Sales Hotline : 09448001653       Download App



မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့( ပေါင်းကူး) (၂)နှစ်သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

 

တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)မှ တိုင်းရင်းဆေးဒီပလိုမာအောင်မြင်ပြီး ကျောင်းသူကျောင်းသားများအတွက် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး) (၂)နှစ်သင်တန်းသို့ သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ရန် ကြေညာခဲ့ပါသည်။

လျှောက်လွှာပိတ်ရက်မှာ 26.8.2022 ဖြစ်ပြီး၊ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက (၅)နှစ်ဆက်တိုက် ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

 

 

လျှောက်လွှာမျိားကို တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ ဘွဲ့လွန်စာမေးပွဲဌာနသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်ရေးဖြေစာမေးပွဲကို 30.9.2022ရက် (သောကြာ)နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။

လျှောက်လွှာနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို သိရှိလိုပါလျှင် တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့လွန်စာမေးပွဲဌာနနှင့်မော်ကွန်းထိန်းရုံးခန်း (02-4075692၊ 02-4066100) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

Local News Read 481 times