Sales Hotline : 09448001653       Download App



စိုက်ပျိုးရေးသိပ္ပံဘွဲ့ ပထမနှစ် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ (၅) နှစ်ကြာတက်ရောက်ရမည် ဖြစ်သော စိုက်ပျိုးရေးသိပ္ပံဘွဲ့အတွက် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရှိရသည်။ 

အဆိုပါဝင်ခွင့်အတွက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းသားဦးရေ အနေဖြင့် အမျိုးသား (၁၅၀) ဦးရေ နှင့် အမျိုးသမီး (၁၅၀) ဦးရေ စုစုပေါင်း (၃၀၀) ဦးလက်ခံမည်ဖြစ်သည်။

လျှောက်လွှာတင်သွင်းရာတွင် အောက်တွင်ဖော်ပြထားသော လျှောက်လွှာပုံစံကို A4 စာရွက်ဆိုဒ်ဖြင့်ကိုယ်တိုင်စာစီစာရိုက် ပြန်စီ၍ဖြစ်စေ www.yau.edu.mm/event website မှ လျှောက်လွှာရယူ၍ဖြစ်စေ စက်တင်ဘာလ ၂၃ ရက် (သောကြာ)နေ့ နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၊ ဇေယျာသီရီမြို့နယ် ၊နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ [email protected] သို့ Scan ဖတ်၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ 

ဝင်ခွင့်လျှောက်ထားသူ၏ လိုအပ်ချက် နှင့် လျှောက်လွှာပါ ပူးတွဲတင်ပြရမည့် အထောက်အထားများမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

      

  • ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

  • ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် (၄၀၀)မှတ် နှင့် အထက်ရရှိသူဖြစ်ရမည်။

  • ကွင်းဆင်းလက်တွေ့လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း နှင့် ကျောင်းအပ်နှံချိန်တွင် သက်ဆိုင်ရာ တက္ကသိုလ်တွင်ရှိ တိုက်နယ်ဆေးရုံ၌ စစ်ဆေးခံရမည်။ 

  • တက္ကသိုလ်မှ ချမှတ်သော စည်းမျဥ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။

  • တက္ကသိုလ်၀င် စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

  • တက္ကသိုလ်ဝင်အမှတ်စာရင်း (မိတ္တူ)

          (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

  • လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစီစစ်ရေးကတ် (မိတ္တူ)

  • လိုင်စင်ဓာတ်ပုံ (၃) ပုံ (ကျောင်းအပ်ချိန်တွင်ပေးရန်)

  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်း (သို့) ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ၏ ထောက်ခံချက်  (မူရင်း) (ကျောင်းအပ်ချိန်တွင်ပေးရန်)

         တို့ဖြစ်ကြသည်။

 

ဝင်ခွင့်ရရှိသူများ စာရင်းကို ကျောင်းဖွင့်ချိန်မတိုင်မီ အချိန်မှီ အသိပေးကြေညာသွားမည်ဖြစ်ပြီး  www.yau.edu.mm/event website တွင်လည်း အသိပေးသွားမည်ဖြစ်ရာ လျှောက်ထားသူများ အနေဖြင့် ရွေးချယ်ခြင်းမခံရပါက နစ်နာမှု မရှိစေရန် အခြားတက္ကသိုလ်များသို့လည်း အချိန်မီ တက်ရောက်နိုင်ရေးအတွက် လျှောက်ထားမှုများ ပြုလုပ်ထားရန် လိုအပ်ပါသည်။

အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက [email protected] သို့လည်းကောင်း ၊ ဖုန်းနံပါတ် - ၀၆၇-၃၄၁၆၅၁ နှင့် ၀၉-၈၉၄၄၁၅၇၉၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ 

 

Local News Read 2027 times