၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အမျိုးသားယဥ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ မဟာဝိဇ္ဇာတန်း(ပထမနှစ်) သင်တန်းများ တက်ရောက်ရန် လျှောက်လွှာများစတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရှိရသည်။
ဝင်ခွင့်လျှောက်လွှာများကို သင်တန်းရေးရာဌာန၌ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ရယူ၍ နိုဝင်ဘာလ ၄ ရက်နေ့ထိလျှောက်ထားနိုင်သည်။ လျှောက်လွှာတင်သွင်းရာ၌ ဘွဲ့လက်မှတ်မူရင်း နှင့် အမှတ်စာရင်းမူရင်း ပူးတွဲတင်ပြရမည်။
မဟာဝိဇ္ဇာဘွဲ့တန်းအတွက် ပေးအပ်မည့်ဘွဲ့များမှာ မဟာဝိဇ္ဇာဘွဲ့ (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု) ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ကြာမြင့်မည်ဖြစ်သည်။
ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ကြသည်။
ဂီတ၊သဘင်၊ပန်းချီပန်းပုအထူးပြုဘာသာရပ်များဖြင့်ဝိဇ္ဇာဘွဲ့၊ဝိဇ္ဇာဂုဏ်ထူး)ဘွဲ့၊ ဘွဲ့လွန်အနုပညာ၊ ဒီပလိုမာဘွဲ့များ၌ မဟာဝိဇ္ဇာသင်တန်း တက်ရောက်ရန်အဆင့်မီသူ
တက္ကသိုလ်တစ်ခုခုတွင် အသင်တန်းတက်ရောက်နေသူမဖြစ်စေရ
သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းများအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူ
ဝန်ထမ်းဖြစ်ပါကသင်တန်းသို့အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်းသက်ဆိုင်ရာဌာနအကြီးအကဲ၏ခွင့်ပြုချက် ဖူးတွဲတင်ပြရမည်
သင်တန်းဝင်ခွင့်စာမေးပွဲအား အောက်ပါအတိုင်းကျင်းပသွားမည်ဖြစ်သည်။
၁၀-၁၁-၂၀၂၂ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲနှင့် မွန်းလွဲ၊ ၁ နာရီမှ ၄ နာရီအထိ သက်ဆိုင်ရာ အနုပညာဘာသာရပ် ရေးဖြေစာမေးပွဲ
၁၁-၁၁-၂၀၂၂ ရက် နံနက် ၉ နာရီမှ ၄ နာရီထိ သက်ဆိုင်ရာ အနုပညာဘာသာရပ် လူတွေ့နှင့်လက်တွေ့ စစ်ဆေးခြင်း
သင်တန်းဝင်ခွင့် အောင်စာရင်းအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသားယဥ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) သင်တန်းရေးရာဌာနခွဲရှိ ကြော်ညာသင်ပုန်းများတွင် ကြေငြာသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သင်တန်းစတင် ဖွင့်လှစ်မည်ဖြစ်သည်။
အမျိုးသားယဥ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ များသည်မိမိတို့ တာဝန်ထမ်းဆောင်လျက်ရှိသည့် တက္ကသိုလ်၌သာ တက်ရောက်ခွင့် လျှောက်ထားရမည်။
အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက အမျိုးသားယဥ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(မန္တလေး)ဌာနမှူး(သင်တန်းရေးရာဌာန) ဖုန်း-၀၉-၂၅၁၇၆၂၃ မော်ကွန်းထိန်း -၀၈၅-၄၁၈၄၉-၄၀၀၄၇၂ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။