Sales Hotline : 09448001653       Download App



ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာလေ့လာနိုင်မယ့် ဇတ်ကားကောင်း (၁၀) ကား

 

ရုပ်ရှင်လို့ပြောလိုက်ရင် ကလေး၊ လူကြီး တော်တော်များများက နှစ်သက်ကြတာကို တွေ့ရှိရမှာပါ။ ရုပ်ရှင်ကြည့်ရင်း အပန်းလည်းပြေ ဗဟုသုတတွေလည်း တိုးပွား အင်္ဂလိပ်စာလည်း လေ့လာလို့ရမယ့် မဖြစ်မနေကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

 

   1. Jurassic Park (1993)

ဟုတ်ပါပြီ ဒီကားလေးကိုတော့ ကလေးလူကြီး မရွေး လူတိုင်းကြည့်ဖူးကြလောက်မှာပါ။ မကြည့်ဘူးရင်တော့ အခုချက်ချင်းကို ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားလို့ပဲ ပြောချင်ပါတယ်။ ဒီကားလေးကတော့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကြည့်လို့ရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပြီး သိပ္ပံ နဲ့ ဆိုင်တဲ့ စကားလုံး အသစ်အဆန်းတွေကို တစ်၀ကြီး လေ့လာလို့ရမှာပါ။ ကလေးရော လူကြီးပါမကျန် ရုပ်ရှင်ကြည့် ပရိသတ်တို့အတွက်လည်း အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်နေမှာပါ။ 


 

    2. Notting Hill (1999)

အကယ်၍ သင်ဟာ အင်္ဂလိပ်စာကို British ဘက်ကိုလေ့လာရမလား American ဘက်ကို လေ့လာရမလား ‌ဝေခွဲမရဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးက ရိုမန်တစ်ဆန်ဆန်လေးနဲ့ ဟာသလေးပါနှောပြီး ဘာသာစကားရဲ့ အငွေ့အသက် ၂ မျိုးစလုံးကို လေ့လာလို့ရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လန်ဒန်မြို့မှာ စာအုပ်အရောင်းဆိုင်ဖွင့်ထားတဲ့ စာပေသမားလေးနဲ့ အမေရိကန်က ရုပ်ရှင်စတား ငွေကြယ်ပွင့် မင်းသမီးလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးပြသထားတာပါ။ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရသလို American ရော British ပါ နှစ်မျိုးစလုံးရဲ့ အသံထွက် လေယူလေသိမ်းတွေကို လေ့လာနိုင်ပါတယ်။




3. Clueless (1995)

          ၁၉၉၀ခုနှစ်ရဲ့ အငွေ့အသက်တွေ အပြည့်နဲ့ အတူ သင့်ရဲ့ ဆယ်ကျော်သက် Retro ဗန်းစကားတွေကို 

            တစ်၀ကြီးလေ့လာရမယ့် နည်းလမ်းကတော့ လော့စ်အိန်ဂျလိစ့်ကျောင်းမှာ ဇာတ်အိမ်တည်ထားတဲ့ 

            Clueless ဆိုတဲ့  ဇာတ်ကားလေးကို ကြည့်ရှုခြင်းပါပဲ။ ၁၉၉၃ - ၁၉၉၆ ခုနှစ်အထင်ရှားဆုံး ဖက်ရှင်

           တွေကိုပါ တစ်၀ကြီးကြည့်ရှုနိုင်သလို သူ့ခေတ်သူ့အခါက အတော်နာမည်ကြီးခဲ့တဲ့ ဗန်းစကား 

           တွေကိုလည်း လေ့လာခွင့်ရမှာ။ 

           

  4. The Hunger Games ( 2012 )

အမေရိကန်လေယူလေသိမ်းက နားလည်ရလွယ်ကူပါသလား။ ဂျနီဖာလောရင့်စ် ရဲ့ လေယူလေသိမ်း တွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ပါ။ စစ်ပွဲတွေ ၊ တိုက်ရခိုက်ရတာတွေ ၊ Sci-Fi သိပ္ပံဇာတ်လမ်းတွေ ၊ Survival ဇာတ်လမ်းတွေကိုမှ နှစ်သက်ပြီး အမေရိကန် လေယူလေသိမ်း တွေကို လေ့လာခွင့်ရချင်တယ်ဆိုရင်တော့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။



 

   5. The King’s Speech ( 2010 )

သက်တော်ရှည်ဘုရင်မကြီး အဲလိဇဘတ်ရဲ့ ဖခင် ဘုရင် George VI ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဘုရင်တစ်ပါးဖြစ်ပါရက်နဲ့ လူအများရှေ့ ပြည်သူပြည်သားတွေ ရှေ့မှာ မိန့်ခွန်း ပြောဖို့ကို သူ့ရဲ့ စကားထစ်နေတဲ့

အားနည်းချက်ကြောင့် ဘယ်လိုအခက်အခဲ ၊ ဘယ်လိုဖိအားတွေ ရင်ဆိုင်ရတယ် အဲဒီ အခက်အခဲတွေကို ဘယ်လိုကြိုးစားပြီး  ဖြတ်သန်းခဲ့ရတယ်ဆိုတာကို ဒီကားလေးမှာ တွေ့မြင်ရမှာပါ။ ကြည့်ရှုသူတွေအဖို့ ဘ၀မှာ

အခက်အခဲတွေကြုံလာရင် ဘယ်လို ဘယ်ပုံ စိတ်ထားပြီး ကျော်ဖြတ်ရမယ်   ဆိုတာ မှတ်သားခွင့်ရသလို

ဗြိတိန်လူမျိုးတွေရဲ့ အသံထွက် လေယူ ၊ လေသိမ်းတွေကိုပါ ကောင်းကောင်း လေ့လာခွင့်ရမှာပါ။






   6. The Queen ( 2006 )

မင်းသမီး ဒိုင်ယာနာ သေဆုံးမှု နှင့် ပတ်သက်ပြီး ဗြိတိန်တော်၀င်မိသားစု၏ တုံ့ပြန်ပုံကို အခြေခံပြီး

ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသမီးချော ဟယ်လန်မီရန် ရဲ့ ကောင်းမွန်လှတဲ့ သရုပ်ဆောင်ချက် တော်၀င်တဲ့ အလှအပ တွေကို မြင်တွေ့ရမှာ ဖြစ်သလို ဗြိတိန်  လေသံစစ်စစ်ကိုမှ

ကြိုက်နှစ်သက်တဲ့ သူတွေအတွက် တစ်၀ကြီးလေ့လာခွင့်ရမယ့် ဇာတ်ကားကောင်း   တစ်ကားပဲဖြစ်ပါတယ်။

 

   7.The Wizard of OZ ( 1939 )

ကမ္ဘာ့အကျော်ကြားဆုံးနှင့် အထင်ကရရုပ်ရှင်များထဲမှတစ်ခုဖြစ်သည့် The Wizard of Oz ရုပ်ရှင်ဇာတ်ကားဟာ သင့်ဘ၀မှာ တစ်ခါမှ ဒီလိုဇာတ်ကားမျိုး မကြည့်ဖူးဘူးဟု ပြောလို့ရလောက်တဲ့   ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ ဒေါ်ရိုသီလို့ခေါ်တဲ့ ကလေးမလေး တစ်ဦးကို ကယ်တင်ရန် ရည်ရွယ်၍ မှော်လောကထဲသို့ ပိုဆောင်ပေးသော ဇာတ်လမ်းမျိုးကို တွေ့မြင်ရမှာ ဖြစ်ပြီး အင်္ဂလိပ်သီချင်းကောင်းတွေကိုလည်း တစ်၀ကြီး နားဆင်လေ့လာရမှာပါ။




 

 

  8. Men in Black ( 1997 )

ဒီကားလေးကတော့ အချိတ်အဆက်မိမိ နဲ့ နားလည်ရလွယ်ကူပြီး ရယ်မောပျော်ရွှင်စွာ ကြည့်ရှု နိုင်မယ့် ဟာသ ၊ အက်ရှင် ၊ Sci-Fi သိပ္ပံဇာတ်ကားလေးပါ။ ဒီကားမှာ ဆိုရင်တော့ ကမ္ဘာကျော် နာမည်ကြီး မင်းသား ၀ီလီစမစ်ရဲ့ ကြည်လင်ပြတ်သား ရိုးရှင်းတဲ့ စကားပြောတွေကို လေ့လာခွင့်ရမှာ ဖြစ်ပြီး ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး နဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။





   9. The Babadook ( 2014 )

 

ဒီ ဩစတြေးလျ ထိတ်လန့် ရင်ဖိုဇာတ်ကား Babadook ကိုတော့ သူတစ်သက်တာ ကြည့်ဖူးသမျှ Horror ရုပ်ရှင် ဇာတ်ကားများထဲမှာ  ‌ကြောက်စရာ အကောင်းဆုံး ဇာတ်ကားပဲဖြစ်တယ်လို့ အော်စကာဆုရှင် ဒါရိုက်တာ ဝီလျံဖရိုင်ကင်ကတောင် ပြောကြားထားတာပါ။ ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ထဲက မိစ္ဆာတစ်ကောင်ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး တစ်ကားလုံးမှာတော့ ဩစတြေးလျ လေယူလေသိမ်း နှင့် စကားပြောများကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။

 

   10. Black Sheep ( 2006 )

 

 ထိတ်လန့်ဖွယ်ရာ ဟာသဇာတ်မြူးကားများကြောင့် နယူးဇီလန်နိုင်ငံက ဇာတ်ကားများဟာဆိုရင်လူသိများပြီး

နာမည်ကျော်ကြားတာပါ။ ဒီကားဟာဆိုရင်လည်း နယူးဇီလန် နိုင်ငံမှ အကောင်းဆုံး ဇာတ်ကားတွေထဲကမှ

တစ်ကားအပါအ၀င် ဖြစ်ပြီး Horror နဲ့ Comedy ကိုရောနှော တင်ဆက် ထားတာပါ။ ထူးဆန်းပြီး ကြောက်မက် ဖွယ်ကောင်းတဲ့ သိုးအုပ်ကြီး တစ်အုပ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး မြင်တွေ တွေ့နေကြ ဇာတ်ကားတွေထဲက ကွဲထွက်နေတဲ့ အပြင် နယူးဇီလန် နိုင်ငံသားတွေ ရဲ့ စကားပြေ ၊ လေယူလေသိမ်း ၊ နိုင်ငံရဲ့ ကျေးလက်ဒေသတွေက စိုက်ပျိုးမွေးမြူရေး ၊     ယဥ်ကျေးမှုတွေကို တစ်၀ကြီး လေ့လာရမှာပါ။ 

Knowledge University / College High Read 1640 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176