Sales Hotline : 09448001653       Download App



ရေကြောင်းပညာတက္ကသိုလ်မှအချိန်ပိုင်းဒီပလိုမာသင်တန်းများစတင်လျှောက်ထားနိုင်

 

 

မည်သည့်တက္ကသိုလ်မှမဆိုဘွဲ့တစ်ခုခုရရှိပြီးသူတိုင်းအနေဖြင့်မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို စတင်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

လျှောက်ထားလိုသူများအနေဖြင့်ဝင်ခွင့်လျှောက်လွှာပုံစံများကိုရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ်၊မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း ပြန်လည်တင်သွင်းရမည်ဖြစ်သည်။

 

ဝင်ခွင့်လျှောက်လွှာများတွင်အချက်အလက်များကိုပြည့်စုံမှန်ကန်စွာဖြည့်သွင်းရမည်ဖြစ်ပြီးလျှောက်လွှာနှင့်အတူ ပတ်စ်ပို့တ်အရွယ် ဓာတ်ပုံ (၃)ပုံ၊ ဘွဲ့လက်မှတ်မူရင်း နှင့် မိတ္တူ၊ အမျိုးသားမှတ်ပုံတင် (သို့) နိုင်ငံသားစီစစ်ရေးကတ်ပြားမူရင်း နှင့် မိတ္တူတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ 

 

၂၀၂၂ခုနှစ်၊နိုဝင်ဘာလ၂၁ရက်နေ့၌လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း၊လူတွေ့ဖြေဆိုခွင့်ကတ်ပြားထုတ်ပေးမည့်ရက် နှင့် လူတွေ့ဖြေဆိုရမည့် အစီအစဥ်များကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ကြေညာပေးမည်ဖြစ်သလိုမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ဝက်ဆိုဒ်ဖြစ်သောwww.mmu.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကိုနိုဝင်ဘာလ၂၉ရက်နေ့(အင်္ဂါနေ့)တွင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။ဖွင့်လှစ်ပို့ချမည့် သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည် _

 

ဖွင့်လှစ်မည့်သင်တန်းများ

သင်တန်းကာလ 

လက်ခံမည့်ဦးရေ

(က) သဘော်လုပ်ငန်းစီမံခန့်ခွဲမှု

      ပညာဘွဲ့လွန်ဒီပလိုမာ(Post 

       Graduate Diploma in 

      Shipping Management) 

အချိန်ပိုင်း (၁) နှစ်

၅၀

(ခ) ဆိပ်ကမ်းစီမံခန့်ခွဲမှုပညာဘွဲ့

      လွန်ဒီပလိုမာ

     (Post Graduate Diploma

       In Port Management)

အချိန်ပိုင်း (၁) နှစ်

၅၀

(ဂ) ထောက်ပံ့သယ်ယူပို့ဆောင်

   ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ

     (Post Graduate Diploma 

     In Transport & Logistics

      Management)

အချိန်ပိုင်း (၁) နှစ်

၇၀



 

သင်တန်းအောင်မြင်ပြီးဆုံးပါက အောက်ပါဒီပလိုမာဘွဲ့များ ပေးအပ်မည်ဖြစ်သည် _

 

  • Post Graduate Diploma in Shipping Management (Dip.SM)

  • Post Graduate Diploma in Port Management (Dip.PM)

  • Post Graduate Diploma in Transport & Logistics  Management (Dip.TLM)

 

ပညာအရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် _

 

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်

  • လုပ်ငန်းခွင်နှင့်ဆက်စပ်မှုရှိသူများကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်သည်

  • ဒီပလိုမာသင်တန်းများအားလုံးအတွက် ဝန်ထမ်းဖြစ်လျှင် (ပုဂ္ဂလိကလုပ်ငန်းအပါအဝင်) ဌာနဆိုင်ရာ အကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်



 

သဘော်လုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ၊ဆိပ်ကမ်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာသင်တန်းများကို တစ်ပတ်လျှင် (၆) ရက် (တနင်္လာမှသောကြာနေ့အထိ) နံနက် ၇ နာရီမှ နံနက် ၉ နာရီအထိ၊ စနေနေ့တွင်နံနက်၈နာရီမှညနေ၄း၃၀အထိလည်းကောင်း၊ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်းကိုတစ်ပတ်လျှင် (၅) ရက် (တနင်္လာမှသောကြာနေ့အထိ) နံနက် ၇ နာရီမှ နံနက် ၉ နာရီအထိ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာနဝင်းအတွင်းရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဌာန (HRDC) တွင် သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက မြန်မာနိင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လူကိုယ်တိုင်သော်လည်းကောင်း ဖုန်းနံပါတ် ၀၉ ၄၂၃၅၁၀၈၅၄ သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

 

Latest Post Local News Read 963 times