Sales Hotline : 09448001653       Download App



မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ (၂)နှစ်သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း


တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)မှ တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M) ရရှိထားပြီး ကျောင်းသူကျောင်းသားများအတွက် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (၂)နှစ်သင်တန်းသို့ သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ရန် ကြေညာခဲ့ပါသည်။

လျှောက်လွှာပိတ်ရက်မှာ 26.8.2022 ဖြစ်ပြီး၊ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက (၅)နှစ်ဆက်တိုက် ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

 



လျှောက်လွှာများကို တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးခန်းများနှင့် ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီးတို့တွင် ရယူနိုင်ပါသည်။

လျှောက်လွှာမျိားကို တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ ဘွဲ့လွန်စာမေးပွဲဌာနသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်ရေးဖြေစာမေးပွဲကို 30.9.2022ရက် (သောကြာ)နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။

လျှောက်လွှာနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို သိရှိလိုပါလျှင် တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့လွန်စာမေးပွဲဌာနနှင့်မော်ကွန်းထိန်းရုံးခန်း (02-4075692၊ 02-4066100) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများကို ဖတ်ရှုလိုပါလျှင် - 
>>> www.edge.com.mm

Local News Read 1089 times