Sales Hotline : 09448001653       Download App



အသက်မွေးဝမ်းကြောင်းပညာ (၃) မျိုးကို အခမဲ့ လေ့ကျင့်သင်ကြားပေးမည်

 

 

Glory Career Training Centre မှ အသက်မွေးပညာ (၃) မျိုးကို သင်တန်းကာလ (၁၂) ပတ်ကြာ အစီအစဥ်ဖြင့် အခမဲ့ လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်သည်။ အဆိုပါသင်တန်းမှာ တတိယမြောက်အကြိမ်အဖြစ် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကြေး အခမဲ့အပြင် အခြားသော ပံ့ပိုးမှုအစီအစဥ်များလည်း ပါဝင်မည်ဖြစ်သည်။ 

 

သင်တန်းမှာ အသက် (၁၈) နှစ်မှ (၄၅) နှစ်ကြား ပညာအရည်အချင်း အနိမ့်ဆုံး အလယ်တန်းအဆင့်ရှိသူ ကျား/မ မရွေး လျှောက်ထားနိုင်သည်။ သင်တန်းတွင် စာတွေ့ (၂၀)ရာခိုင်နှုန်း နှင့် လက်တွေ့ (၈၀) ရာခိုင်နှုန်း စနစ်ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး လက်တွေ့ကို အထူးဦးစားပေးကာ လုပ်ငန်းခွင်ဝင်နိုင်အောင်အထိ သင်ကြားပေးမည်ဖြစ်သည်။ 

 

သင်တန်းပြီးဆုံးပါက စာတွေ့၊ လက်တွေ့ စာမေးပွဲများ ဖြေဆိုရမည်ဖြစ်ပြီးအောင်မြင်ပါက အောင်လတ်မှတ် ရရှိမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများ အနေဖြင့် GLORY Career Training Centre- အခန်း(၃/၄) တတိယထပ် ၊ တိုက် A ၊ ဗိုလ်မြတ်ထွန်းတာဝါ ၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့် ၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ https://forms.gle/8YqpQXqGZW3CX6ZV7 ဖော်ပြပါ Website မှ Online Form  ဖြင့်သော်လည်းကောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ လျှောက်ထားနိုင်သည်။

 

လျှောက်လွှာဖြည့်နည်းအကြောင်း ရှင်းလင်းခြင်း ရုပ်သံဖိုင်ကို မကြာခင်တင်ပေးမည်ဖြစ်ပြီး ထပ်မံသိရှိလိုသည်များမေးမြန်းနိုင်ရန် Live တွေ့ဆုံမှု့ကို (24.9.2022) နေ့တွင် ပြုလုပ်ရန်ရှိပါသည်။ စိတ်ဝင်စားသူများအနေဖြင့် Glory Career Training Centre Facebook  Page ကို Like လုပ်ထားကာ ကြည့်ရှုပါရန် ဖိတ်ခေါ်ထားသည်။ 

 

တက်ရောက်သူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်။ နည်းပညာတက္ကသိုလ်ဆက်တက်ရန် အခက်အခဲရှိသော၊ နည်းပညာကျောင်းပြီးထားပြီး လက်ရှိ အလုပ်အကိုင်မရှိသော "အမျိုးသမီးများ" လျှောက်ထားနိုင်ပါသည်။ နည်းပညာကျောင်း တက်မထားသော်လည်း စက်ပစ္စည်း၊ အပိုပစ္စည်းအရောင်းဆိုင်ဖွင့်လိုသော "အမျိုးသမီးများ" လည်း လျှောက်ထားနိုင်သည်။

 

လျှောက်ထားသူများထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ရွေးချယ်ကာ အင်တာဗျုးဖြေရန် အကြောင်းကြားပါမည်။ ရွေးချယ်ရာတွင် ပညာရပ်ကို စိတ်၀င်စားပြီး အမှန်တကယ် လုပ်ငန်းခွင်ဝင်လိုသူ အမျိုးသမီးများနှင့် ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိနေသူများကို ဉီးစားပေးမည်ဖြစ်ပါသည်။

 

ပို့ချသင်ကြားပေးမည့် သင်တန်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

 

  • Rural Mechanic Course ( ကျေးလက်သုံးအင်ဂျင်၊ စက်အမျိုးမျိုး၊ ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း)

  • House Wiring Course ( အိမ်သုံးလျှပ်စစ်နှင့် ဝါယာရိန်းသင်တန်း )

  • Air Conditioning Installer Course ( အဲယားကွန်း ပြုပြင်တပ်ဆင်ခြင်း သင်တန်း )


သင်တန်းအစီအစဥ်

  • သင်တန်းရက် - တနင်္လာ မှ သောကြာထိ (တစ်ပတ် (5) ရက်)

  • သင်တန်းချိန် - 9 am မှ 4:20pm ထိ (သင်ကြားချိန် တစ်နေ့ (6)နာရီ)

  • သင်တန်းကာလ - (12)ပတ်၊ စုစုပေါင်းသင်ကြားနာရီ (360)

  • လျှောက်လွှာလက်ခံမည့်ရက် - (19.9.22)မှ (1.10.22) ရက်အတွင်း

  • အင်တာဗျုးမည့်ရက် - (3.10.22) မှ (6.10.22) အတွင်း

  • သင်တန်းဖွင့်မည့်ရက် - (17.10.22)

  • လက်ခံမည့်ဉီးရေ - သင်တန်းတစ်မျိုးလျှင် သင်တန်းသား၊သင်တန်းသူ(15) ဉီး

 

သင်တန်းကျောင်းအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ သင်တန်းကျောင်းလိပ်စာ၊ ဖုန်းနံပါတ်၊ Website နှင့် Facebook များတွင် အသေးစိတ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

သင်တန်းကျောင်းလိပ်စာ > အခန်း(၃/၄) တတိယထပ် ၊ တိုက် A ၊ ဗိုလ်မြတ်ထွန်းတာဝါ ၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့် ၊ ရန်ကုန်မြို့။

 

ဖုန်းနံပါတ် > ၀၉ ၅၁၉၇၈၁၇၊ ၀၉ ၇၃၁၂၁၇၁၇

 

Website  >  http://www.glory-education.com/my 

 

Facebook > GLORY Career Training Centre

Local News Read 981 times