Sales Hotline : 09448001653       Download App



ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူများအတွက် အလုပ်လျှောက်လွှာများခေါ်ယူ

 

 

ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်ဖြင့် အလုပ်လုပ်ကိုင်လိုသူများအတွက် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားသည့်စနစ် ( Recruitment Point System ) အရ ကိုရီးယားဘာသာစကား အရည်အချင်း စစ်ဆေးသည့် (EPS-TOPIK) (စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း) စာမေးပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် စာမေးပွဲအောင်မြင်သူဦးရေ (၃၁၀၄) ဦးအတွက် အလုပ်လျှောက်လွှာများအား ယှဥ်တွဲပါရက်များအလိုက် ဖော်ပြထားသော (EPS-TOPIK) စာမေးပွဲခုံနံပါတ်များအတိုင်း နေ့စဥ် နံနက် ၉း၀၀ နာရီမှ ညနေ ၄း၃၀နာရီအထိ လျှောက်လွှာများ စီစစ်ထုတ်ပေးခြင်း၊ လက်ခံခြင်းများကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ပင်လုံခန်းမ) ဒဂုံမြို့သစ် မြောက်ပိုင်းတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

လျှောက်လွှာထုတ်ယူရာတွင် လိုက်နာရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ကြသည်_

 

  • လျှောက်လွှာအားကာယကံရှင်ကိုယ်တိုင်နိုင်ငံကူးလက်မှတ်၊ စာမေးပွဲဖြေဆိုခွင့်ဖြတ်ပိုင်းများနှင့် အတူ ပြသထုတ်ယူရမည်။

  • ဓာတ်ပုံရိုက်ခြင်းအား စာမေးပွဲစစ်ဆေးခဲ့စဥ်က တင်ပြသည့်ပုံ၊ နိုင်ငံကူးလက်မှတ်ပါပုံ နှင့် ယခုတင်ပြသည့်ပုံတို့ ကွဲလွဲမှုမရှိစေရန် သတိပြုရမည်။

  • ကျန်းမာရေးစစ်ဆေးခြင်းအားသတ်မှတ်ထားသည့် ဆေးခန်းများ၌သာ လုပ်ဆောင်ရမည်။

 

လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများအား တစ်ပါတည်း ပူးတွဲတင်ပြရမည်_

 

  • အလုပ်လျှောက်လွှာတင်ရန် နိုင်ငံကူးလက်မှတ် PJ (Passport for Job) ဖြင့်လက်ခံမည်။

  • နိုင်ငံကူးလက်မှတ် မူရင်း၊မိတ္တူ (နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံ (၁) နှစ်ကျန်ရှိရမည်)။

  • အလုပ်လျှောက်လွှာ နှင့် ဆေးသားကောင်းမွန်သည့် နောက်ခံကာလာ အဖြူရောင် (3.5cm * 4.5cm) ပတ်စ်ပို့တ်ဓာတ်ပုံ (၃) ပုံ

  • ကျန်းမာရေးစစ်ဆေးချက် မှတ်တမ်း မူရင်း နှင့် မိတ္တူ

  • နိုင်ငံသားစီစစ်ရေးကတ်ပြားမူရင်း နှင့် မိတ္တူ

  • ကိုယ်ပိုင်ငွေစာရင်း Bank Account ဖော်ပြရမည်ဖြစ်သဖြင့် နိုင်ငံပိုင်/ပုဂ္ဂလိက ဘဏ်တစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပါအမည်အတိုင်း ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ဘဏ် ငွေစာရင်းစာအုပ် မူရင်း/မိတ္တူ ပူးတွဲတင်ပြရန်။ 

  • အိမ်ထောင်စုစာရင်း

  • ပညာအရည်အချင်း အထောက်အထားမိတ္တူ

  • စက်မှု၊ လက်မှု ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိပါက အထောက်အထားမိတ္တူ

  • အခြားအလုပ်ခွင် Training သင်တန်းဆင်း လက်မှတ်များရှိပါက မိတ္တူ

 

စာမေးပွဲအောင်မြင်သူများအတွက် လျှောက်လွှာများကို အောက်ဖော်ပြပါ နေ့ရက်များတွင် ထုတ်ပေးသွားမည်ဖြစ်သည်_

 

(က) ၂၂-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၀၀၀၁၆ မှ ခုံအမှတ် ၅၀၇၁၈၅၀၂ ထိ

 

(ခ) ၂၃-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၁၈၅၀၉ မှ ခုံအမှတ် ၅၀၇၂၇၂၄၀ ထိ

 

(ဂ) ၂၄-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၂၇၂၄၄ မှ ခုံအမှတ် ၅၀၇၃၄၂၈၇ ထိ


 

ကျန်းမာရေးစစ်ဆေးအောင်မြင်ပြီးသူများ၏ အလုပ်လျှောက်လွှာများ ပြန်လည်တင်သွင်းခြင်းကို အောက်ဖော်ပြပါရက်များ၌ ယှဥ်တွဲဖော်ပြပါ ခုံနံပါတ်များအတိုင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

(က) ၂၅-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၀၀၀၁၆ မှ ခုံအမှတ် ၅၀၇၁၁၁၂၆ ထိ

 

(ခ) ၂၆-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၁၁၁၂၈ မှ ခုံအမှတ် ၅၀၇၁၈၅၀၂ ထိ

 

(ဂ) ၂၈-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၁၈၅၀၉ မှ ခုံအမှတ် ၅၀၇၂၃၄၇၄ ထိ

 

(ယ) ၂၉-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၂၃၄၈၅ မှ ခုံအမှတ် ၅၀၇၂၇၂၄၀ ထိ

 

(င) ၃၀-၁၁-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၂၇၂၄၄ မှ ခုံအမှတ် ၅၀၃၀၅၂၉ ထိ

 

(စ) ၁-၁၂-၂၀၂၂ ရက် ခုံအမှတ် ၅၀၇၃၀၅၃၁ မှ ခုံအမှတ် ၅၀၇၃၄၂၈၇ ထိ


 

အလုပ်လျှောက်လွှာတွင် အချက်အလက်များ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ တင်ပြသည့် အထောက်အထားများ မှန်ကန်စွာ ဖြည့်စွက်ဖော်ပြရန်လိုအပ်သည်။ မမှန်မကန်ဖော်ပြဖြည့်စွက်ခဲ့ပါက ကာယကံရှင်၏ တာဝန်သာဖြစ်သည်။ သတ်မှတ်ရက်ထက်ကျော်လွန်၍ တင်ပြလာသည့် လျှောက်လွှာများအား တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိရှိရသည်။ 

 

အလုပ်လျှောက်လွှာ နှင့် ပတ်သက်၍ သိရှိလိုသော အချက်များရှိပါက အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၆၆၇၇၅၄၊ ၀၁- ၆၅၆၈၄၃ နံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

 

Latest Post Local News Vocational Read 821 times