Sales Hotline : 09448001653       Download App



အမျိုးသမီးများအတွက် စီးပွားရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း အခမဲ့ပါဝင်လျှောက်ထားနိုင်

 

 

ရန်ကုန်မြို့ပြ နှင့်ဝေးတဲ့မြို့နယ်များမှာနေထိုင်သော အမျိုးသမီးများ ဦးဆောင်တဲ့ အသေးစား၊ အလတ်စား နှင့်အငယ်စား စီးပွားရေးလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအစီအစဥ်တစ်ခုဖြစ်သော "Empowering Women-led Businesses in peri-urban Yangon” Programme ကို Impact Hub Yangon မှ ဦးစီးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းမှာ သင်တန်းကြေး အခမဲ့ဖြစ်ပြီး အမျိုးသမီးများ ဦးဆောင်တဲ့ အသေးစား၊ အလတ်စား နှင့်အငယ်စားစီးပွားရေး လုပ်ငန်းများအတွက် အဓိကပင်မ လိုအပ်ချက်များကို အခြေခံပြီး ဖန်တီးပြင်ဆင်ထားတဲ့ စီးပွားရေးစွမ်းဆောင်ရည်မြှင့် သင်တန်းတစ်ခုပဲဖြစ်ပါတယ်။

 

သင်တန်းမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလထိကြာမြင့်မှာပဲ ဖြစ်ပါတယ်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်သည့်အလျောက် အွန်လိုင်းတွင် ပြုလုပ်သွားမည့် အစီအစဥ်များ နှင့်ရန်ကုန်တွင် လူတွေ့ပြုလုပ်မည့် သင်တန်းများ၊ ချိတ်ဆက်ပွဲများ၊ လမ်းညွှန်အကြံပေး အစီအစဥ်များအတွက် သင်တန်းအချိန် နာရီစုစုပေါင်း နာရီ (၈၀) မဖြစ်မနေ သင်တန်းအတွက် အချိန်ပေးရန်လိုအပ်ပါသည်။

 

Impact Hub Yangon သည် ရန်ကုန်မြို့ပြ နှင့်ဝေးသော မြို့နယ်များမှာ နေထိုင်တဲ့ အမျိုးသမီးများ ဦးဆောင်သော စီးပွားရေး လုပ်ငန်းများ ရေရှည်တည်တံ့ရေး နှင့် ၄င်းတို့၏ မိသားစု အသိုက်အဝန်းများအား လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ ဖြစ်စေရန် အလို့ငှာ ဤစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအစီအစဥ်ကို UN Women ၏ အကူအညီဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

 

အဆိုပါ သင်တန်းတွင် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အခက်အခဲများကြားမှာ ရပ်တည်စေနိုင်မည့် စီးပွားရေးနှင့် သက်ဆိုင်သော သင်တန်းများ၊လမ်းညွှန်အကြံပေးခြင်းများ၊ ကွန်ရက်များနှင့် ချိတ်ဆက်ပေးခြင်းများ နှင့် အခြားသော အထူးပြု ဝန်ဆောင်မှုများ ပေးခြင်းတို့ ပါဝင်သွားမည်ဖြစ်သည်။


 

ထို့အပြင် ယခုအစီအစီတွင်ပါဝင်မည့် အမျိုးသမီးများဦးဆောင်သော အသေးစား၊ အလတ်စား နှင့်အငယ်စား လုပ်ငန်းများအတွက် လုပ်ငန်းတိုးတက်ရန် နှင့် ထပ်မံတိုးချဲ့နိုင်ရန် ထောက်ပံ့ငွေ လျှောက်ထားနိုင်မည့်အခွင့်အလမ်းများလည်း ပါဝင်မှာပဲဖြစ်ပါတယ်။ 

 

တင်ပြသော လုပ်ငန်းလိုအပ်ချက်များအပေါ်မူတည်၍ ထပ်မံတိုးချဲ့နိုင်စွမ်းရှိမှု နှင့် လူမှုစီးပွားအကျိုးသက်ရောက် နိုင်မှုအပေါ် အကဲဖြတ်စစ်ဆေးကာ ထောက်ပံ့ငွေကြေးပမာဏ ဒေါ်လာ (၈၀,၀၀၀) အထိတောင်းဆိုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းသည် ရန်ကုန်မြို့ပြ နှင့်ဝေးသော မြို့နယ်များမှာ နေထိုင်တဲ့ အမျိုးသမီးဖြစ်ပြီး လက်ရှိမှာ စီးပွားရေး လုပ်ငန်းတစ်ခုခုကို ဦးစီးနေသူများအတွက် အထူးသင့်တော်သော သင်တန်းဖြစ်သည်။ မိမိတို့ရဲ့ လုပ်ငန်းများကို တိုးတက်စေမည့်အပြင် ပတ်ဝန်းကျင်အတွက် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် အထူးကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုလို့လည်း ဆိုနိုင်ပါသည်။


 

စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား၍  လျှောက်ထားနိုင်ပါသည်။

http://bit.ly/3gG94f2 

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Impact Hub Yangon ၏ ဖုန်းနံပါတ်ဖြစ်သော 09 882879909 နှင့်  email: [email protected] ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။


 

Credited to : Impact Hub Yangon Facebook Page မှကူးယူဖော်ပြပါသည်။

Vocational Latest Post Local News Read 585 times