Sales Hotline : 09448001653       Download App



ကလေးငယ်များ၏ သင်ယူလေ့လာမှု နည်းနာ (၄) မျိုး

ကျောင်းနေအရွယ် ပညာသင်ချိန်ကို   ရောက်ရှိလာတဲ့   ကလေးငယ်တိုင်းအတွက်    သင်ကြားမှုပုံစံ၊ ကလေးငယ်များ      နှင့်     ချိတ်ဆက်မှုပုံစံ၊      ကလေးငယ်များ၏   သင်ယူလေ့လာမှုပုံစံများက အကောင်းဆုံးဖြစ်မှသာ ပညာရေးအတွက်  များစွာ     အထောက်အကူ      ဖြစ်စေနိုင်မှာပါ။ 

ဒါကြောင့်    လေ့လာသင်ယူရမယ့်     ကလေးငယ်များသာမကပဲ     မိဘ  ဆရာများကလည်း မိမိတို့နဲ့ အနီးကပ်ထိတွေ့ရမယ့်     ကလေးများရဲ့      လေ့လာသင်ယူမှု    နည်းလမ်း၊   ပုံစံများကို သိရှိထားဖို့ရာ အထူးပင်လိုအပ်လှပါတယ်။

 

ယခုအခါမှာတော့     မတူညီတဲ့ပတ်၀န်းကျင်    အမျိုးမျိုးမှ ကလေးငယ်များရဲ့    သင်ယူလေ့လာနိုင်ပုံ (၄) မျိုး   အကြောင်းကို     ဖော်ပြပေးမှာပဲဖြစ်ပါတယ်။  ဒါ့အပြင် ကလေးတစ်ယောက်ချင်း စီမှာလည်း မတူညီတဲ့ သင်ကြားမှုပုံစံ     တစ်မျိုးထက်မက    ရှိနိုင်ပါတယ်။ 




Visual Learners 

===============

 

Visual Learners    လေးတွေကတော့    သူတို့လေးတွေရဲ့     မြင်နိုင်စွမ်းမှ တစ်ဆင့် လေ့လာသင်ယူကြပါတယ်။    သူတို့လေးတွေကတော့    အကြောင်းအရာတွေ    အပြုအမူတွေ နေထိုင်သွားလာ     လှုပ်ရှားမှုတွေကို သူတို့     မြင်နေတွေ့နေရတဲ့    မိဘတွေ ၊   ဆရာတွေရဲ့ ကိုယ်လက်အမူအရာ၊    လှုပ်ရှားမှု၊      မျက်နှာအမူအရာတွေကနေ      သင်ယူလေ့လာကြပါတယ်။ သူတို့လေးတွေမှာတော့      ကောင်းမွန်တဲ့     စိတ်ကူးစိတ်သန်းတွေရှိကြပြီး     သရုပ်ဖော်ပုံလေးတွေ ရုပ်ပုံကားချပ်လေးတွေ      ဓာတ်ပုံလေးတွေပါတဲ့       စာအုပ်လေးတွေကနေ      လေ့လာရတာကို ကြိုက်နှစ်သက်ကြပါတယ်။      ပတ်ဝန်းကျင်ကနေတစ်ဆင့်       လေ့လာရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။    စာသင်ခန်းထဲမှာ     ဆူဆူညံညံလှုပ်ရှားနေတာမျိုး       ဆိုရင်တော့ သူတို့အတွက် စိတ်အနှောင့်အယှက်       ဖြစ်စေနိုင်ပါတယ်။ သူတို့လေးတွေကို    စာသင်ကြားပေးမယ် ဆိုရင်တော့      သရုပ်ပြပုံကောင်းကောင်းနဲ့     သင်ကြားပေးပါ။   အရောင်စုံသင်ရိုး စာအုပ်လေးတွေကို     အသုံးပြုပါ။     သက်ေတနဲ့    ရုပ်ပုံကားချပ်လေးတွေကို      ဆွဲပြီး လေ့ကျင့်ပေးပါ။      သင်ကြားရေး     အထောက်အကူပြု    ရုပ်ပုံကားချပ်လေးများကိုလည်း အသုံးပြုပြီး သင်ကြားပေးလို့ရပါတယ်။

 

Auditory Learners

=================

 

Auditory Learners လေးတွေကတော့ စိတ်၀င်စားစရာ အကြောင်းအရာမျိုးသူတို့‌‌‌ရှေ့ပြောပြီဆို ပြောသမျှကို မမေ့မလျော့ အကုန်နီးပါး မှတ်ထားနိုင်ပြီး အကြားစွမ်းရည်မှာ ပါရမီထူးချွန်သူလေးတွေပဲဖြစ်ပါတယ်။ စကားနဲ့ပြောဆို ဆက်သွယ်ခြင်းက သူတို့လေးတွေအတွက် အကြောင်းအရာ အချက်အလက်တွေကို ပိုမိုမှတ်မိစေနိုင်ပါတယ်။ ဆူဆူညံညံပတ်၀န်းကျင်ကတော့ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်ကတော့ သူတို့အတွက် သင်ယူလေ့လာဖို့အကောင်းဆုံးနေရာပါပဲ။ သူတို့လေးတွေကိုစာသင်ပေးမယ်ဆိုရင်တော့ တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်မှာ သင်ယူစေတာမျိုးတို့ စကားလုံးအသစ်တွေအတွက် ရုပ်ပုံကားချပ်တွေ အသုံးပြုပြီး အသံကျယ်ကျယ်နဲ့ထွက်ဖတ်တာတို့ စကားလုံးလေးတွေကို အသံသွင်းခိုင်းပြီး ပြန်နားထောင်စေတာတို့က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။




Tactile Learners

===============

 

Tactile Learners လေးတွေကတော့ တစ်ခုခုဆို ချရေးမှ မှတ်မိသူတွေဖြစ်ပြီး သူတို့ကိုယ်တိုင် ပါ၀င်ပြုလုပ်ရတဲ့ လုပ်ဆောင်ချက်လေးတွေ ကစားနည်းလေးတွေကို ပိုမိုနှစ်သက်သူမျိုးတွေပါ။ ကျောင်းစာသင်ကြားရာမှာလည်း စိတ်၀င်စားလွယ်သူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့မှတ်ဉာဏ်လေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် ပန်းချီဆွဲရတာ ၊ စာရွက်ပေါ်မှာရေးခြစ်ရတာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ သူတို့လေးတွေကို စာသင်ကြားပေးမယ်ဆိုရင်တော့ စာကို တောက်လျှောက်ကြီး သင်တာမျိုး မဟုတ်ပဲ ကစားနည်းလေးတွေ ၊ ပဟေဠိလေးတွေနဲ့ ညှပ်ပြီး သင်ကြားပေးတာမျိုးက ပိုမိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ သင်ခန်းစာနဲ့ ပတ်သက်ကြီး သရုပ်ဖော်စေတာ လက်တွေ့လုပ်ဆောင်စေတာမျိုးကလည်း အထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့်တော့ သူတို့လေးတွေအတွက်က စိတ်ရှည်လက်ရှည်နဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး အချိန်ခွဲသင်ပေးတာ အကောင်းဆုံးပါပဲ။




Kinesthetic Learners

=================

 

သူတို့လေးတွေကတော့ လှုပ်ရှားမှုနဲ့ လုပ်ဆောင်ချက်တွေကနေ သင်ယူလေ့လာကြသူတွေပါ။ သူတို့လေးတွေက တစ်နေရာတည်းမှာ လုံး၀ငြိမ်သက်ပြီး မနေနိုင်ပဲ တက်တက်ကြွကြွ လှုပ်ရှားနေရမှ ကျေနပ်နိုင်တဲ့သူမျိုးတွေပါ။ အာရုံတစ်ခုတည်းမှာ အကြာကြီးထားခိုင်းလို့မရပဲ တစ်ခုပြီးတစ်ခုပြောင်းလုပ်နေရတာကို ကြိုက်နှစ်သက်တဲ့သူမျိုးတွေပါ။ သူတို့လေးတွေကို တက်တက်ကြွကြွနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါ၀င်လှုပ်ရှားခိုင်းလို့ရတဲ့ သင်ကြားမှုပုံမျိုးနဲ့ကိုင်တွယ်မှသာ သူတို့ရဲ့စိတ်၀င်စားမှုကို အပြည့်အ၀ ရရှိစေမှာပါ။ သူတို့လေးတွေက ဖန်တီးမှုအားကောင်းသလို ဉာဏ်ရည်လည်း ကောင်းကြတဲ့ အတွက် နှုတ်တိုက်အလွတ်ရေးနည်း စနစ်တွေက သူတို့အတွက်တော့ အဆင်မပြေလှပါဘူး။ တွန်းအားလည်း အရမ်းကြီး သွားပေးလို့မရတဲ့ သူမျိုးတွေပါ။ သင်ခန်းစာ နဲ့ အတူ လုပ်ဆောင်ချက်လေးတွေ ကစားနည်းလေးတွေနဲ့ တွဲသင်မယ်ဆိုရင်တော့ စာသင်တဲ့ အခါမှာ ပျော်ရွှင်လာပါလိမ့်မယ်။


မိဘနဲ့  ဆရာ/ဆရာမဆိုတာက    ကလေးတွေရဲ့    ငယ်ရွယ်စဥ်ဘ၀မှာ  လွှမ်းမိုးနိုင်မှုအားအကောင်းဆုံး

သူတွေပါပဲ။ ကလေးငယ်တစ်ဦး တိုးတက်လာဖို့အတွက် ဘယ်လိုဘယ်ပုံသင်ကြားရမယ်ဆိုတာ အထူးနားလည်  သဘောပေါက်ထားဖို့လိုအပ်လှပါတယ်။   ဒါကြောင့် မိဘတွေ၊  ဆရာ     ၊ဆရာမတွေ 

အနေနဲ့ ကလေးတစ်ဦးချင်းစီရဲ့ သင်ယူနိုင်မှုပုံစံကို သိရှိပြီး ကိုက်ညီတဲ့ နည်းလမ်းကို အသုံးပြုနိုင်မယ်ဆိုရင် ကျောင်းစာတွေတင် မကပဲ ကလေးငယ်ရဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုပါ အများကြီးပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။


 

 

Source From >>>>

Google &  abilitypath.org











 

Primary Read 2737 times