Sales Hotline : 09448001653       Download App



၂၀၂၀ ခုနှစ် (၁၀ တန်း) အောင်စာရင်း ဘယ်လို ကြည့်ကြမလဲ

ခါတိုင်းနှစ်တွေထက် အတော်နောက်ကျပြီးမှ ထွက်လာမယ့် တက္ကသိုလ်ဝင်တန်းအောင်စာရင်း အောင်ချက် ၃၈ % ထဲမှာ နာမည် ပါ မပါ ကြည့်ဖို့ဆိုတာ အရင်နှစ်တွေကလို ကျောင်းတွေမှာ ကပ်ပေးထားတော့မှာ မဟုတ်ပါဘူး။ 

ဒီတော့ ၂၀၂၀ ခုနှစ် (၁၀ တန်း) အောင်စာရင်း ဘယ်လို ကြည့်ကြမလဲ။

၂၀၂၀ ခုနှစ် (၁၀ တန်း) အောင်စာရင်းများကို မိုဘိုင်းဖုန်း စခရင်တွင် အလွယ်တကူကြည့်ရှုနိုင်ပါတယ်။

  • ကြည့်ရှုရန် အောက်ပါ Link ကိုနှိပ်ပါ။

 (၁၀ တန်း အောင်စာရင်း)

 ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံးဝ(လုံးဝ) ကပ်ခြင်း မပြုဘဲ လူစုလူဝေး မဖြစ်ပေါ်စေသော အခြားနည်းလမ်းများကို ရွေးချယ် အသုံးပြုသွားမယ်လို့ သိရပါတယ်။

အောင်စာရင်းထုတ်ပြန်သည့်နေ့တွင်

  • ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.moe.gov.mm တွင်လည်းကောင်း၊
  • မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်းကောင်း

download ရယူပြီး ကြည့်ရှုနိုင်ရန် စီစဉ်ထားမယ်လို့ သိရပါတယ်။

ဝေးလံသောဒေသများ၊ အင်တာနက် အဆက်အသွယ် မရှိသော ဒေသများအတွက် အောင်စာရင်းတွေကိုတော့

  • မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှ ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ထို့ပြင် 

  • မြန်မာ့ ရုပ်မြင်သံကြား မြန်မာ့ပညာရေး ရုပ်သံအစီအစဉ်၊ 
  • Skynet Education Channel
  • အခြားရုပ်သံထုတ်လွှင့်သည့် အစီအစဉ်များ

ကို အသုံးပြုပြီး ထုတ်လွှင့်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

  • စာစစစ်ဌာန ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတွေကိုလည်း သက်ဆိုင်ရာ အောင်စာရင်းများ ပေးပို့ထားမှာဖြစ်ပြီး

အောင်စာရင်းထွက်ပြီး နောက်တစ်နေ့မှာ သွားရောက်ကြည့်ရှုလို့ရအောင် စီစဉ်ပေးထားမယ်လို့ သိရပါတယ်။

အဲဒီလို လူကိုယ်တိုင် လာရောက်ကြည့်ရှုကြတာကို တစ်ဦးနှင့်တစ်ဦး လူချင်း ခပ်ခွာခွာ (Physical distancing) ဖြစ်နေစေပြီး ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးတဲ့ လိုက်နာရန် ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ပြီး ကြည့်ရှုစေမှာ ဖြစ်ပါတယ်။

 

အောင်စာရင်း ထုတ်ပြန်ကြေညာမည့်
ဩဂုတ်လ ၉ ရက် တနင်္ဂနွေနေ့တွင်
အင်တာနက်လိုင်းမရသော ဒေသများနှင့်
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများအတွက်
အောင်စာရင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက
မေးမြန်းစုံစမ်းရန် Call Center ၇ ဖွဲ့၏ ဖုံးနံပါတ်များစာရင်း

၀၆၇ ၃၄၀၇ ၈၂၁

၀၆၇ ၃၄၀၇ ၈၁၁

၀၆၇ ၃၄၀၇ ၆၉၁

၀၆၇ ၃၄၀၇ ၆၈၆ 

၀၆၇ ၃၄၀၇ ၈၁၉

၀၆၇ ၃၄၃၀ ၁၆၉

 ၀၁ ၆၅၃ ၅၀၉

 

  • ၂၀၂၀ ခုနှစ် (၁၀ တန်း) အောင်စာရင်းများကို မိုဘိုင်းဖုန်း စရခင်တွင် အလွယ်တကူကြည့်ရှုနိုင်ပါတယ်။

ယခု အစမ်း ကြည့်ရှုရန် နှင့် သွားရမည့် လမ်းကြောင်း လေ့လာဖို့
အောက်ပါ ပုံကို ထိလိုက်ပါ


 (၁၀ တန်း အောင်စာရင်း)

Government School Latest Post Read 16378 times