Sales Hotline : 09448001653       Download App



ဆောင်းဒါးရက်ကန်းနှင့်သက်မွေးပညာသိပ္ပံသင်တန်းလျှောက်လွှာများခေါ်ယူ

 

 

ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသင်တန်းကျောင်းမှအသက်မွေးဝမ်းကျောင်း လုပ်ငန်း အထောက်အကူပြု ပုံမှန်သင်တန်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဖွင့်လှစ်ပို့ချမည့် သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်ကြသည်_

 

  1. ချည်မျှင် နှင့် အထည်အလိပ် ဒီပလိုမာ (၁) နှစ်သင်တန်း  (လက်ခံမည့်ဦးရေ - ၃၀ ဦး)

  2. ချည်မျှင် နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁) နှစ်သင်တန်း (လက်ခံမည့်ဦးရေ - ၂၅ ဦး)

  3. ရိုးရာလွန်းရာကျအချိတ် (၆) လသင်တန်း (လက်ခံမည့်ဦးရေ - ၅ ဦး)

  4. ရွှေချည်ထိုး၊ ငွေချည်ထိုး (၃) လသင်တန်း (လက်ခံမည့်ဦးရေ - ၅ ဦး)

  5. လက်ရက်ကန်း (၆) လသင်တန်း (လက်ခံမည့်ဦးရေ - ၁၀ ဦး)


 

သင်တန်းလျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်_

 

  • အမှတ်စဥ် (၁) သင်တန်းအတွက် အခြေခံပညာ အထက်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရမည်။

  • အမှတ်စဥ် (၂) သင်တန်းအတွက် အခြေခံပညာ အလယ်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရမည်။

  • အမှတ်စဥ် (၃) (၄) (၅) သင်တန်းများအတွက် အခြေခံပညာ မူလတန်းအောင်မြင်ပြီး အသက် (၁၆) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရမည်။

  • အမှတ်စဥ် (၃) (၄) သင်တန်းအတွက် အမျိုးသမီးများကို ဦးစားပေးမည်ဖြစ်သည်။

 

သင်တန်းတိုင်းအတွက် ရေ၊မီး အပြည့်အစုံ အဆောင် (အခမဲ့) နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လ ၃၀,၀၀၀/- ကျပ် ချီးမြှင့်မည်ဖြစ်သည်။

 

ရက်ကန်းပညာကို အမှန်တကယ် စိတ်ပါဝင်စားပြီး သတ်မှတ်အရည်အချင်း နှင့် ပြည့်စုံသူများအား အသက် ကန့်သတ်ချက် လျော့ပေါ့၍ လက်ခံသွားမည်ဖြစ်သည်။

 

လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ လိပ်စာ ၊ ဖုန်းနံပါတ်များ နှင့် အီးမေးလ်သို့ ဆက်သွယ်မေးမြန်းစုံစမ်းလျှောက်ထားနိုင်သည်။

 

လိပ်စာ - ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံ (အမရပူရမြို့)

 

ဖုန်းနံပါတ် - ၀၂-၄၀၅၉၉၆၄၊ ၀၂-၄၀၇၀၄၂၈၊ ၀၉-၄၂၈၃၂၀၂၃၅၊ ၀၉-၄၀၂၅၇၃၉၁၈၊ ၀၉-၄၂၀၇၁၂၈၃၁

 

E-mail - [email protected] 

 

 

Latest Post Vocational Local News Read 649 times