Sales Hotline : 09448001653   Find A Tutor     Download App



သန်လျှင်သမဝါယမ နှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသားများခေါ်ယူ

 

၂၀၂၂ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို ဖြေဆိုအောင်မြင်ပြီးသူများ အနေဖြင့် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၏ လက်အောက်တွင်ရှိသော သန်လျှင်သမဝါယမ နှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်မှ ဖွင့်လှစ်မည်ဖြစ်သော (၄) နှစ်တာ ဘွဲ့သင်တန်းများကို လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ 

လျှောက်လွှာပုံစံများကို ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှစတင်၍ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ Website ဖြစ်သော http://www.mcrd.gov.mm နှင့် သန်လျှင်သမဝါယမ နှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၏ website ဖြစ်သော http://www.tcu.edu.mm တို့မှနေ၍ Download ရယူ၍လည်းကောင်း၊ သန်လျှင်သမဝါယမ နှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် သင်တန်းရေးရာဌာနမှရယူ၍ စာတိုက်မှဖြစ်စေ ၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၏ လက်အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်ရုံးများမှ တစ်ဆင့်ပေးပို့၍ဖြစ်စေ၊ သန်လျှင်သမဝါယမ နှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားရမည်။ 

လျှောက်လွှာနှင့် အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများမှာ -

 

  1. တက္ကသိုလ်၀င်စာမေးပွဲ အောင်လက်မှတ် မိတ္တူ

  2. အမှတ်စာရင်းမူရင်း

  3. ပတ်စပို့ဆိုဒ် ( 1.3” * 1.1”) ဓာတ်ပုံ ၄ ပုံ

  4. နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ 

ဝင်ခွင့်လျှောက်ထားခြင်းအား ဩဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်သည်။ ၀င်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ချက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပြီး လျှောက်ထားသူများ အနက် လက်ခံနိုင်မည့် သတ်မှတ်လူဦးရေ အရေအတွက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အပေါ်မူတည်၍ ရမှတ် အများ အနည်း အလိုက်စီစစ် ရွေးချယ်သွားမည်ဖြစ်သည်။ 

ဝင်ခွင့်ရရှိသူများကို သန်လျှင်သမဝါယမ နှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်တွင် ကြေညာပေးသွားမည်ဖြစ်ပြီး သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ Website ဖြစ်သော http://www.mcrd.gov.mm နှင့် သန်လျှင်သမဝါယမ နှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၏ website ဖြစ်သော http://www.tcu.edu.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

လျှောက်ထားနိုင်မည့် ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည် _

 

  1. စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ)

          B.BSc (Regional Development)

  1. စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင် နှင့် ဘဏ္ဏာရေးပညာ)

          B.BSc (Accounting and Finance)

  1. စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)

          B.BSc (Applied Statistics)

  1. စီးပွားရေးသိပ္ပံဘွဲ့ (စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)

          B.BSc (Marketing Management)

  1. စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်း နှင့် စီမံခန့်ခွဲမှုပညာ)

          B.BSc (Social Enterprise Management)

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

>>>   ၀၉ - ၇၉၅၃၀၀၁၅၁

 

Local News Read 1361 times