Sales Hotline : 09448001653       Download App



အမေရိကန် နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်များမှ အခမဲ့သင်ကြားပို့ချပေးနေတဲ့ အင်္ဂလိပ်စာ သင်တန်းများ

အမေရိကန် နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်များမှ အခမဲ့သင်ကြားပို့ချပေးနေတဲ့ အင်္ဂလိပ်စာ သင်တန်းများ

 

စဉ်ဆက်မပြတ် လေ့လာလိုသူတွေအတွက်ဆို Coursera ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ပညာ့ဘဏ်တိုက်ကြီးပါ။

 

ဒီ Website ထဲမှာဆိုရင် နိုင်ငံတကာက ပညာရှင်တွေကိုယ်တိုင် သင်ကြားပို့ချထားတဲ့ ဘာသာရပ်အလိုက် သင်ခန်းစာအစုံကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။

 

ခု ဖော်ပြပေးမှာကတော့ လက်မလွှတ်သင့်တဲ့ အမေရိကန် နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်များမှ အခမဲ့သင်ကြားပို့ချပေးနေတဲ့ Coursera မှ အင်္ဂလိပ်စာ သင်တန်းများ ဖြစ်ပါတယ်။

 

(၁) Lesson | Small Talk & Conversational Vocabulary
ပရော်ဖက်ရှင်နယ်ကျကျ အင်္ဂလိပ်စကားပြောတတ်ချင်တယ်၊ ဝေါဟာရကြွယ်ကြွယ်နဲ့ စကားပြောတတ်ချင်တယ်ဆိုရင်တော့ "Georgia Institute of Technology" က ပို့ချတဲ့ ဒီသင်ခန်းစာလေးကို တက်ရောက်သင့်တယ်နော်။

>>> https://bit.ly/3Kqgi0s

(၂) English and Academic Preparation - Pre-Collegiate
နိုင်ငံတကာက ကျောင်းသားများရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို အားကောင်းစေဖို့နဲ့ အမေရိကန်တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ကြိုဘာသာရပ်များ တက်ရောက်ချင်တယ်ဆိုရင်တော့ "Rice University" ကဖွင့်လှစ်တဲ့ ဒီသင်ခန်းစာလေးက အထောက်အကူဖြစ်မှာပါ။

ဒီသင်ခန်းစာမှာဆိုရင်တော့ 
•    Listening, Speaking, and Critical Thinking
•    Writer’s Workshop
•    Reading and Note-taking
•    Capstone Project . . . . အစရှိတဲ့ Modules (၄)ခု ပါဝင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link လေးကိုနှိပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်။

>>> https://bit.ly/3ryBCs0

(၃) Writing in English at University
အခြေခံကျကျ အင်္ဂလိပ်စာ ရေးနည်းတွေကို အဆင့်မြင့်မြင့် လေ့လာချင်တယ်ဆိုရင်၊ အင်္ဂလိပ်စာ အရေးအသားကောင်းချင်တဲ့သူတွေ တက်ရောက်သင့်တာကတော့ "Lund University" က သင်ကြားပို့ချပေးမယ့် "Writing in English at University" သင်ခန်းစာလေးပဲဖြစ်ပါတယ်။

>>> https://bit.ly/3ruVAnz

(၄) English Composition I
မကြာခင်မှာ ကောလိပ်တက်ရောက်တော့မယ့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင့်မြင့် စာရေးသားခြင်း၊ အခြားသူများနှင့် နှီးနှောတိုင်ပင်ခြင်း၊ စာဖတ်ခြင်းတွေ တိုးတက်ချင်တယ်ဆိုရင်တော့ "Duke University" က ပို့ချတဲ့ ခုသင်ခန်းစာလေးကို Join ဖို့ အကြံပေးချင်ပါတယ်။

ဒီသင်ခန်းစာမှာဆိုရင်တော့ - 
•    Summarize, analyze, question, and evaluate written and visual texts
•    Argue and support a position
•    Recognize audience and disciplinary expectations
•    Identify and use the stages of the writing process
•    Identify characteristics of effective prose
•    Apply proper citation practices
•    Discuss applying your writing knowledge to other writing occasions . . .  .အစရှိတဲ့ သင်ခန်းစာတွေ ပါဝင်မှာဖြစ်ပါတယ်။

>>> https://bit.ly/3fDWqcc

(၅) Lesson | Express Yourself: Pronunciation
အင်္ဂလိပ်စကားပြောဆိုတဲ့အခါမှာ အသံထွက်မှန်ကန်စေဖို့ရာ "Georgia Institute of Technology" က ပို့ချတဲ့ ဒီသင်တန်းလေးကို Join ဖို့ အကြံပြုပါရစေ။

>>> https://bit.ly/3Ic8JbQ

(၆) Writing your World: Finding yourself in the academic space
ပညာရေးနယ်ပယ်မှာ အရေးကြီးတဲ့ စာစီစာကုံးဘယ်လိုရေးသားရမယ်ဆိုတာကို လက်တွေ့ထိုးထွင်းသိမြင်နိုင်စေဖို့ ၊ Essay ကောင်းကောင်းလေးတွေ ရေးနိုင်ဖို့နဲ့ Writing Skills တိုးတက်ချင်တယ်ဆိုရင် "University of Cape Town" က ပို့ချမယ့် ဒီသင်ခန်းစာလေးက သင့်တော်ပါတယ်။

>>> https://bit.ly/3FKdGXI

(၇) Lesson | Business English Skills: How to Write Effective Openings and Closings to Emails
Business English Skills တိုးတက်စေဖို့ရာ "University of Washington" က ပို့ချတယ့် ဒီသင်တန်းလေးကို ညွှန်းချင်ပါတယ်။ ဒီသင်ခန်းစာပြီးဆုံးသွားချိန်မှာတော့ - 
- Write effective sentences to begin an email
- Write friendly, closing sentences တွေ တိုးတက်နေတယ်ဆိုတာ သင်ကိုယ်တိုင် သိမြင်ခံစားရမှာပါ။

>>> https://bit.ly/3GL6hsK

(၈) English for Business and Entrepreneurship
"University of Pennsylvania" ကသင်ကြားပို့ချမယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အင်္ဂလိပ်စာ သင်ခန်းစာ ဖြစ်ပါတယ်။ ဒီသင်တန်းအပြီးမှာတော့ သင့်အနေနဲ့ 
- Business Plan
- Market Research
- English Language
- Entrepreneurship စတာတွေကို သင်ကြားတတ်မြောက်မှာပဲဖြစ်ပါတယ်။
>>> https://bit.ly/355fdLx

(၉) Preparing for Graduate Study in the U.S.: A course for international students
US မှာ ကျောင်းတက်ချင်တဲ့ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် အမေရိကက သင်ကြားရေးစနစ်တွေ၊ အတွေးအခေါ်အေယူအဆတွ၊ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို လေ့လာချင်တယ်ဆိုရင်တော့ "University of Michigan" က ပို့ချတဲ့ ခုသင်တန်းလေးက အသင့်တော်ဆုံးပါ။
>>> https://bit.ly/3tEl8Bf

(၁၀) English for Journalism
"University of Pennsylvania " က သင်ကြားပို့ချပေးမယ့် ခုသင်ခန်းစာကတော့ သတင်းထောက်တစ်ယောက်အနေနဲ့သိသင့်တဲ့ ကမ္ဘာသုံးအင်္ဂလိပ်စာ အသုံးအနှုန်းတွေပဲဖြစ်ပါတယ်။  

ဒီသင်ခန်းစာပြီးမြောက်ချိန်မှာတော့ သင့်အနေနဲ့ - 
- English Grammar
- News Reporting
- English Language
- Broadcast စတာတွေကို သင်ကြားတတ်မြောက်မှာပဲဖြစ်ပါတယ်။

>>> https://bit.ly/3nD5diQ

(၁၁) Writing in the Sciences
"Stanford University" က သင်ကြားပို့ချပေးမယ့် "Writing in the Sciences" သင်ခန်းစာမှာဆိုရင် -
- Grammar
- Medical Writing
- Science Communication
- Writing စတာတွေကို သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။

>>> https://bit.ly/3qI5mnj

(၁၂) English for Science, Technology, Engineering, and Mathematics
"University of Pennsylvania" က ပို့ချပေးမယ့် "English for Science, Technology, Engineering, and Mathematics" စာမှာဆိုရင်တော့ -
- English Grammar
- Nanotechnology
- English Language
- Solar Energy စတာတွေကို သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။
>>> https://bit.ly/33JqArM

(၁၃) Tricky American English Pronunciation
အမေရိကန်အင်္ဂလိပ် - အသံထွက်ကောင်းချင်တယ်ဆိုရင်တော့ "University of California, Irvine" က သင်ကြားပို့ချမယ့် ဒီသင်တန်းကိုတက်ပါ။

>>> https://bit.ly/3Kh77PU

(၁၄) English for Career Development
လုပ်ငန်းခွင်အင်္ဂလိပ်စာတိုးတက်ချင်သူတွေ၊ အင်တာဗျူးအတွက် လေ့လာပြင်ဆင်လိုသူတွေ၊ CV form ကို အဆင့်အတန်းမြင့်မြင့်ရေးသားလိုသူတွေ၊ လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံနည်းတွေကို လေ့လာလိုသူတွေအတွက် "University of Pennsylvania" က သင်ကြားပို့ချပေးမယ့် ဒီသင်တန်းလေးကို တက်ပါ။

>>> https://bit.ly/32aRB6X

(၁၅) Clinical Terminology for International and U.S. Students
အမေရိကန်နိုင်ငံ ဆေးပညာရပ်အခေါ်အဝေါ်များ၊ ဆေးဝါးဆိုင်ရာပညာရပ်များကို လေ့လာချင်သူတွေအတွက် 
"University of Pittsburgh" က ပို့ချမယ့် ဒီသင်တန်းကို ညွှန်းပါရစေ။ ဒီသင်တန်းမှာဆိုရင်တော့ 
- English Language
- Clinical Experience
- Vital Signs
- Medical Device အစရှိတာတွေကို သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။

>>> https://bit.ly/33QUw5r

(၁၆) Better Business Writing in English
စီးပွားရေးလုပ်ငန်းများအတွက် အရေးပါလှတဲ့ Business English ကို သင်ကြားပေးမှာဖြစ်ပြီး လုပ်ငန်းခွင်မှာ အများတကာထက် သာချင်သူတွေ တက်သင့်တာကတော့ "Georgia Institute of Technology" က ဖွင့်လှစ်မယ့် "Better Business Writing in English" သင်တန်းလေးပဲဖြစ်ပါတယ်။
>>> https://bit.ly/3nCM2Wx


ခုဖော်ပြပေးထားတဲ့သင်တန်းတွေက အခမဲ့သင်ကြားပေးမှာဖြစ်ပြီး Coursera မှာ အလွယ်တကူ Register လုပ်ပြီး တက်ရောက်နိုင်ပါတယ်။

Latest Post Knowledge Read 1224 times