Sales Hotline : 09448001653       Download App



၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရန် နောက်ကျသူများကို အကြောင်းအရာပေါ် မူတည်ပြီး စိစစ်လက်ခံသွားမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရန် နောက်ကျသူများကို အကြောင်းအရာပေါ် မူတည်ပြီး စိစစ်လက်ခံသွားမည်

ဖြေဆိုမည့်သူများအနေဖြင့် အချိန်မီတင်သွင်းရန် လိုအပ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်အချိန်အတွင်း ဖြေဆိုခွင့်တင်နိုင်ခဲ့ခြင်းမရှိသည့် နောက်ကျ လျှောက်လွှာများကို နောက်ကျသည့် အကြောင်းရင်းပေါ်မူတည်ပြီး စိစစ်လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

READ - ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ Global English Course သင်တန်းကို စက်တင်ဘာ ၇ ရက်မှာ လျှောက်ထားနိုင်ပြီ

“နောက်ဆုံးတင်ရမှာကတော့ စက်တင်ဘာ ၂၉ ရက်ပါ။ ဖြေမယ့်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရက်ထဲမှာ အချိန်မီတင်သွင်းရမှာပါ။ တကယ်လို့ နောက်ကျလာတာမျိုးဆိုရင်တော့ သူတို့ဘက်ကနေ အကြောင်းရင်း ခိုင်ခိုင်လုံလုံနဲ့ အသနားခံစာတင်ပြီးတော့ ဖြေဆိုခွင့် လျှောက်ပေါ့။ ” ဟု ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ ဒေသအချို့၏ ကျောင်းများသည် မြို့နှင့် အလှမ်းဝေးသော နေရာများတွင် တည်ရှိနေသည့်အတွက် သတ်မှတ်ရက်ထက် အနည်းငယ် စောင့်ဆိုင်းပေးရလေ့ရှိကြောင်း၊ အဆိုပါဒေသများမှာ ချင်းပြည်နယ် နှင့် ကချင်ပြည်နယ်ရှိ ကျောင်းများဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ဒေသတစ်ချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ဒေသအချို့တွင် ပဋိပက္ခများ ဖြစ်ပွားနေသည့် အနေအထားများကြောင်း၊ ယင်းဒေသမှ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှု နောက်ကျပါက စိစစ်လက်ခံမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး လျှောက်လွှာများတင်သွင်းခွင့် ပြုထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2689 times