Sales Hotline : 09448001653   Find A Tutor     Download App



စားသောက်ဆိုင် နှင့် စိုက်ပျိုးခြံစတင်လုပ်ကိုင်လိုသူများအတွက် အလုပ်သင်ခေါ်ယူခြင်း

 

စိုက်ပျိုးရေး နှင့် ကိုယ်ပိုင်စားသောက်ဆိုင်စတင်လုပ်ကိုင်လိုသူများအတွက် ရန်ကုန်မြို့ရှိ Kokkoya Organics တွင် စိုက်ခင်း/ စားသောက်ဆိုင် နှင့် ဟင်းသီး၊ဟင်းရွက် အရောင်းဆိုင်တွင် အလုပ်သင် (Internship) ၃လ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းမှာ ကိုယ်ပိုင်စားသောက်ဆိုင် နှင့် စိုက်ပျိုးခြံစတင်လုပ်ကိုင်လိုသူများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပြီး ဓာတုကင်းလွတ်စိုက်ပျိုးခြင်း၊ လူမှုရေးရာ ဆက်သွယ်ပြောဆိုခြင်း၊ အခြေခံစာရင်းကိုင်၊ စားသောက်ဆိုင် နှင့် ဟင်းသီး ဟင်းရွက်ဆိုင်စီမံခန့်ခွဲခြင်း အစရှိသည့် အတတ်ပညာတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ 

 

လျှောက်ထားရမည့် လျှောက်လွှာ လင့်ခ်မှာ အောက်ပါအတိုင်းဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ ယခုတစ်ခါ လျှောက်ထားသူများအနက် ရန်ကုန်မြို့မှလွဲ၍ အခြားမြို့နယ် လူငယ်များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။

 

လျှောက်လွှာလင့်ခ် >>>   https://forms.gle/Dm5XKRiavh9VpRzh7

 

အောက်တိုဘာလ ၄ ရက်နေ့တွင် အလုပ်စတင်ဝင်ရောက်ရမည်ဖြစ်သည်။

 

ပေးပို့လျှောက်ထားသူများအနေဖြင့် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

  • အသက် ၂၀ နှစ် မှ ၂၅ နှစ် အတွင်း ဖြစ်ရမည်။

  • ရန်ကုန်မြို့တွင်းနေထိုင်သူများမှလွဲ၍ လျှောက်ထားနိုင်သည်။

  • အသက်မွေးမှု သင်တန်းကြောင်း တတ်မြောက်ပြီး အတွေ့အကြုံရှိသူဖြစ်ရမည်။

  • စိုက်ပျိုးရေး နှင့် စားသောက်ဆိုင်ကို စိတ်ဝင်စားသူဖြစ်ရမည်။

  • အခြေခံ အင်္ဂလိပ်စာ တတ်မြောက်ရမည်။

  • နေစရိတ်/စားစရိတ်ငြိမ်း အပြင် တစ်လကို ထောက်ပံ့ကြေးငွေ ၅၀,၀၀၀/- ကျပ်ရရှိပါမည်။


 

Kokkoya Organics Facebook Page မှတစ်ဆင့် ပြန်လည်ရေးသားဖော်ပြပါသည်။ 

 

မူရင်းလင့်ခ် >>> https://bit.ly/3wYdiTU

 

Local News Read 502 times