Sales Hotline : 09448001653       Download App



လူငယ်များအခမဲ့လျှောက်ထားနိုင်သည့် “လူများအတွက်နေချင်စဖွယ်မြို့ပြများ” သင်တန်းဖွင့်လှစ်

 

 

 

ဒို့အိမ်ရန်ကုန်နှင့်မြို့ပြပုံဖော်သူလူငယ်များအစီအစဥ်မှပူးပေါင်း၍“လူတို့အတွက်နေချင်စဖွယ်မြို့ပြများ”(Cities for People) ခေါင်းစဥ်ဖြင့် ရက်တိုသင်တန်းကို ဖွင့်လှစ်ပို့ချသွားမည်ဟုသိရှိရသည်။ အဆိုပါသင်တန်းမှာ အသက် ၃၅ နှစ်အောက် လူငယ်များအတွက်ရည်ရွယ်ပြီး လူတို့အတွက် နေချင်စဖွယ်မြို့ပြများ ဖြစ်လာစေဖို့ကို အထူးရည်ရွယ်ထားခြင်းဖြစ်သည်။ 

 

ဤသင်တန်းအားပါဝင်တက်ရောက်ခြင်းအားဖြင့်မြို့ပြများကိုပိုပြီးနေချင်စဖွယ်ဖြစ်လာအောင်လူသားတို့၏ ရှုထောင့်မှတစ်ဆင့် ဆောင်ရွက်နိုင်မည့် အရာများကို လေ့လာသုံးသပ်နိုင်ခြင်း၊ သင်ခန်းစာအပြီးမှာ မြို့ပြများကိုစည်ကားသက်ဝင်အောင်၊ လုံခြုံအောင်၊ ရေရှည်တည်တံ့အောင်နဲ့ ကျန်းမာအောင် ဘယ်လိုအရာတွေကို မိမိကိုယ်တိုင်အားဖြင့် ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ သိရှိလာစေမှာပဲဖြစ်ပါတယ်။

 

သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ နှင့် ၄ ရက်နေ့ (ကြာသာပတေး နှင့် သောကြာ) ဖြစ်ပြီး မနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအထိဖြစ်သည်။ Zoom ပလက်ဖောင်းမှ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများကို အောက်တိုဘာလ ၃၁ ရက်နေ့၊ ညနေ ၃ နာရီ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်။ 

 

သင်တန်းကြေးမှာ “အခမဲ့” ဖြစ်သည့်အပြင် သင်တန်းတက်ရောက်သူများအား သင်တန်းအတွက် အင်တာနက်ဘေလ်ကုန်ကျစရိတ်ကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်သလို သင်တန်းအား အချိန်ပြည့် မပျက်မကွက် တက်ရောက်ကြသူများကို နာမည်ကျော် ဒိန်းမတ်ဗိသုကာ Jan Gehl ရဲ့ “Cities for People” မြန်မာဘာသာပြန် စာအုပ်ကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။ 

 

သင်တန်းလျှောက်ထားရန်အတွက် အောက်ပါလင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်သည်။

 

> လျှောက်လွှာဖောင် - https://forms.gle/yTN3M9We9Fm6qMVp7

သင်တန်းတက်ရောက်ခွင့် ရရှိသူများအား အီးမေးလ်ဖြင့် ပြန်လည်ဆက်သွယ်များမည်ဖြစ်သည်။အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဒို့အိမ် Facebook Page တွင် စုံစမ်းမေးမြန်းနိုင်သည်။

Doh Eain Facebook Page > https://bit.ly/3SS187v

 

*Doh Eain Facebook Page မှတစ်ဆင့်ကူးယူဖော်ပြပါသည်။

 

Latest Post Local News Read 499 times