဖို့ အတွက်ကတော့ Facebook နဲ့ ဝင်လို့ရသလို Register လည်း လုပ်လို့ရပါတယ်။ဒါမှမဟုတ် Guest အနေနဲ့လည်း ဝင်ကစားလို့ရပါတယ်။

 

Game ရဲ့ပုံစံကတော့ စစချင်းမှာ စက္ကန့် ၆၀ ပေးထားပါတယ်။ ပေးထားတဲ့ စက္ကန့် ၆၀ အတွင်း သူမေးထားတဲ့ မေးခွန်းလေးတွေကို ဖြေနိုင်သလောက် မြန်မြန်ဖြေပေးရမှာပါ။ ကိုယ်ဖြေနိုင်သလောက် ရတဲ့ အမှတ်တွေကလည်း တတ်သွားမှာပါ။

 

ပြီးတော့ ရလာတဲ့ အမှတ်တွေနဲ့ ကိုယ်က ကမ္ဘာ့အဆင့် (World Ranking) ဘယ်လောက်မှာ ရှိတယ် ဆိုတာလည်း ပြိုင်လို့ရပါသေးတယ်။ ရတဲ့အမှတ်များလေလေ ဆုတံဆိပ်လေးတွေရလေလေပါပဲ။ ဆုတံဆိပ်တွေကိုလည်း တခြားသူတွေမြင်အောင် share လို့ရပါတယ်။ 

 

ကစားလို့ရတဲ့ အမျိုးအစားအနေနဲ့ Grammar, Words, Spelling ဆိုပြီး (၃) မျိုးရှိပါတယ်။ Level အနေနဲ့ဆိုရင်လည်း Easy, Medium, Hard ဆိုပြီး (၃) မျိုး ခွဲဆော့နိုင်ပါတယ်။ ကိုယ့်ရဲ့ Grammar ပိုင်းကိုပဲ စမ်းသပ်ကြည့်မလား၊ ဝေါဟာရ (Words) အပိုင်းကိုပဲ ဖြေကြည့်မလား၊ စာလုံးပေါင်းတွေ (Spelling) ဘယ်လောက်ရနေပြီလဲ စမ်းကြည့်မလား ကြိုက်ရာ ဆော့လို့ရပါတယ်။ 

 

Category တစ်ခုချင်းစီတိုင်းမှာ ရွေးချယ်စရာ Topic တွေလည်း အစုံပါတာမို့ မပျင်းရမှာ အသေအချာပါပဲ။ဂိမ်းဆော့ရင်းနဲ့ပညာလည်းရတာမို့ ဒီဂိမ်းလေးကို ဆော့ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒေါင်းလုပ်ဒ် (Download) လုပ်လို့ရမယ့် Link တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

 

IOS Link (Apple Store) > https://apple.co/3FkfqJc

 

Android Link (Play Store) > https://bit.ly/3FJJZcD

 

#LearningEnglishwithGames #InformationSharing 

#MyanmarEducationGuide #BritishCouncil #Game 

#JohnnyGrammarsWordChallenge

 

Knowledge Latest Post Read 650 times