Sales Hotline : 09448001653       Download App



ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ တက္ကသိုလ်များရှိ လစ်လပ်နေရာများသို့ တက်ရောက်နိုင်သူများစာရင်း

 

ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာ တက္ကသိုလ်များရှိ ပထမနှစ်(5/2022) သင်တန်းလစ်လပ်နေရာများသို့ တက္ကသိုလ်ပြောင်းရွှေ့တက်ရောက် ပညာသင်ကြားခွင့်ရသည့် ကျောင်းသူကျောင်းသားများစာရင်း ထုတ်ပြန်ကြေငြာခြင်း

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ 2020 ပြည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာ တက္ကသိုလ်များရှိ ပထမနှစ်(5/2022) သင်တန်းလစ်လပ်နေရာများသို့ တက္ကသိုလ်ပြောင်းရွှေ့တက်ရောက် ပညာသင်ကြားခွင့်ရသည့် ကျောင်းသူကျောင်းသားများစာရင်းကို သြဂုတ်လ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

 

တက္ကသိုလ်ပြောင်းရွှေ့ပညာသင်ကြားခွင့်ရသည့် ကျောင်းသူကျောင်းသားများအနေဖြင့် (3-8.2022) မှ ကျောင်းစတင် အပ်နှံနိုင်ပြီး ဖောင်ပိတ်ရက်မှာ (12.8.2022) ဖြစ်ပါသည်။

တက်ရောက်ခွင့်ရောက်သည့် ကျောင်းသူကျောင်းသားများမှာ - 
ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် (65)ဦး
ဆေးတက္ကသိုလ် မန္တလေးတွင် (74)ဦး
ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် (46)ဦး
ဆေးတက္ကသိုလ် မကွေးတွင် (21)ဦး
ဆေးတက္ကသိုလ် တောင်ကြီးတွင် (5)ဦး
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်တွင် (43)ဦး
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ မန္တလေးတွင် (52)ဦး . . . စုစုပေါင်း (306)ဦး ဖြစ်ပါသည်။

.
တက်ရောက်ခွင့်ရသည့် ကျောင်းသူကျောင်းသားများစာရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

 

အခြားသောစိတ်ဝင်စားဖွယ်ဆောင်းပါးများကို ဖတ်ရှုလိုပါလျှင် 
>>> www.edge.com.mm
>>> https://bit.ly/3OVlV7S

Knowledge Latest Post Read 1109 times