Sales Hotline : 09448001653       Download App



သီချင်းလည်းနားထောင် စာလည်းလေ့လာလို့ရမယ့် အကောင်းဆုံးသီချင်း (၁၀) ပုဒ်

 

 

ဘာသာစကားလေ့လာတဲ့ နေရာမှာ နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။ တစ်ရာတည်းမှာ ထိုင်ပြီး လေ့လာတာထက်စာရင် စိတ်လက်ပေါ့ပါးပျော်ရွှင်စရာ ကောင်းတဲ့ နည်းလမ်းတွေက သင့်အတွက်ပိုပြီး အကျိုးရှိစေမှာပါ။ အရင်တစ်ခေါက်က သီချင်းနားထောင်ပြီး အင်္ဂလိပ်စာပါ လေ့လာနိုင်မယ့် နည်းလမ်း (၈) ချက်ကို ဖော်ပြခဲ့ပြီးပြီမို့ လေ့လာပုံ လေ့လာနည်းလေးတွေလည်း သိပြီးကြလောက်ပြီဖြစ်မှာပါ။

 

ဒီတစ်ခါမှာတော့ သီချင်းနားထောင်ပြီး စာလေ့လာမယ်ဆိုရင် နားထောင်သင့်တဲ့ အင်္ဂလိပ်သီချင်းအကောင်းဆုံ (၁၀) ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။


 

Wake me up (Avicii)

 

ထပ်တလဲလဲတင်စားသုံးနှုန်းထားတဲ့ ဥပစာများစွာကို တွေ့ရှိရမှာဖြစ်ပြီး အင်္ဂလိပ်စာကို Advanced Level သင်ယူဖို့ ပြင်ဆင်နေတဲ့သူတွေ အတွက် ကြိမ်ဖန်များစွာ နားထောင်သင့်တဲ့ ရိုးရှင်းပြီးထိရောက်တဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ပါ။

 

Thinking out Loud  (Ed Sheeran)

 

လူတိုင်းလိုလို သိကြမှာပါ။ အရမ်း Sweet ဖြစ်တဲ့ သီချင်းလေးဖြစ်ပြီး ငြိမ့်ငြောင်းတဲ့ တေးသွား၊ အဆိုတော် Ed Sheeran ရဲ့ပေါ်လွင်ပီသတဲ့ အသံထွက်နဲ့ စကားလုံးတစ်လုံးချင်းစီလေ့လာလို့ ရတာကြောင့် နားမထောင်ရသေးရင် ချက်ချင်း နားထောင်ကြည့်လိုက်တော့နော်။

 

Hello (Adele)

 

ကမ္ဘာကျော်အဆိုတော် Adele သီဆိုထားတဲ့ Hello သီချင်းဟာဆိုရင် အင်အားအပြည့်နဲ့ မာန်ပါပါ သီဆိုထားတာကိုတွေ့ရှိရမှာပါ။ Adele ရဲ့ London Accent က သွက်လက်ပေါ့ပါးပြီး လေယူလေသိမ်း၊ စကားလုံးတစ်လုံးချင်စီကို ပီပီပြင်ပြင်ကြားနိုင်တာမို့ အခုမှ အင်္ဂလိပ်စာ စသင်မယ့် သူတွေအတွက်လည်း နားထောင်လို့ အဆင်ပြေစေမယ့် သီချင်းတစ်ပုဒ်ပါ။

 

Someone you loved (Lewis Capaldi)

 

အထက်တန်း၊ အလယ်တန်းကျောင်းသားများအတွက် လေ့လာသင်ယူဖို့ စကားစုများစွာ ပါဝင်တဲ့ အပြင် Idioms တွေပါ တစ်ခါတည်း မှတ်သားလို့ရတဲ့ အသည်းကွဲသီချင်းကောင်းလေး တစ်ပုဒ်ပါ။

 

All of Me (John Legend)

 

All of Me ဟာ ကမ္ဘာကျော်သီချင်းတွေထဲကမှ တစ်ပုဒ်အပါအဝင်ပါ။ “Pin down” “Draw in” ကဲ့သို့သော phrasal verb များကိုလေ့ကျင့်သင်ကြားရန်အတွက် ကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ Idioms နဲ့ Phrasal verbs တွေများစွာပါဝင်တာကြောင့် Upper-intermediate Level လေ့လာနေသူတွေအတွက် သင့်တော်ပါတယ်။

 

Shallow (Lady Gaga & Bradley Cooper)

 

နာမည်ကြီး Musical Movie တစ်ခုဖြစ်သော “A Star is Born” ဇာတ်ကားမှ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ Shallow သီချင်းဟာဆိုရင် Lady Gaga နဲ့ Bradley Cooper တို့ရဲ့ အံ့ဩဖွယ်ရာကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားသင်ယူသူများ အနေနဲ့ ဖြည်းဖြည်းလေးနားထောင်လို့ရတာမို့ Beginners တွေအတွက်အဆင်ပြေပါတယ်။ Vocabulary တွေလည်း အများကြီးပါဝင်ပါတယ်။ 

 

New Rules (Dua Lipa)

 

နာမည်ကြီးအဆိုတော်ချောလေး Dua Lipa သီဆိုထားတဲ့ New Rules သီချင်းဟာဆိုရင် တစ်ခေါက်လောက် နားထောင်ကြည့်ရင်ကို Motivation ရစေမှာပါ။ Slang တွေ၊ negative imperative တွေ၊ အတိုကောက်စာလုံးတွေကို တစ်ဝကြီး လေ့လာလို့ရမယ့် သီချင်းတစ်ပုဒ်ပါ။



 

Love Yourself (Justin Bieber)

 

လူတိုင်းနီးပါးကြားဖူးပြီးသားဖြစ်တဲ့ သီချင်းဖြစ်ပြီး အခက်အခဲရှိတဲ့ ကျောင်းသားတွေအတွက် “Did” “Didn’t”, “Do” “Don’t” တို့ရဲ့ ကွာခြားချက်တွေကို လေ့ကျင့်ဖို့အတွက် ကောင်းမွန်တဲ့ သီချင်းပါပဲ။

 

Just the Way You Are (Bruno Mars)

 

ရိုးရှင်းတဲ့ဝါကျတည်ဆောက်ပုံတွေကိုလေ့လာနိုင်ပြီး ခက်ခဲတဲ့ လေယူလေသိမ်း၊ စကားလုံ၊ ကြိယာများမပါပဲ မြူးကြွတဲ့ တီးလုံးကြောင့် တစ်ခေါက်နားထောင်ပြီးရင် နောက်ထပ် နောက်ထပ် နားထောင်ချင်အောင် ဆွဲဆောင်နိင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်မှာပါ။ 

 

Shake It Off  (Taylor Swift)

 

ဒီသီချင်းကတော့ Intermediate ကျောင်းသားတွေထက် Advanced Level ကိုသွားမယ့် ကျောင်းသားတွေကို ပိုပြီးနားထောင်ပေးဖို့ အကြံပြုထားတာပါ။ သီချင်းလေးကရိုးရှင်းပေမယ့် ဗန်းစကားတွေအများကြီးပါဝင်ပါတယ်။ ESL သင်ယူနေတဲ့ ကျောင်းသားတွေအတွက် နေ့စဥ်လူမှုဘဝတွင် သုံးလေ့ရှိတဲ့ ဝေါဟာရများနှင့် ရင်းနှီးဖို့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။

 

အထက်မှာ ဖော်ပြထားတဲ့ သီချင်းတွေကို နားထောင်ရင်း ဝေါဟာရအသစ်များ နဲ့ သဒ္ဒါအသုံးအနှုန်းများကို လေ့လာသိရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သီချင်းတွေ နားထောင်ရုံနဲ့တော့ သင့်ရဲ့ အင်္ဂလိပ်စာလေ့လာမှုက မလုံလောက်နိုင်ပါဘူး။ သို့သော်လည်း မိခင်ဘာသာစကားမဟုတ်တဲ့ အသစ်တစ်ခုကို ထဲထဲဝင်ဝင် ကျွမ်းကျင်အဆင့်ရောက်သည်အထိ လေ့လာမယ်ဆိုရင်တော့ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေထဲကမှ ပျော်စရာလည်းကောင်းတဲ့ စိတ်အပန်းဖြေရာလည်း ရောက်တဲ့ နည်းလမ်းကောင်းလေးတစ်ခုမို့ အခုလို တင်ပြပေးလိုက်ပါတယ်။ 

 

Knowledge High University / College Read 1135 times