Sales Hotline : 09448001653       Download App



အမျိုးသားယဥ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်သို့ ဝင်ခွင့်စတင်လျှောက်ထားနိုင်

 

 

အမျိုးသားယဥ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး)သို့ ပထမနှစ်တတ်ရောက်မည့်သူများ အနေဖြင့်၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ပြီး ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့နောက်ဆုံးထား၍ ရုံးချိန်အတွင်း  လျှောက်လွှာများ စတင်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ | ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သူများသည်အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့လည်းကောင်းလျှောက်ထားတက်ရောက်ကြရမည်ဖြစ်သည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများလျှောက်ထားနိုင်ပြီး လျှောက်ထားမည့် သက်ဆိုင်ရာ အထူးပြုဘာသာရပ် နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျမ်းမာသန်စွမ်းသူ ဖြစ်ရမည်။ အနုပညာဝါသနာပါသူဖြစ်ရမည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်/ပြု/ဧည့်) ကိုင်ဆောင်ထားသူဖြစ်ပြီး မိတ္တူကိုပါ တစ်ပါတည်း ပူးတွဲလျှေက်ထားရမည်။ 

 

လျှောက်လွှာပုံစံများကိုမူအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ရုံးခွဲ)၊ လမ်း ၂၀၊ ၆၅ x ၆၆ ကြား၊ (အမျိုးသားဇာတ်ရုံဝင်း)။ အောင်မြေသာစံမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး၌လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၁/ဈ၊ အောင်ဇေယျလမ်း၊(၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၌လည်းကောင်း ဝယ်ယူ၍လျှောက်ထားနိုင်ပါသည်။

 

လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်းထောက်ခံချက်၊ အမှတ်စာရင်း မူရင်း၊ ပတ်စ်ပို့အရွယ်ဓာတ်ပုံ (၇)ပုံတို့ကိုပါ တစ်ပါတည်းပူးတွဲတင်ပြရမည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီတွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် တက္ကသိုလ်ဝင်ခွင့်ရစာရင်းကို သင်တန်းရေးရာဌာန ကြော်ငြာသင်ပုန်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည် ။၂၀၂၂-၂၀၂၃ တက္ကသိုလ်ပညာသင်နှစ်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

အထူးပြုဘာသာရပ်များကို မိမိတို့ ဝါသနာပါသည့်အတိုင်း အစဥ်လိုက် ဦးစားပေးလျှောက်ထားနိုင်သည်။လျှောက်ထားနိုင်သည့် အထူးပြုဘာသာရပ်များမှာ  အောက်ပါအတိုင်းဖြစ်သည်။

 

အထူးပြုဘာသာ                                     သင်တန်းကာလ                               ဘွဲ့အမည်

 

(က) ဂီတပညာအထူးပြု                              ၄ နှစ်                                  ဝိဇ္ဇာဘွဲ့ (ဂီတ)

(ခ) သဘင်ပညာအထူးပြု                            ၄ နှစ်                                  ဝိဇ္ဇာဘွဲ့ (သဘင်)

(ဂ) ပန်းချီပညာအထူးပြု                             ၄ နှစ်                                   ဝိဇ္ဇာဘွဲ့ (ပန်းချီ)

(ဃ) ပန်းပုပညာအထူးပြု                            ၄ နှစ်                                   ဝိဇ္ဇာဘွဲ့ (ပန်းပု)

(င) ရုပ်ရှင်နှင့်ပြဇာတ်ပညာ                         ၄ နှစ်                              ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်)

      အထူးပြု   

 

 အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ဌာနမှူး(သင်တန်းရေးရာ) ၀၈၅-၂၀၄၀၁၈၄၊ ၀၉-၂၅၀၇၆၂၂၀၃ နှင့် မော်ကွန်းထိန်း ၀၉-၄၀၀၄၀၄၁၇၂နှင့် ရုံးခွဲ-ဖုန်း ၀၉-၄၂၆၆၆၆၇၂ သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ဌာနမှူး(သင်တန်းရေးရာ) ၀၁၃-၅၉၀၂၅၂၊ ၀၉-၄၂၁၀၁၂၈၀၈နှင့် မော်ကွန်းထိန်း ၀၁၃-၅၉၀၂၅၄၊ ၀၉-၇၈၁၈၉၁၈၀ သို့လည်းကောင်း ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

 

Local News Read 1431 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176