Sales Hotline : 09448001653       Download App



အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ နည်းပြ/ သရုပ်ပြများ ခေါ်ယူ

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် အသက် (၃၅) နှစ် အထက် မကျော်လွန်သော သူများအနေဖြင့် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာ တက္ကသိုလ်များတွင် လစ်လပ်ရာထူးများဖြစ်သော နည်းပြ/ သရုပ်ပြရာထူးများ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

လျှောက်ထားလိုသူများသည် အနည်းဆုံး လုပ်သက် (၃) နှစ် တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်။ လျှောက်လွှာပုံစံများကို မိမိတို့ တာဝန်ထမ်းဆောင်လိုသော တက္ကသိုလ်များတွင် အခမဲ့ ရယူနိုင်ပြီး ဩဂုတ်လ ၂၉ ရက်နေ့ (တနလ်ာနေ့) နောက်ဆုံးထားပြီး တိုက်ရိုက်တင်သွင်း လျှောက်ထားနိုင်သည်။

 

 

လိုအပ်သော အထောက်အထားများ
=====================
အစိုးရဝန်ထမ်းဖြစ်ပါက မိမိ၏သက်ဆိုင်ရာ ဌာနအကြီးအကဲခွင့်ပြုချက်ပါရှိသည့် လျှောက်လွှာကို မိမိတာဝန်ထမ်းဆောင်သည့် ဝန်ကြီးဌာနမှ တစ်ဆင့် ဝန်ကြီးရုံး၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ရုံးအမှတ် (၂၁) သို့ လိပ်မူ၍ အဆင့်မြင့် သိပ္ပံ နှင့် နည်းပညာ ဦးစီးဌာနသို့ မိတ္တူဖြင့် ဩဂုတ်လ ၂၉ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားပေးရမည်။

 

  • လိုင်စင်ဓာတ်ပုံ (၂) ပုံ
  • ဘွဲ့လက်မှတ် ထောက်ခံစာ (မိတ္တူ)
  • တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မိတ္တူ)
  • နိုင်ငံသားစစ်ဆေးရေး ကတ်ပြား  (မိတ္တူ)
  • ကျန်းမာရေး ကောင်းမွန်‌ကြောင်း ထောက်ခံစာ (မူရင်း)
  • အလုပ်သမားမှတ်ပုံတင် ကတ်ပြား (မိတ္တူ)
  • အိမ်ထောင်စုစာရင်း (မိတ္တူ)
  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ရဲစခန်းမှ ထောက်ခံစာ (မူရင်း)

 

အရည်အချင်းပြည့်မှီသော လျှောက်ထားသူများသည် မိမိတို့ လျှောက်လွှာတင်ခဲ့သည့် သက်ဆိုင်ရာ ရေးဖြေစာမေးပွဲ နှင့် လူတွေ့စာမေးပွဲကို ဖြေဆိုရန်လိုအပ်ပြီး ပါရဂူဘွဲ့ ရရှိပြီးသော သူများမှာမူ လူတွေ့စာမေးပွဲကိုသာ ဖြေဆိုရန် လိုအပ်သည်။

 

ဖြေဆိုခွင့်ရရှိသူများအား မိမိလျှောက်ထားသော သက်ဆိုင်ရာ တက္ကသိုလ်များတွင် အမည်စာရင်း ကြေညာပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့် ကတ်ပြားများကို ဩဂုတ်လ ၃၁ ရက်နေ့တွင် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်၍ နိုင်ငံသားစီစစ်ရေး ကတ်ပြား နှင့် အတူ
လူကိုယ်တိုင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

 

လူတွေ့စာမေးပွဲများကို စက်တင်ဘာ ၂ ရက်နေ့၌ သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကျင်းပမည်ဖြစ်ပြီး
ရေးဖြေစာမေးပွဲ   အချိန်စာရင်း၊     လျှောက်ထားနိုင်သည့်      တက္ကသိုလ်များ၊     ဘာသာရပ်များ၊     ပညာအရည်အချင်း    လိုအပ်ချက်များကိုမူ     အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

 

အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၄၆၄၆ နှင့် ၀၆၇-၃၄၀၄၆၄၇ သို့ ဆက်သွယ်၍ဖြစ်စေ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၊ အဆင့်မြင့် သိပ္ပံ နှင့် နည်းပညာ ဦးစီးဌာန၊ အုပ်ချုပ်မှု နှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး ဌာနခွဲ ၊ ရုံးအမှတ် (၂၁) ၊ နေပြည်တော်သို့ လူကိုယ်တိုင် ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

 

 

 

 

 

 

Local News Read 1327 times