Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂ဝ၁၈ ခုနှစ်တွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြေညာချက်ထုတ်ပြန်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂ဝ၁၈ ခုနှစ်တွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြေညာချက်ထုတ်ပြန်

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံစာ စစ်ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက် လွှာပုံစံများကို လာမယ့် စက်တင်ဘာ ၁ ရက်မှ စတင်ကာ တစ်စောင်လျှင် ၂ဝဝ ကျပ်နှုန်းနဲ့ရောင်းချ ပေးသွားမှာဖြစ်သည်။

စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ၇ နှင့် ၈ ဖြေဆိုမယ့် သူများအတွက် အစိမ်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် ၂၊ ၃ နှင့် ၄ ဖြေဆိုမယ့် သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း အရောင်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

READ - YUFL ညနေပိုင်းသင်တန်းများကို လာမည့်စက်တင်ဘာလအတွင်း အွန်းလိုင်းမှ လျှောက်ထားနိုင်မည်

ပြင်ပဖြေဆိုရန် စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်း သူတွေအနေနဲ့ အမှန်တကယ် နေထိုင်တဲ့ မြို့နယ်ရဲ့ မြို့နယ်ပညာရေးမှူး ရုံးများမှာ စက်တင်ဘာ ၁ ရက်ကနေ ၂၉ ရက်အတွင်း ဝင်ခွင့်လျှောက်လွှာကို တင်သွင်းကြရမှာ ဖြစ်တယ်။

မြို့ နယ်ပညာရေးမှူးရုံးတွေက စာမေးပွဲဝင်ကြေးအတွက် ၇ဝဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ လျှောက်လွှာတင်သွင်းရမည် ဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ သည် စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများကို လျှောက်လွှာတစ်စောင်ချင်းစီတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ ၂၉ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်သည်။

ထို့အပြင် သတ်မှတ်ထားတဲ့ ရက်အတွင်း လျှောက်လွှာအချိန်မီ ပေးပို့ခြင်းမရှိသူများအား စာမေးပွဲဖြေဆိုခွင့် ပြုမည်မဟုတ်ကြောင်း၊ စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာနဲ့ ကတ်ပြားမှာပါရှိတဲ့ ဘာသာတွဲမှ အပ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့်ပြုမှာ မဟုတ်သဖြင့် ဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်စေရန် သေချာစွာ စစ်ဆေးပြီးမှ ပေးပို့ရန် ဖြစ်သည်။

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းတွေကို နေပြည်တော်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ် ၅၂ ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်) ၌လည်းကောင်း၊ ရန်ကုန်မြို့အမှတ် ၁၆၆ လသာ လမ်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၌ လည်းကောင်း လာရောက်ဝယ်ယူနိုင်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Myanmar alinn

News Read 7144 times