Sales Hotline : 09448001653       Download App



သစ်တော (ရေဆင်း) တက္ကသိုလ်မှ ပထမနှစ်သင်တန်းသားများ စတင်ခေါ်ယူ

 

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသူများအနေဖြင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသော သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း) သို့ အောက်တိုဘာလ ၁၁ ရက်နေ့ (အင်္ဂါနေ့) နောက်ဆုံးထားပြီး ပထမနှစ် လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 

 

ဝင်ခွင့်လျှောက်လွှာများကို မိမိ၏အစီအစဥ်ဖြင့် A4 Size စာရွက်ပေါ်တွင် ကွန်ပြူတာစာစီစာရိုက်ပြုလုပ်၍ သင်တန်းရေးရာဌာန၊ သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။ လျှောက်လွှာနမူနာပုံစံအား အောက်တွင် ဖော်ပြထားသည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သိပ္ပံဘွဲ့ (သစ်တောပညာ)၊ B.Sc (Forestry)၊ (၅) နှစ် သင်တန်းအတွက် အမျိုးသားဦးရေ (၆၄) ဦး နှင့် အမျိုးသမီးဦးရေ (၁၆) ဦး၊ စုစုပေါင်း (၈၀) ဦး လက်ခံခေါ်ယူသွားမည်ဖြစ်သည်။

 

လျှောက်ထားသူသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေ နှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်း ရမှတ် (၃၆၀) မှတ်နှင့်အထက်ရရှိသူဖြစ်ရမည်။

 

တက္ကသိုလ်ဝင်ခွင့်ရရှိပါကသက်ဆိုင်ရာဘာသာရပ်များနှင့်ပတ်သက်၍လက်တွေ့ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့် ပဏာမရွေးချယ်ခံရသူများအနေဖြင့်သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ရေဆင်းတွင်မိုင်(၂၀)လမ်းလျှောက်စွမ်းရည်စစ်ဆေးခြင်းခံယူရမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

 

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ 

         ထောက်ခံချက်(မိတ္တူ) (ကျောင်းအပ်နှံချိန်တွင် မူရင်းတင်ပြရမည်။)

  •  ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် အမှတ်စာရင်း (မိတ္တူ)

         (ကျောင်း အပ်နှံချိန်တွင် မူရင်းတင်ပြရမည်။)

  • ပြစ်မှု ပြစ်ဒဏ်ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း  သက်ဆိုင်ရာရဲစခန်း သို့မဟုတ် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(မူရင်း)

  • လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)နှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသား စိစစ်ရေးကတ် (မိတ္တူ) 

  • လိုင်စင်ဓာတ်ပုံ (၄) ပုံ

  • သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်/ တိုင်းမှ ကျန်းမာကြောင်း ဆေးစစ်ချက် (မူရင်း) နှင့် မျက်စိအရောင်ခွဲခြား နိုင်ခြင်း (Colour Blind) ဆေးစစ်ချက်(မူရင်း)

       စသည်တို့ကို တစ်ပါတည်း ပူးတွဲတင်ပြရမည်။ 

 

ပမာဏရွေးချယ်ခံရသူများစာရင်း နှင့် ကျောင်းဖွင့်မည့် အချိန်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်သည်။အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက ဖုန်း ၀၆၇-၃၄၁၆၅၁၉ သို့မဟုတ် Email လိပ်စာ [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Local News Read 1377 times