Sales Hotline : 09448001653       Download App



လူငယ်များအတွက်"လူသားဗဟိုပြုဒီဇိုင်းရေးဆွဲခြင်းမိတ်ဆက်သင်တန်း"အခမဲ့လျှောက်ထားနိုင်

 

လူငယ်များအတွက် “လူသားဗဟိုပြု ဒီဇိုင်းရေးဆွဲခြင်းမိတ်ဆက်သင်တန်း” ကို ဒို့အိမ် (Doh Eain) မှဦးစီး၍ အခမဲ့ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

 “လူသားဗဟိုပြု ဒီဇိုင်းရေးဆွဲခြင်းမိတ်ဆက်သင်တန်း”သည် မြို့ပြပုံဖော်သူလူငယ်များ (Young City Shapers) အစီအစဥ်ရဲ့ မော်ဂျူးတစ်ခုဖြစ်ပြီး အသက် ၃၅ နှစ်အောက် စိတ်ပါဝင်စားသူ လူငယ်များ လျှောက်ထားနိုင်သည်။

 

သင်တန်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)  နံနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပြီးစိတ်ပါဝင်စားသူများအောက်ပါလင့်ခ်မှတစ်ဆင့်လျှောက်ထားနိုင်ပါသည်။

 

စာရင်းပေးသွင်းရန်လင့်ခ် > https://forms.gle/rwzjvfdDTDBZBGSQ9 

 

လူသားဗဟိုပြုဒီဇိုင်းရေးဆွဲခြင်းသင်တန်းသည် မည်သည့် စီမံကိန်းတွင်မဆို အသုံးပြုနိုင်သော လုပ်ငန်းစဥ်တစ်ရပ်လည်း ဖြစ်ပြီး ယခုသင်တန်းတွင်မူ လူသားဗဟိုပြုဒီဇိုင်းရေးဆွဲရာတွင် အဓိကထားလေ့လာရမည့် တွေးခေါ်ပုံများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ 

သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများနှင့် လက်တွေ့လုပ်ဆောင်ချက်များမှတစ်ဆင့် စီမံကိန်းရေးဆွဲရာတွင် လူသားဗဟိုပြုဒီဇိုင်နာ တစ်ဦးကဲ့သို့ တွေးခေါ်စဥ်းစားနိုင်မည့် အခွင့်အရေးကို ရရှိမှာဖြစ်ပြီး လူသားဗဟိုပြု ဒီဇိုင်း ပညာရှင်တစ်ဦးဖြစ်လာနိုင်ရန် ခြေလှမ်းအစလည်း ဖြစ်နိုင်ပါသည်။ 

 

လူသားဗဟိုပြုဒီဇိုင်းရေးဆွဲခြင်းသည် အလွန်စိတ်ဝင်စားဖို့ကောင်းသည့် နယ်ပယ် (သို့) ဘာသာရပ်တစ်ခုဖြစ်ပြီး ၄င်းနှင့် ပတ်သက်သည့် အရင်းအမြစ်များဖြစ်သော အခမဲ့သင်ခန်းစာများ၊ အသုံးချနိုင်မည့် နည်းလမ်းများ၊ ဆော့ဖ်ဝဲများ အများအပြားကို အွန်လိုင်းတွင် တွေ့ရှိနိုင်ပါသည်။

 

သို့ရာတွင် အဆိုပါနည်းလမ်းများနှင့် ရင်းမြစ်များကို အကောင်းဆုံး အသုံးချနိုင်ရန် အရေးအကြီးဆုံးမှာ လူသားကို ဗဟိုပြုသည့် စဉ်းစားတွေးခေါ်ပုံပင် ဖြစ်ပါသည်။ ယခုသင်တန်းသည် အဆိုပါအချက်ကို အဓိကရည်ရွယ်ခြင်းဖြစ်သည်။

 

သင်တန်းအား Zoom Application ကို အသုံးပြု မြန်မာဘာသာဖြင့် ပို့ချပေးမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်ရန်အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ (ညနေ ၃ နာရီ) နောက်ဆုံးထားပြီး စာရင်းပေးသွင်း လျှောက်ထားနိုင်သည်။ သင်တန်းသားဦးရေ အကန့်အသတ်ရှိသောကြောင့် လျှောက်ထားသူများအနက်မှတတ်ရောက်ခွင့်ရရှိသူများကိုသာ ပြန်လည် အကြောင်းကြားပေးသွားမည် ဖြစ်သည်။ 

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဒို့အိမ် (Doh Eain) Facebook Page တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Doh Eain Facebook Page > https://bit.ly/3gtDmS6

 

Source From > Doh Eain Facebook Page မှကူးယူဖော်ပြပါသည်။

Local News Latest Post Read 397 times