အဝေးသင် ပထမနှစ် ဝင်ခွင့်ရရှိသူများစာရင်းနှင့် ကျောင်းအပ်ရမည့်ရက်များ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် အဝေးသင်တက္ကသိုလ် ပထမနှစ် တက်ရောက်ခွင့် ရရှိသူများ စာရင်းကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ် (၄၂) ခု၏ အဝေးသင် ပထနှစ်သင်တန်းတွင် တက်ရောက်ခွင့် ရရှိသော ကျောင်းသား၊ ကျောင်းသူများစာရင်းကို ထုတ်ပြန်ထားပြီးဖြစ်သည်။ 

အဆိုပါ ဝင်ခွင့်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ အောက်ပါ Telegram Channel တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

> https://t.me/m0eoff13?

၂၀၂၆ ပညာသင်နှစ် အဝေးသင် ပထမနှစ်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့မှ ၂၀၂၆ ခုနှစ် မတ် (၃၁) ရက်နေ့အထိ လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၄) ရက်မှ မေ (၁၅) ရက်နေ့အထိ လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်

တက္ကသိုလ် နေ့သင်တန်းနှင့် အဝေးသင် သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းတို့ကို မိမိတို့ကြိုက်နှစ်သက်ရာ Payment ဖြင့် https://sms.moe.gov.mm တွင် ဆောင်ရွက်နိုင်သည်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 17351 times