၂၀၁၈ ခုနှစ် တက္ကသိုလ်​၀င်​စာ​မေးပွဲအချိန်​စာရင်း 

၂၀၁၈ ခုနှစ် တက္ကသိုလ်​၀င်​စာ​မေးပွဲအချိန်​စာရင်း 

မတ်​လ ၇ ရက်​တွင်​ မြန်​မာစာ၊ ၈ ရက်​တွင်​ အင်္ဂလိပ်​စာ၊ ၉ ရက်​တွင်​ သင်္ချာ၊ ၁၂ ရက်​တွင်​ ဓာတု​ဗေဒ နှင့်​ စိတ်​ကြိုက်​မြန်​မာစာ၊ ၁၃ ရက်​တွင်​ ရူပ​ဗေဒ၊  ၁၄ ရက်​တွင်​ ဇီဝ​ဗေဒနှင့်​ ဘောဂဗေဒ၊ ၁၅ ရက်​တွင်​ ပထ၀ီဝင်​၊ ၁၆ ရက်​တွင်​ သမိုင်းဘာသာရပ်​များကို​ ဖြေဆိုရမည်ဖြစ်​သည်​။

မတ်​လ ၁၀ ရက်​ (စ​နေ) နှင့် ၁၁ ရက်​ (တနင်္ဂ​နွေနေ့) များတွင်​  စာ​မေးပွဲမကျင်းပဘဲ ရပ်နားမည်​ဖြစ်​သည်။

ယခုနှစ်​၌ တက္ကသိုလ်ဝင်​ စာ​မေးပွဲ ​မေးခွန်းအချို့ကို အလွတ်ကျက်​​ဖြေဆိုရသည့် ပုံစံအစား စဉ်းစား​တွေး​ခေါ်​ဖြေဆိုရ သည့်​ ပုံစံ​​ပြောင်းလဲမည်​ဟု ၀န်​ကြီးဌာနက ကြေညာထားသည်​။

နိုဝင်​ဘာ ၂၅ ရက်​အထိ စာရင်းအရ ၂၀၁၈ တက္ကသိုလ်​၀င် စာ​မေးပွဲဖြေဆိုရန်​ ​လျှောက်​ထားသည့်​ ​ကျောင်းသား​၊ ​ကျောင်းသူ ၈၄၀,၀၀၀​ ခန့်ရှိပြီး ယခင်နှစ်ထက် ​​၈၀,၀၀၀  ခန့်တိုးလာသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: ministry of education

News Read 16105 times