Sales Hotline : 09448001653       Download App



ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာစွမ်းရည်မြင့်သင်တန်းလျှောက်လွှာများခေါ်ယူ

 

 

လူမှုအကျိုးပြုရုပ်ရှင်ကွန်ယက် (Society Film Network) မှ လူမှုအကျိုးပြုအဖွဲ့အစည်းများအတွက် ရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာစွမ်းရည်မြင့်သင်တန်းလျှောက်လွှာများစတင်ခေါ်ယူနေပြီဖြစ်ကြောင်းသိရှိရသည်။

 

လူမှုအကျိုးပြုရုပ်ရှင်ကွန်ယက်ဆိုသည်မှာ လူမှုအကျိုးပြု လုပ်ငန်းများနှင့် ဆက်စပ်သော ရုပ်ရှင်အနုပညာ ရပ်ဝန်းအဖြစ်ရည်ရွယ်ကာ တည်ထောင်ထားခြင်းဖြစ်သည်။ လူမှုအကျိုးပြု အဖွဲ့အစည်းများအတွက်ရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာသင်တန်းများပို့ချခြင်း၊လူငယ်ရုပ်ရှင်ဖန်တီးသူများအတွက်ရုပ်ရှင်ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ရုပ်ရှင်ဇာတ်ကားများရိုက်ကူးထုတ်လုပ်ခြင်း၊ရုပ်ရှင်ဇာတ်ကားများထွက်ပေါ်လာနိုင်ရန်ထောက်ပံ့ကူညီစီစဉ်ထုတ်လုပ်ခြင်းတို့ကိုလုပ်ဆောင်လျှက်ရှိသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ 

 

ယခုသင်ကြားပို့ချမည့်သင်တန်းမှာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသည့်မြန်မာနိုင်ငံအတွင်းရှိ ဒေသခံ NGO/CSO များ၏ Communication Sector ကိုအထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ သင်တန်းကာလမှာ ၁၂ ရက်တာကြာမြင့်မည်ဖြစ်ပြီး သင်တန်းသားတစ်ဦးချင်းစီ၏ သက်ဆိုင်ရာအဖွဲ့အစည်းအတွက် ပြုလုပ်မည့် Communicationနှင့် သက်ဆိုင်သော ဖန်တီးမှုတစ်ခုကိုလည်းSociety Film Network နှင့် အတူတကွပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်သည်။

 

အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများလျှောက်ထားနိုင်သည်_

 

  • Local NGO/CSO များတွင် Communication ၊Public Relationsသတင်းနှင့်ပြန်ကြားရေးစသဖြင့်ရုပ်ရှင်၊ ဗွီဒီယို၊ ဓါတ်ပုံရိုက်ကူးခြင်း၊ Success Storyနှင့် Content များ ရေးသားခြင်းဆိုင်ရာတာဝန်ကို လုပ်ဆောင်နေသူများ

 

သင်တန်းအစီအစဥ်

 

သင်တန်းကာလ - ၁၂ ရက်

 

သင်တန်းနေ့ရက် - ၂၈.၁၁.၂၀၂၂ - ၁၆.၁၂.၂၀၂၂ (အောက်မြန်မာပြည်NGO/CSOများအတွက်)

                     -  ၂.၁.၂၀၂၃ - ၂၀.၁.၂၀၂၃ (အထက်မြန်မာပြည် NGO/CSO များအတွက်)

 

သင်တန်းလျှောက်လွှာတင်ရမည့်ရက် - ၂၅.၁၀.၂၀၂၂ မှ ၁၁.၁၁.၂၀၂၂ အထိ

 

လျှောက်ထားရန်လင့်ခ် - https://societyfilmnetwork.org/

 

သင်ကြားပေးမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • ဗွီဒီယို၊ ဓါတ်ပုံရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း

  • ဇာတ်လမ်းရေးသားဖန်တီးခြင်း

  • စီစဉ်ထုတ်လုပ်ခြင်း 

 

သင်တန်းတက်ရောက်ရန် ခရီးသွားလာစရိတ်၊ သင်တန်းကာလအတွင်းတည်းခိုရန်နေရာ၊ နေ့စဥ်အသုံးစရိတ်၊ လိုအပ်သောသင်ထောက်ကူပစ္စည်းများ နှင့် သင်တန်းပြီးဆုံးလျှင်ပြုလုပ်မည့် အစီအစဥ်အတွက် ရိုက်ကူးရေးပစ္စည်းထောက်ပံ့ပေးမှုများ ပါဝင်မည်ဖြစ်သည်။

 

အသေးစိတ်သိရှိလိုပါက [email protected] သို့လည်းကောင်း၊ ဖုန်းနံပါတ် 09 4210 28057, 09 8868 77677 သို့လည်းကောင်း၊ Society Film Network Facebook page သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Credited to - Society Film Network Facebook Page မှတစ်ဆင့်ကူးယူဖော်ပြပါသည်။

 

Latest Post Local News Vocational Read 711 times