Sales Hotline : 09448001653       Download App



2022 ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် 10 ခု

2022 ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် 10 ခု

US News and World Report အရ 2022 ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် 10 ခု အကြောင်းကို စုစည်းတင်ပြပေးလိုက်ပါတယ်။

 

နိုင်ငံပေါင်း 90ကျော်မှ တက္ကသိုလ်ပေါင်း 1750 ကို သုတေသနလုပ်ငန်းများ၊ သင်ကြားပို့ချမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစရှိတဲ့ မတူညီတဲ့တိုင်းတာမှု 13 ခုနဲ့ အကဲဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်။

 

ထွက်ပေါ်လာတဲ့ ရလဒ်အရ ယခင်နှစ်များနည်းတူ အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်များက ထိပ်တန်းဆယ်နေရာအနက် ရှစ်နေရာကို သိမ်းပိုက်ထားပါတယ်။ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်က ကမ္ဘာ့အဆင့်(၂)နေရာကို ကျဆင်းသွားပါတယ်။

 

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့မဟုတ်ဘဲ နိုင်ငံအလိုက် အဆင့်သတ်မှတ်မယ်ဆိုရင်တော့ -  
>>> အာဖရိကရဲ့ အကောင်းဆုံး တက္ကသိုလ် - "University of Cape Town"
>>> ပေကျင်းရှိ "Tsinghua University" ကတော့ အာရှတွင် အကောင်းဆုံး တက္ကသိုလ်
>>>  သြစတြေးလျရဲ့ အကောင်းဆုံး တက္ကသိုလ် "University of Melbourne" နှင့်

>>> လက်တင်အမေရိကရဲ့အကောင်းဆုံးတက္ကသိုလ် "Universidade de São Paulo" ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။

 

US News အရ 2022 ခုနှစ်ရဲ့ ထိပ်တန်း ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် 10 ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Harvard University
Location: Cambridge, Massachusetts — United States
Highlight: ဇီဝဗေဒ (biology)၊ ဇီဝဓာတုဗေဒ (biochemistry)၊ စီးပွားရေး (economics & business) . . . အစရှိတဲ့ဘာသာရပ်တွေအပါအဝင် အမျိုးအစားများစွာတွင် ထိပ်တန်းအဆင့်ရှိသော တက္ကသိုလ်။

 

2. Massachusetts Institute of Technology 
Location: Cambridge, Massachusetts — United States
Highlight: MIT သည် ကမ္ဘာပေါ်တွင် သင်္ချာအတွက် အကောင်းဆုံး တက္ကသိုလ်အဖြစ် အဆင့်သတ်မှတ်ခံရပါတယ်။

 

3. Stanford University
Location: Stanford, California — United States
Highlight: Stanford သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဓာတုဗေဒဘာသာရပ်များ သင်ကြားပို့ချလျှက်ရှိတယ်လို့ US News မှ သတ်မှတ်ခဲ့ပါတယ်။

 

4. University of California, Berkeley
Location: Berkeley, California — United States
Highlight: ယခုနှစ်အတွက်တော့ UC Berkeley က ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံး ဓာတုဗေဒ သင်ခန်းစာများသင်ကြားပို့ချလျှက်ရှိတယ်လို့ အသိအမှတ်ပြုခံခဲ့ရပါတယ်။

 

5. University of Oxford
Location: Oxford, England — United Kingdom 
Highlight: Oxford တက္ကသိုလ်ကတော့ Art, Humanities ဘာသာရပ်တွေအတွက် အကောင်းဆုံးတက္ကသိုလ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ 

 

6. Columbia University
Location: New York City, New York — United States
Highlight: Cardiovascular Systems (နှလုံးသွေးကြောဆိုင်ရာစနစ်များ)ကို လေ့လာရန် အကောင်းဆုံးတက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ 

 

7. University of Washington, Seattle
Location: Seattle, Washington — United States
Highlight: ဆေးဘက်ဆိုင်ရာပညာရပ် (one of the world’s best clinical medicine program) တွေကိုလေ့လာဖို့ရာ အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 
 

8. University of Cambridge
Location: Cambridge, England — United Kingdom
Highlight: Cambridge တက္ကသိုလ်ရဲ့ သင်ကြားမှုသမိုင်းများမှာဆိုရင် ကမ္ဘာ့အကျော်ကြားဆုံး သင်္ချာပညာရှင်အချို့ပါဝင်ခဲ့တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ 2022 အတွက် Cambridge University ကတော့ သင်္ချာဘာသာရပ်အတွက် ပဉ္စမနေရာမှာ ရှိနေခဲ့ပါတယ်။ 

 

9. California Institute of Technology (ပူးတွဲ)
Location: Pasadena, California — United States
Highlight: NASA ၏ Jet Propulsion Laboratory ၏ မူလနေရာဖြစ်သော CalTech ကို အာကာသသိပ္ပံဘာသာရပ် (space science) လေ့လာရန်အတွက် ထိပ်တန်းတက္ကသိုလ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

9. Johns Hopkins University (ပူးတွဲ)
Location: Baltimore, Maryland — United States
Highlight: ဆေးဘက်ဆိုင်ရာသုတေသနအတွက်လူသိများတဲ့ Johns Hopkins ကတော့ ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံးကူးစက်ရောဂါဘာသာရပ် (infectious disease program) အပြင် ကမ္ဘာပေါ်မှာဒုတိယအကောင်းဆုံးခွဲစိတ်မှုဆိုင်ရာ ဘာသာရပ်(surgical program) တွေကို လေ့လာရန်အတွက် အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။


 

University / College Read 1465 times