Sales Hotline : 09448001653       Download App



နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)တွင် အချိန်ပြည့်/အချိန်ပိုင်းသင်တန်းများဖွင့်လှစ်မည်

 

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့အချိန်ပြည့် (၂) နှစ်သင်တန်း (အင်္ဂလိပ်စာဘာသာ)၊ ဒီပလိုမာအချိန်ပြည့် (၁) နှစ်သင်တန်း(အင်္ဂလိပ်စာဘာသာ)၊ အချိန်ပြည့် (၂) နှစ်သင်တန်း (အီတာလျံ၊ စပိန်ဘာသာ)၊ အချိန်ပိုင်း (၂) နှစ်သင်တန်း (အထွေထွေဘာသာဗေဒ) နှင့် အချိန်ပိုင်း (၄) နှစ်သင်တန်း(တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ ထိုင်းဘာသာ) သင်တန်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၄ ရက်နေ့အထိ တင်သွင်းနိုင်ပြီး သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုကြရမည်ဖြစ်သည်။ သင်တန်းဝင်ခွင့်အတွက် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ကြသည်_

 

  • ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်

  • မဟာဝိဇ္ဇာ(အင်္ဂလိပ်ဘာသာကိုနိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း)ပထမနှစ်သင်တန်းတက်ရောက်ရန်အတွက်သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်

  • ဒီပလိုမာဘွဲ့သင်တန်းများအတွက်နိုင်ငံတော်ကအသိအမှတ်ပြုထားသောဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်

  • အထွေထွေဘာသာဗေဒသင်တန်းအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဝိဇ္ဇာဘွဲ့ တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ အခြားဘွဲ့ရရှိပြီး ဤဘာသာရပ်နှင့် ဆက်စပ်နှီးနွယ်သည့် လုပ်ငန်း လုပ်ကိုင်သူများ(ဘာသာပြန်/စကားပြန်လုပ်ကိုင်သူများ၊ဘာသာစကားသင်ကြားသူများ၊သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်နေသူများ)လျှောက်ထားနိုင်သည်။

 

သင်တန်းအချိန်နှင့်တက်ရောက်ရမည့်နေ့ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • သင်တန်းများကိုတစ်ပတ်လျှင် (၅)ရက် (တနင်္လာမှသောကြာနေ့) အထိတက်ရောက်ရမည်

  • အင်္ဂလိပ်ဘာသာ (အချိန်ပြည့်) သင်တန်းများကို နံနက် ၉း၀၀ နာရီမှ နေ့လည် ၃း၂၀ အထိ

  • အီတာလျံ၊စပိန်ဘာသာ (အချိန်ပြည့်) သင်တန်းများကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂နာရီအထိ

  • အချိန်ပိုင်းသင်တန်းများကို နံနက် ၇နာရီမှ နံနက် ၈း၅၀နာရီအထိတက်ရောက်ရမည်ဖြစ်သည်။


 

သင်တန်းဝင်ခွင့်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း မော်ကွန်းထိန်းရုံးခန်း (စာမေးပွဲဌာန/ကျောင်းသားရေးရာဌာန) သို့လည်းကောင်း ဖုန်းနံပါတ် ၀၉ ၉၇၆၅၃၅၆၅၆၊ ၀၉ ၄၄၂၂၅၃၈၁၂ သို့လည်ကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Local News Latest Post Read 4820 times