Sales Hotline : 09448001653       Download App



2023 ခုနှစ်အတွက် ဂျပန်နိုင်ငံမှာ အလုပ်သင် သွားရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အရေး

 

 

ဂျပန်နိုင်ငံမှ National Institute of Genetics (NIG) ရဲ့ Department of Genetics, SOKENDAI မှ Offer လုပ်ပေးတဲ့ သုတေသနအလုပ်သင်အစီအစဥ် တစ်ခုအကြောင်း ပြောပြပေးသွားပါမယ်။ဒီပရိုဂရမ်ဟာဆိုရင် Fully-Funded Paid Internship Program ဖြစ်ပြီး ဘွဲ့ရအပြင် ဘွဲ့ကြိုတွေပါ လျှောက်ထားနိုင်ပါတယ်။ 

 

မျိုးရိုးဗီဇ နှင့် သက်ရှိသိပ္ပံဘာသာရပ်များတွင် သုတေသနအတွေ့အကြုံကောင်းကောင်းကို ရယူလိုသူများ အထူးလျှောက်ထားသင့်တဲ့ ပရိုဂရမ်ပါ။ Scientific Research (သိပ္ပံသုတေသန)၊ Scientific Communication(သိပ္ပံဆိုင်ရာ ဆက်သွယ်ရေး) နှင့် Lab Visits(ဓာတ်ခွဲခန်းများသို့ သွားရောက်ခြင်း) များဆိုင်ရာ လေ့ကျင့်ခြင်းများ အဓိကပါဝင်တဲ့အပြင် သက်ဆိုင်ရာဌာနမှူးများနဲ့ တစ်ဦးချင်းစီ ဆွေးနွေးမျှဝေတာမျိုးတွေ ပြုလုပ်ရမှာပါ။

 

ရရှိနိုင်မည့် အခွင့်အရေးများ_

 

  • Internship Program ပြီးဆုံးပါက NIG မှ အသိအမှတ် Certificate ပေးအပ်ခြင်း

  • ဘွဲ့လွန်ပရိုဂရမ်ဟောပြောပွဲများတက်ရောက်နိုင်ခြင်း

  • ဂျာနယ်ကလပ်များ Join နိုင်ခြင်း

  • NIG မှ ထူးချွန်သောသုတေသီများနှင့်အတူ လှုပ်ရှားမှုများတွင် ပါဝင်နိုင်ခြင်း

  • ဂျပန်ဘာသာစကားသင်တန်းများအခမဲ့ တက်ရောက်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။ 

ဘယ်လိုလူတွေလျှောက်ထားလို့ရလဲ_

 

  • လျှောက်ထားသူသည် Life Science ဘာသာရပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။

 

လျှောက်လွှာလျှောက်ထားသော အချိန်တွင် Pre Final Year တက်ရောက်နေသောသူဖြစ်ရပါမယ်။ ဥပမာ_

 

  • 3rd year of a 4-year bachelor’s program

  • 2nd year of a 3-year bachelor’s program

  • 4th year of a 5-year program

  • 1st year of a 2-year master’s program

  • 5th year of a 6-year program 

 

မှတ်ချက် - အထက်တွင်ဖော်ပြထားသော Pre Final Year မဟုတ်သော ကျောင်းသားများ နှင့် PhD တက်ရောက်နေသော ကျောင်းသားများအား ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။

 

ဘယ်လိုလျှောက်ထားကြမလဲ_

 

  • အွန်လိုင်းဖြင့်သာလျှောက်ထားရပါမည်။

  • လျှောက်လွှာမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင်စတင်ဖွင့်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ဂျပန်စံတော်ချိန် (JST) နေ့လည်တွင် ပိတ်မည်ဖြစ်သည်။

  • လျှောက်ထားလိုသော ကျောင်းသားများသည် ပရိုဂရမ်၏ လိုအပ်ချက်များကို ဖတ်ကြားနားလည်သဘောတူရမည်ဖြစ်သည်။ 

  • ပေးထားသော လင့်ခ်မှနေ၍ လျှောက်ထားမှုအတွက် အသေးစိတ်လိုအပ်ချက်များကို လေ့လာဖတ်ရှုနိုင်သည်။

 

Application Guideline for NIG Internship Program 2023 >

 

https://www.nig.ac.jp/jimu/soken/intern/2023/application.html

 

လိုအပ်သောစာရွက်စာတမ်းများ_

 

  • Letter of Motivation/Self Advertisement

  • Perfect CV

  • Scanned Academic Transcript

  • Two Recommendation Letters of Your Teachers

 

လျှောက်ထားရန်လင့်ခ် ( Application Link ) > https://nigintern.nig.ac.jp/

 

ရွေးချယ်ခံရသော ကျောင်းသားများကို ၂၀၂၃ ခုနှစ် မတ်လအစောပိုင်းမှာ NIG ရဲ့ Website မှာ ကြေညာပေးသွားမှာ ဖြစ်သလို ကျောင်းသားတစ်ဦးချင်းစီကိုလည်း အသိပေးစာ ပေးပို့သွားမှာဖြစ်ပါတယ်။

 

အလုပ်သင်ကာလ (Internship Period) ကတော့ ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထိဖြစ်ပါတယ်။ Internship ပြီးတဲ့အခါ Essay တစ်ပုဒ် နဲ့ Questionnaire တင်ပေးရပါမယ်။

 

ရရှိနိုင်မယ့် အကျိုးကျေးဇူးများ_

 

  • Round-trip Air Ticket Fees

  • Transportation Fees

  • Accommodation Fees

  • Scholarship Opportunity

 

ဖော်ပြပါစရိတ်များမှလွဲ၍ တခြားတကိုယ်ရေ နေထိုင်စရိတ် နှင့် အထွေထွေအသုံးစရိတ်များကိုတော့ လျှောက်ထားသူဘက်မှ ကိုယ်တိုင်ကျခံရပါမယ်။

 

အောက်ဖော်ပြပါ Official Link မှ တစ်ဆင့်လည်း Program အကြောင်းကို အသေးစိတ်သွားရောက်လေ့လာ နိုင်ပါတယ်။

 

Official Link > https://www.nig.ac.jp/jimu/soken/intern/2023/index.html

 

Application Guideline Link>

https://www.nig.ac.jp/jimu/soken/intern/2023/application.html

 

Application Link > https://nigintern.nig.ac.jp/

 

Vocational Latest Post International Read 1021 times