Sales Hotline : 09448001653       Download App



သွားတုလုပ်ငန်းကျွမ်းကျင်ဒီပလိုမာ (၂) နှစ်သင်တန်း စတင်လျှောက်ထားနိုင်

 

 

သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာသင်တန်းကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ၏ သွားတုလုပ်ငန်းကျွမ်းကျင်မှု  သင်တန်းဌာနတွင် ၂၀၂၃ခုနှစ်  ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းအတွက် သင်တန်းလျှောက်လွှာဖောင်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ထက် မနောက်ကျစေပဲ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) သို့ပေးပို့လျှောက်ထားရမည်။ လျှောက်လွှာများ အနက်မှ ရေးဖြေစာမေးပွဲဝင်ခွင့် ဖြေဆိုရရှိသူများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ၌ ကြေညာပေးမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

 

ရေးဖြေစာမေးပွဲမှာ ၂၀၂၂ ခုနှစ်  နိုဝင်ဘာလ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိဖြစ်ပြီး  မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတဟူ၍ (၃) ဘာသာ ဖြေဆိုရမည်ဖြစ်သည်။

 

လျှောက်လွှာတွင် အောက်ပါအချက်အလက်များကို ပြည့်စုံစွာဖော်ပြရမည် _

 

  • အမည်/ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

  • အသက် / မွေးသက္ကရာဇ် ( ရက်၊လ၊နှစ် )

  • မိဘအမည် နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ်

  • ပညာအရည်အချင်း

  • ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ/ ဖုန်းနံပါတ်

  • ဝန်ထမ်းဖြစ်ပါက လက်ရှိ ရာထူး၊ဌာန

 

လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်

 

  • ဘွဲ့လက်မှတ်မိတ္တူ

  • အခြေခံပညာအထက်တန်းအောင်လက်မှတ် မိတ္တူ

  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းထောက်ခံချက်

  • ပတ်စ်ပို့တ်အရွယ်ရောင်စုံဓာတ်ပုံ(၂) ပုံ (ကျောဘက်တွင် အမည်နှင့်မှတ်ပုံတင်အမှတ်ဖော်ပြရန်)

  • ဌာနဆိုင်ရာဝန်ထမ်းများအတွက် သက်ဆိုင်ရာအကြီးအကဲမှ သင်တန်းတက်ရောက်ခွင့်ရရှိပါက လက်ရှိရာထူးမှ နှုတ်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ထောက်ခံစာမူရင်း 

 

သင်တန်းတက်ရောက်ရန်အတွက် ပညာအရည်ကန့်သတ်ချက် နှင့် လိုအပ်သော အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်ကြသည်

 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်

  • တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူ ဖြစ်ရမည်

  • လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသက် (၂၇) နှစ်အထက် မကျော်လွန်သူဖြစ်ရမည်

  • အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲမှတစ်ဆင့် လျှောက်ထားရမည်

  • သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်

  • သတ်မှတ်သင်တန်းကြေးပေးသွင်းနိုင်ရမည်

  • သင်တန်းအောင်မြင်ပြီးနောက်အစိုးရဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရပါက မည်သည့်ဒေသတွင်မဆို (၃) နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်

  • သင်တန်းတက်ရောက်ခွင့် ရရှိပြီး တက်ရောက်ခွင့်ရ စာရင်းထုတ်ပြန်ပြီးမှ သင်တန်းကို မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းကိုပြီးဆုံးအောင်မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းပြီးဆုံးအောင်မြင်ပြီးနောက် သတ်မှတ်ထားသည့်ကာလအတိုင်း နိုင်ငံ့တာဝန်ကို ဆက်လက်မထမ်းဆောင်လျှင်ဖြစ်စေ၊ သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးဆောင်နိင်ရန် ကတိဝန်ခံစာချုပ် ချုပ်ဆိုနိုင်သူ ဖြစ်ရမည်

  • ဌာနဆိုင်ရာဝန်ထမ်းများအတွက် သက်ဆိုင်ရာအကြီးအကဲမှ သင်တန်းတက်ရောက်ခွင့်ရရှိပါက လက်ရှိရာထူးမှ နှုတ်ထွက်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ထောက်ခံစာမူရင်း တင်ပြရမည်

 

အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ဖုန်းနံပါတ် - ၀၁ ၇၅၇၀၈၄၇ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Local News Latest Post Read 612 times