Sales Hotline : 09448001653       Download App



ဘွဲ့မရသေးသူတွေပါလျှောက်ထားနိုင်တဲ့ ဥရောပမှ လစာပေးအလုပ်သင်အခွင့်အရေး

 

 

ဥရောပတိုက် ဩစတီးယားနိုင်ငံမှ ISTA (Institute of Science & Technology) အဖွဲ့အစည်းမှ ခေါ်ယူနေတဲ့အလုပ်သင်ပရိုဂရမ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပရိုဂရမ်ကတော့ ဘွဲ့မရသေးပဲ တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသားတွေ၊ ဘွဲ့ရပြီးသားသူတွေအတွက် ဥရောပလို နိုင်ငံရပ်ခြားမျိုးမှာအလုပ်သင်အတွေ့အကြုံကိုလစာလည်းယူပြီးသင်ယူလေ့လာနိုင်မယ့် ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပါပဲ။ လစာအနေနဲ့လည်း အလုပ်သင်အနေနဲ့ တစ်လကို 1,119 EUR (MMK 2,339,829)ကျပ် နီးပါး  ရရှိနိုင်မှာပဲဖြစ်ပါတယ်။ 

 

ISTAက Scientific Research Project ဖြစ်တဲ့အတွက် Computer Science,Mathematics,Natural Science,Physics,Biology,Chemistry စတဲ့ မေဂျာဘာသာရပ်တွေမှာတက်ရောက်ဆဲ၊တက်ရောက်ပြီး၊ဂုဏ်ထူးတန်းတက်ရောက်နေတဲ့ကျောင်းသားများသာ လျှောက်ထားလို့ရမှာပါ။ အကယ်၍ အလုပ်ရခဲ့လျှင် အလုပ်သင်အနေနဲ့ ကာလ ၁ နှစ်ကျော်အထိ လုပ်ကိုင်နိုင်မှာပါ။ လျှောက်ထားသူများကို သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သော ( ပါမောက္ခ သို့ လက်ထောက်ပါမောက္ခ) မှ ရွေးချယ်ခန့်အပ်မှာပါ။ 

အလုပ်သင်ပရိုဂရမ်လျှောက်ထားမှုအတွက် သီးသန့် Deadline သတ်မှတ်ထားခြင်းမျိုးမရှိပဲ လျှောက်လွှာများကိုတစ်နှစ်ပတ်လုံး လက်ခံပါပေးပါတယ်။ ကိုယ်လျှောက်ထားလိုတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဆီကိုတိုက်ရိုက်ပေးပို့လျှောက်ထားရမှာပါ။အလုပ်သင်ပရိုဂရမ်လျှောက်ထားမှုအတွက်အချက်အလက်များကိုအောက်မှာအသေးစိတ်လေ့လာနိုင်ပါတယ်။



အလုပ်သင်ပရိုဂရမ်လျှောက်ထားမှုနှင့် လျှောက်ထားပုံအဆင့်ဆင့်

==================================

အလုပ်လျှောက်ထားမှုအတွက် မည်သည့်စရိတ်မှကုန်ကျမှု မရှိပါ။လျှောက်ထားမှုအတွက် သင်လျှောက်ထားလိုက်တဲ့ အဖွဲ့အပေါ် စိတ်ဝင်စားမှု နှင့် စိတ်အားထက်သန်မှုကို ပြသနိုင်ရန်အလွန်အရေးကြီးပါတယ်။ လျှောက်ထားမှုနှင့် ဆက်စပ်တဲ့ ပညာရေးဆိုင်ရာ ကျောထောက်နောက်ခံ အရည်အချင်းရှိဖို့ရာ မဖြစ်မနေလိုအပ်ပါတယ်။ အကယ်၍ သင်က သုတေသန နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ (သို့မဟုတ်) နည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေ ရှိထားလျှင် အလုပ်ရနိုင်ခြေ အခွင့်အရေးပိုများပါတယ်။

ဒီပရိုဂရမ်အတွက် လျှောက်ထားနိုင်တဲ့ Research Field တွေအများကြီးရှိပါတယ် အရင်ဆုံးကိုယ်က ဘယ်နယ်ပယ်ကို စိတ်ဝင်စားလဲ အရင်ဆုံး ဆုံးဖြတ်ရပါမယ်။ ဘယ်နယ်ပယ်တွေကို လျှောက်ထားနိုင်လဲဆိုတာအောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

 

Available Research Groups  >  https://phd.pages.ista.ac.at/all-research-groups/

 

ကိုယ်လျှောက်ထားချင်တဲ့ နယ်ပယ်ကို ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့အတိုင်း အဖွဲ့ခေါင်းဆောင်ဆီကို အီးမေးလ် (Email) ဖြင့် တိုက်ရိုက်ပေးပို့လျှောက်ထားရမှာပါ။ လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများကိုပါ ပူးတွဲပေးပို့ရပါမယ်_

 

  • A short intro to your background

  • Motivational Letter

  • CV (PDF Format)

  • Possible dates for your internship

  • Educational credentials

 

ဖော်ပြပါ အထောက်အထားများကို CV နှင့်အတူ ပူးတွဲပေးပို့ပြီးရင်တော့ အလုပ်လျှောက်တဲ့ Process ပြီးဆုံးပါပြီ။ တစ်ဖက်က သင့်အလုပ်လျှောက်လွှာကို စိတ်ဝင်စားရင် ပြန်လည်ဆက်သွယ်လာမှာဖြစ်ပြီးကျန်ရှိနေသေးတဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်များကို ဆက်လက်ညွှန်ကြားပေးမှာပဲဖြစ်ပါတယ်။

 

မှတ်ချက် - လျှောက်ထားလာသော လျှောက်လွှာများမှာ ပြားများလွန်သည့်အတွက်ကြောင့် သတ်မှတ်ချက်များ နှင့်ကိုက်ညီပြီး အချက်အလက်ပြီးပြည့်စုံသော လျှောက်လွှာများကိုသာ ရွေးချယ်လက်ခံစဥ်းစားမည်ဖြစ်ပြီး အလုပ်သင်ပရိုဂရမ်အတွက် ရွေးချယ်ခြင်းခံရသော လျှောက်လွှာပိုင်ရှင်များကိုသာ ပြန်လည်ဆက်သွယ်သွားမှာဖြစ်ပါတယ်။ 

 

အသေးစိတ်အချက်အလက်များ နှင့် ထပ်မံစုံစမ်းသိရှိလိုသည်များကို ISTA ရဲ့ Official Website ဖြစ်သော https://bit.ly/3h43XVO ဖော်ပြပါလင့်ခ်မှတစ်ဆင့် လေ့လာစုံစမ်းသိရှိနိုင်ပါတယ်။

 

Latest Post Vocational International Read 8525 times