Sales Hotline : 09448001653       Download App



၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာလတွင် စတင်တင်သွင်းရမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာလတွင် စတင်တင်သွင်းရမည်

၂၀၁၈ ခုနှစ်တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေခွင့် လျှောက်လွှာများကို ယခင်နှစ်အတိုင်း စက်တင်ဘာလတွင် စတင်တင်သွင်းရမည်ဖြစ်ကြောင်း လျှောက်လွှာတင်သွင်းချိန်တွင် ဘာသာတွဲ အမှတ်စဉ် (၁၊ ၅၊ ၆၊ ၇၊ ၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင် ၀င်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံကို လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် (၂၊ ၃၊ ၄) များဖြင့် ဖြေဆိုမည့်သူများအနေဖြင့် ပန်းရောင်ဝင် လျှောက်လွှာနှင့် ကတ်ပြားများကို ၀ယ်ယူတင်သွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ သိရသည်။

READ - တက္ကသိုလ်ဝင်ခွင့် သြဂုတ် ၉ ရက်တွင် စတင်လျှောက်ထားနိုင်

ဒီနှစ်လည်း ၉ လပိုင်းထဲမှာ စပြီး လျှောက်လို့ရပါလိမ့်မယ်။ နှစ်တိုင်းဒီချိန်ပဲလုပ်နေတာဆိုတော့ ဘော်ဒါတော့ ထွက်မလာသေးဘူး။ မနှစ်ကလည်း ဒီအချိန်ပဲ စပြီး လျှောက်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများကြိုတင် လျှောက်ထားခွင့် ပေးထားခြင်းမှာ စာမေးပွဲဖြေဆိုမည့် သူများ၏ အချက်အလက်များကို စိစစ်ရခြင်း၊ ဖြေဆိုမည့် ဦးရေနှင့် စာစစ်ဌာနများတွက်ချက်ရထားရခြင်းများကြောင့် လျှောက်လွှာများကို ပညာသင်နှစ်စတင်ပြီး သုံးလအကြာတွင် စတင်လျှောက်ထားခွင့်ပေးခြင်းဖြစ်သည်။

စာမေးပွဲလျှောက်လွှာများကို မတင်သွင်းခင်မှာ ကိုယ့်ရဲ့အချက်အလက်များ မှန်၊ မမှန်ကို သေချာစိစစ်ရပါမယ်။ စာမေးပွဲအောင်စာရင်းမထွက်ခင်အချိန်ထိပေါ့။

အောင်လက်မှတ်ထုတ်ပြီးတဲ့အချိန်မှာတော့ အောင်လက်မှတ်တွေမှာ မှားယွင်းတဲ့ အချက်အလက်များကို ပြန်ပြင်မယ်ဆိုရင်တော့ မရတော့ပါဘူး။

ပြင်ပမှ ၀င်ရောက်ဖြေဆိုမည့်သူများအနေဖြင့် မိမိဖြေဆိုမည့် မြို့နယ်ပညာရေးမှူးရုံးတွင် လျှောက်လွှာတင်သွင်း ရမည်ဖြစ်ပြီး ကျောင်းမှ ၀င်ရောက်ဖြေဆိုမည့်သူများအနေဖြင့် ကျောင်းအုပ်ကြီးများမှ တစ်ဆင့် လျှောက်ထားရ မည် ဖြစ်ကြောင်း သိရသည်။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် လမ်းညွှန်

Source: democracy today

News Read 4382 times