Sales Hotline : 09448001653       Download App



ကမ္ဘာ့အသုံးအများဆုံး ဘာသာစကား ၂၅ ခု 

ကမ္ဘာ့အသုံးအများဆုံး ဘာသာစကား ၂၅ ခု 
25 Most Spoken Languages in the World

ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကား ၂၅ ခုအကြောင်းကို စုစည်းဖော်ပြပေးထားပါတယ်။ 

ဘာသာစကား တတ်ထား မမှားပါဘူး။ သက်မွေးအလုပ်၊ ပညာရေးနဲ့ စီးပွားရေးတို့အတွက် အသုံးတည့်တယ်။ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတဲ့အခါမှာလည်း ဘာသာစကား တတ်ထားတဲ့အတွက် အားသာချက် ရရှိတတ်ပါတယ်။ သာဓကအားဖြင့် ကနေဒါနိုင်ငံမှာ ဗီဇာလျှောက်ထားတဲ့အခါ ပြင်သစ်စကား ပြောတတ်ရင် ဦးစားပေးပါတယ်။ ပြည်ပကုမ္ပဏီတွေမှာ လုပ်ကိုင်ရင်လည်း ဘာသာစကား တတ်ထားရင် ပစားပေးခံရပါတယ်။ 

ဘာသာစကား အသစ်သင်ဖို့အတွက် အက်ပ်တွေ ရှိတယ်။ သာဓကအားဖြင့် Duolingo Inc မှ ထုတ်လုပ်တဲ့အက်ပ်ကို သုံးစွဲသူ သန်း ၃၀၀  ရှိပါတယ်။ ဘာသာစကား ၃၀ ကျော် သင်ပြပေးပါတယ်။ 
အောက်ဆုံးမှာ  Duolingo ဝဘ်ဆိုက်လင့်ကို ဖော်ပြပေးထားပါတယ်။ 
လေ့ကျင့်ဖို့အတွက်ကတော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ဖြစ်တဲ့ YouTube, Facebook, Twitter အစရှိသည်တို့မှာ လေ့လာလေ့ကျင့်နိုင်ပါတယ်။ 
 
ရန်ကုန်နဲ့ မန္တလေးတို့မှာ ဘာသာစကားသင်တန်းကျောင်းများကို 

https://www.edge.com.mm/courses/language

 မှာ ရှာဖွေနိုင်ပါတယ်။ 
မိမိရှာလိုသော ဘာသာစကားကို ထိပါ။ ဘေးမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေက သင်တန်း အရေအတွက် ဖြစ်ပါတယ်။ 

Chinese247

English1786

French20

German16

Hindi7

Italian1

Japanese1125

Korean369

Language Schools23

Malay3

Myanmar32

Russia1

Spanish3

 Thai20

Most Spoken Languages in the World
25. Swahili
ပြောဆိုသူဦးရေ ။ ။ 69 သန်း

Swahili ဟာ အာဖရိကမှ ဘာသာစကားဖြစ်ပြီး တန်ဇန်းနီးယားနဲ့ ကင်ညာတို့မှာ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ ယူဂံဒါမှာ ရုံးသုံးဘာသာစကား မဟုတ်ပေမဲ့ ပြောဆိုသူ များပြားပါတယ်။ Swahili ဘာသာစကားမှာ ဝေါဟာရတွေရဲ့ ၃၅% က အာရေဗျဘာသာစကားမှ ယူသုံးထားတာတွေ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှ ယူသုံးထားတဲ့ စကားလုံးတွေ ပါဝင်ပြီး အသံဝဲဝဲဖြင့် အသံထွက်ပါတယ်။ ဥပမာ radio ကို redio လို့ သုံးနှုန်းပါတယ်။  

24. Egyptian Arabic
ပြောဆိုသူဦးရေ ။ ။ 70 သန်း

Egyptian Arabic,ကို Masri ဘာသာစကားလို့လည်း ခေါ်ဝေါ်ကြတယ်။ ပြောဆိုသူ သန်း ၇၀ ရှိတာမှာ အများစုက အီဂျစ်သူအီဂျစ်သားတွေ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံ ဇာတိဘာသာစကား ဖြစ်ပါတယ်။ 

23. Persian
ပြောဆိုသူဦးရေ ။ ။ 74 သန်း
Persian စကားက အီရန်နိုင်ငံရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပြီး အာဖဂန်နစ္စတန်၊ တာကစ္စတန်နဲ့ ကူဝိတ် နိုင်ငံများမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြပါတယ်။ 

22. Hausa
ပြောဆိုသူဦးရေ ။ ။ 75 သန်း

နိုင်ဂျီးရီးယား နိုင်ငံသားတွေကို  Hausa လို့ခေါ်ဝေါ်ပြီး အနောက်အာဖရိကမှာ အကြီးမားဆုံး လူမျိုးနွယ် ဖြစ်ပါတယ်။ အဲဒါကြောင့်  Hausa ဘာသာစကား ပြောဆိုသူ ၇၅ သန်း ရှိနေတာ ဖြစ်ပါတယ်။ 

21. Vietnamese
ပြောဆိုသူဦးရေ ။ ။ 77 သန်း

Vietnamese ဘာသာစကားကို ဗီယက်နမ်မှာ ပြောဆိုသူ အများစု ရှိနေပြီး အကြောင်းကြောင်းကြောင့် တိုင်းပြည်ကို စွန့်ခွာသွားကြတဲ့ သူတွေက ဗီယက်နမ် ဘာသာစကားကို သူတို့ ရောက်ရှိတဲ့ နိုင်ငံတွေဆီ သယ်ဆောင်သွားခဲ့ကြတာကြောင့် ပြောဆိုသူ ၇၇ သန်းဖြင့် နံပါတ် ၂၁ နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

20. Korean
ပြောဆိုသူဦးရေ ။ ။ 82 သန်း

လူမှုရေး၊ စီးပွားရေး တို့အတွက် တတ်ထားသင့်တဲ့ ဘာသာစကား ဖြစ်ပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေကြောင့် ရင်းနှီးနေကြတဲ့ ဘာသာစကားလည်း ဖြစ်ပါတယ်။ 

19. Wu Chinese
ပြောဆိုသူဦးရေ ။ ။ 82 သန်း

Wu Chinese က တရုတ်ဘာသာစကားတစ်မျိုးဖြစ်ပြီး ရှန်ဟိုင်းမှာ ပြောဆိုကြတယ်။ တရုတ်လူဦးရေရဲ့ ၈% ပြောဆိုတယ်။ Wu Chinese ကို Hangzhou, Suzhou, Ningpo,နဲ့  Wenzhou တို့မှာလည်း ပြောဆိုကြပါတယ်။ 

18. Yue Chinese
ပြောဆိုသူဦးရေ ။ ။ 85 သန်း

Yue Chinese ကလည်း တရုတ်ဘာသာစကားတစ်မျိုးဖြစ်ပြီး ဟောင်ကောင်နဲ့ မကာအိုတို့မှာ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ အဲဒီ နှစ်နိုင်ငံ နဲ့ ပတ်သက်မယ်ဆိုရင် မန်ဒါရင် တရုတ်စကားအပြင် Yue Chinese ကိုလည်း သင်ထားသင့်ပါတယ်။ 

17. Tamil
ပြောဆိုသူဦးရေ ။ ။ 85 သန်း

Tamil က ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ သီရိလင်္ကာမှာ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ စင်ကာပူမှာ မန်ဒါရင်း တရုတ်ဘာသာစကား၊ မလေး ဘာသာစကား၊ တမီး ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားတို့ကို တရားဝင် ဘာသာစကားများအဖြစ် သတ်မှတ်ထားပါတယ်။ ရုံးသုံး ဘာသာစကားကတော့ အင်္ဂလိပ်ဘာသာစကား ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ်မှာ Tamil ဘာသာစကားကို တွင်တွင်ကျယ်ကျယ် သုံးစွဲကြပါတယ်။  Tamil ကနေ ဆင်းသက်ပေါက်ဖွားတဲ့ မူကွဲဘာသာစကားတွေကို မောရစ်သျှ၊ တောင်အာဖရိက၊ မလေးရှား၊ ဖီဂျီ၊ အမေရိကန်နဲ့ ယူကေတို့မှာ ပြောဆိုသုံးစွဲကြပါတယ်။ 

16. Turkish
ပြောဆိုသူဦးရေ ။ ။ 88 သန်း

United States Bureau of Educational and Cultural Affairs က အရေးပါတဲ့ဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။ တူရကီနဲ့ ဆိုက်ပရပ်စ်တို့မှာ ပြောဆိုကြတဲ့ ဘာသာစကားဖြစ်ပြီး တူရကီတွေက ဥရောပမှာ ပြောင်းရွှေ့အခြေချ နေထိုင်ကြတာကြောင့် ဥရောပမှာလည်း တူရကီဘာသာစကား ပြောဆိုသူ လူဦးရေ များပြားပါတယ်။ 

15. Telugu
ပြောဆိုသူဦးရေ ။ ။ 96 သန်း

Telugu က အိန္ဒိယနိုင်ငံမှာ စတုတ္ထပြောဆိုသူ အများဆုံး ဘာသာစကား ဖြစ်ပါတယ်။ တောင်အာဖရိကမှာ ပြောင်းရွှေ့အခြေချကြတဲ့ အိန္ဒိယနိုင်ငံသားတွေအကြားမှာလည်း Telugu ကို ပြောဆိုကြတယ်။ 

14. Marathi
ပြောဆိုသူဦးရေ ။ ။ 99 သန်း

Marathi ဘာသာစကားက အိန္ဒိယနိုင်ငံမှာ တတိယအများဆုံး သုံးစွဲတဲ့ ဘာသာစကား ဖြစ်ပါတယ်။ အစ္စရေး၊ မောရိသျှနဲ့ ဩစတေးလျနိုင်ငံမှာလည်း ပြောဆိုသူတွေ ရှိပါတယ်။ 

13. Japanese
ပြောဆိုသူဦးရေ ။ ။ 126 သန်း

ဂျပန်ဘာသာစကားကတော့ အထွေအထူး တင်ပြနေဖို့ မလိုပါဘူး။ ဂျပန်နိုင်ငံမှာ ပညာသင်ဖို့ ဖြစ်ဖြစ်၊ အလုပ်သင်ဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ဖြစ်ဖြစ် သွားမယ်ဆိုရင် မတတ်မဖြစ် သင်ထားရမှာ ဖြစ်ပါတယ်။ 

12. Standard German
ပြောဆိုသူဦးရေ ။ ။ 135 သန်း

 German ပြောဆိုသူတွေ သန်းရာဂဏန်း ကမ္ဘာတစ်လွှားမှာ ရှိနေတယ်။ ဂျာမနီ၊ ဩစတီးရီးယား၊ ဆွစ်ဇာလန်၊ လူဇမ်ဘတ်တို့မှာ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ 

11. Indonesian
ပြောဆိုသူဦးရေ ။ ။ 199 သန်း

Indonesian က အင်ဒိုနီးရှားနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဆိုတာ ပြောပြဖို့ လိုမယ် မထင်ပါဘူး။ လေယူလေသိမ်းမတူတဲ့ စကားဝဲပုံ အမျိုးမျိုးဖြင့် Indonesian ဘာသာစကားကို ပြောဆိုကြတာ မူကွဲ ၈၀၀ ကျော် ရှိပါတယ်။ ဒီတော့ အတိအကျ ပြောရရင် bahasa Indonesia ကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။ 

10. Urdu
ပြောဆိုသူဦးရေ ။ ။ 230 သန်း

Urdu က ပါကစ္စတန်ရဲ့ ဘာသာစကား ဖြစ်ပါတယ်။ Urdu  တတ်ထားရင် အာရေဗျ၊ ပါရှန်းနဲ့ ဟိန္ဒီ ဘာသာစကားတွေ ထပ်မံသင့်ယူဖို့ လွယ်ကူသွားစေပါတယ်။ 

9. Portuguese
ပြောဆိုသူဦးရေ ။ ။ 258 သန်း

ပေါ်တူဂီ နိုင်ငံက သေးငယ်ပေနဲ့ တစ်ချိန်တုန်းက နယ်ချဲ့ခဲ့တာကြောင့် ပေါ်တူဂီကိုလိုနီ ဖြစ်ခဲ့တဲ့နိုင်ငံတွေမှာ ပေါ်တူဂီ ဘာသာစကားကို အမွေ ရရှိခဲ့ကြပါတယ်။ အဲဒါကြောင့် ပြောဆိုသူ များပြားတယ်။ ဘရာဇီဂ၊ အင်ဂိုလာ၊ ကိတ်ဗာဒီ၊ အရှေ့တီမော၊ မကာအို၊ မိုဇမ်ဘစ် နိုင်ငံတွေမှာ ပြောဆိုကြတယ်။ 
စပိန်စကားနဲ့ ဆင်ဆင်တူတယ်။ နှစ်မျိုးစလုံးက လက်တင်ဘာသာစကားကို အခြေတည်ထားကြတယ်။ 

8. Russian
ပြောဆိုသူဦးရေ ။ ။ 258 သန်း

ရုရှားနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်ပြီး နိုင်ငံအများအပြားမှာ ယခုအထိ သုံးစွဲနေကြတာမှာ ပိုလန်၊ ချက် စတဲ့ နိုင်ငံတွေလည်း ပါဝင်တယ်။ 

7. French
ပြောဆိုသူဦးရေ ။ ။ 267 သန်း

French ဘာသာစကားက နိုင်ငံပေါင်း ၂၉ ခုမှာ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ ကနေဒါ၊ ဘယ်လဂျီယံ၊ ဆွစ်ဇာလန်၊ မာဒါဂါစကာ၊ ကွန်ဂို၊ ကင်မရွန်၊ စီနီဂေါ၊ ဘီနင်၊ ဟီတီ အစရှိတဲ့နိုင်ငံတွေမှာ French  ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြတယ်။ 

6. Bengali
ပြောဆိုသူဦးရေ ။ ။ 268 သန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားဘာသာစကား ဖြစ်ပါတယ်။ အိန္ဒိယမှာ ဒုတိယအများဆုံး ပြောဆိုတဲ့ ဘာသာစကား ဖြစ်ပါတယ်။ 

5. Standard Arabic
ပြောဆိုသူဦးရေ ။ ။  274 million

အာရပ်လောကမှာ Arabic ဘာသာစကားက ရုံးသုံး ဘာသာစကား ဖြစ်ပါတဘ်။ ဒီတော့ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှာ Arabic ကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားကြတယ်။ ပါလက်စတိုင်း၊ အီဂျစ်၊ ဆော်ဒီအာရေ‌ဗျ၊ တူနီးရှား၊ ဘာရိန်း၊ ယူအေအီး၊ ယီမင်၊ မောရစ်သျှ၊ မိုရိုကို၊ အိုမန်၊ ကာတာ၊ ဂျော်ဒန်၊ အီရတ် အစရှိတဲ့နိုင်ငံတွရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။  Arabic မှာ ပါတဲ့ ဝေါဟာရတွေကို  Persian, Turkish, Urdu ဘာသာစကားတွေမှာလည်း အတော်များများ ပါဝင်နေပါတယ်။ 

4. Spanish
Number Of Speakers: 543 million

Spanish ဘာသာစကားက စပိန်နိုင်ငံအပြင် စပိန်ကိုလိုနီလက်အောက်ခံအဖြစ် ရောက်ခဲ့ကြတဲ့ နိုင်ငံတွေမှာလည်း ရုံးသုံးဘာသာစကားအဖြစ် ဆက်သုံးနေကြဆဲ ဖြစ်လို့ နိုင်ငံပေါင်း ၂၀ ရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ 

3. Hindi
ပြောဆိုသူဦးရေ ။ ။  600 million

Hindi ဟာ အိန္ဒိယနိုင်ငံမှာ အများဆုံးပြောဆိုကြတဲ့ ဘာသာစကား ဖြစ်ပါတယ်။ အိန္ဒိယရုပ်ရှင်တွေမှာလည်း အားလုံးနီးပါးက Hindi ဘာသာဖြင့် ပြောဆိုကြတယ်။ Hindi ဘာသာစကား ပြောဆိုတဲ့ အိန္ဒိယနိုင်ငံသားတွေ ကမ္ဘာတစ်လွှား နေထိုင်ကြလို့ ကမ္ဘာ့နိုင်ငံအတော်များများမှာ Hindi ဘာသာစကား ပြောဆိုတဲ့ လူဦးရေ ရှိနေပါတယ်။ 

2. Mandarin Chinese
ပြောဆိုသူဦးရေ ။ ။  1120 million

တရုတ်နိုင်ငံမှာ ဘာသာစကား အမျိုးမျိုး ရှိနေတာမှာ မန်ဒါရင် တရုတ်စကားက တရားဝင် ရုံးသုံးစကား ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ တရားဝင် ဘာသာစကား လေးမျိုးထဲမှာလည်း ပါဝင်ပါတယ်။ တရုတ်စာလုံးတွေက ပုံသဏ္ဍာန်ကိုယ်စားပြု စာလုံးတွေဖြစ်လို့ ရေးတတ်ဖို့ အတော်လေ့ကျင့်သင်ယူရပါတယ်။ အပြောလွယ်ချင်လွယ်မယ် အရေးကတော့ ခက်ပါလိမ့်မယ်။ 

1. English
ပြောဆိုသူဦးရေ ။ ။  1348 million

အင်္ဂလိပ်ဘာသာစကား တတ်ထားရင် မမှားတဲ့အပြင် အကျိုးရှိတယ်ဆိုတာကတော့ ပြောပြနေဖို့ မလိုပါဘူး။ 

ဘာသာစကားသင် ဝဘ်ဆိုက်
https://www.duolingo.com/
 

Knowledge Read 2235 times