Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး မသင်းမြနွေးနှင့် တွေ့ဆုံခြင်း

တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး မသင်းမြနွေးနှင့် တွေ့ဆုံခြင်း

 ဂုဏ်ထူးရှင် ၇၅,၇၅၆ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံ ဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးအဖြစ်၅၅၃ မှတ်ဖြင့် အထက (၁) ဒဂုံမှ  ခြောက်ဘာသာ ဂုဏ်ထူးရှင်မသင်းမြနွေးက ရရှိသည်။

တစ် ဘာသာလျှင် ပျမ်းမျှရမှတ် ၉၂မှတ်ကျော် ရရှိခဲ့သော အသက်(၁၆)နှစ်အရွယ် ကျောင်းသူ မသင်းမြနွေး၏ ကြိုးစားအားထုတ်မှုကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး - တစ်နိုင်ငံလုံး ပထမရရှိခဲ့တာကို သိတဲ့အခါမှာ ဘယ်လို ခံစားခဲ့ရ လဲ။

ဖြေ - The Whole Burma First  ရဖို့ကို မမျှော်မှန်းရဲခဲ့ဘူး။ မျှော် မှန်းမထားဘဲ ရခဲ့တော့ တအား လည်း အံ့အားသင့်မိပါတယ်။ အ ရမ်းလည်း ပျော်ပါတယ်။

မေး - အခုလိုမျိုး အမှတ်အများဆုံးရဖို့ ဘယ်လိုခံယူချက်နဲ့ ကြိုးစားခဲ့လဲ။

ဖြေ - ဘာသာစုံဂုဏ်ထူးတော့ ပါ ချင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ဝက်စာ မေးပွဲမှာလည်း ကျောင်းမှာ အ မှတ်အများဆုံးရခဲ့တယ်။ နှစ်ဆုံး  Pre Test မှာလည်း ၅၅၃ မှတ်ရ ခဲ့တော့ ဖြစ်ချင်တာတော့ရှိတယ်။  The Whole Burma First ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထား ဘူး။

မေး - မြန်မာတစ်နိုင်ငံလုံး အမှတ်အ များဆုံးရအောင် တစ်နှစ်လုံး ဘယ်လိုမျိုး ကြိုးစားအားထုတ်ခဲ့ ရသလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ - အချိန်ဇယား အတိအကျ ကြီး မဆွဲထားဘူး။ စာမေးပွဲတွေ ဖြေကြည့်တဲ့အခါမှာ ကိုယ်အား နည်းတယ်ထင်တဲ့ ဘာသာရပ် တွေကို ပိုပြီးသေချာဂရုစိုက်ပြီး တော့ လုပ်တယ်။ တစ်နေ့စာတစ် နေ့ ပုံမှန်စာလုပ်သွားပါတယ်။

မနက်ပိုင်းက ကျောင်းသွားတာများ တော့ ညနေပိုင်းကနေ ည ၁၂ နာရီထိ ပုံမှန်စာကြည့်ဖြစ်ပါ တယ်။ ကျောင်းချိန်၊ ကျူရှင်ချိန် မရှိရင်မရှိသလို စာကြည့်ဖြစ် တယ်။ တစ်နေ့ကို အိပ်ချိန် အ နည်းဆုံး ခြောက်နာရီရအောင်

အိပ်ပါတယ်။ ကျောင်းက စာမေး ပွဲတွေကိုလည်း သေချာဖြေတယ်။  စာမေးပွဲကြီးမဖြေခင် ကျောင်းမှာ နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲမှာ လည်း အမှတ်ပေါင်း ၅၅၃ ပဲ ရခဲ့ ပါတယ်။

မေး - ဘာသာရပ်တွေကို ဘယ်လိုပုံစံ မျိုး ကျက်မှတ်လေ့လာခဲ့လဲ။ ဘာ သာရပ်တစ်ခုချင်းစီအလိုက် အ ကုန်လေ့လာဖြစ်ခဲ့လား။

ဖြေ - ဆရာမတွေ သင်တဲ့အချိန် တော့ အကုန်လုံးကို သိထား အောင် သေချာလိုက်နားထောင် တယ်။ မှတ်တယ်။ ကိုယ့်ဟာ ကိုယ် ပြန်လေ့ကျင့်တဲ့အချိန်မှာ တော့ အရေးကြီးဆုံးဟာတွေ၊ အ ဓိကကျတဲ့ဟာတွေကို ရွေးထုတ် ပြီး

သေချာပိုလေ့လာဖြစ်တယ်။

မေး - ဒီနှစ်စာမေးပွဲမှာက အင်္ဂလိပ်စာ ဘာသာရပ်က မေးခွန်းပုံစံ အရင် နဲ့မတူတာလေးတွေ ပါလာတော့ ဒါကိုကော ဂုဏ်ထူးမှတ်ထိရ အောင် ဘယ်လိုဖြေဆိုခဲ့လဲ။

ဖြေ - ဒီနှစ်မှာဆို အင်္ဂလိပ်စာက မေးခွန်းပုံစံတွေ အသစ်ဖြစ်လာ တယ်။ Essay၊ Letter ဆိုလည်း ပုံစံတစ်မျိုး ပြောင်းမေးတယ်။ Grammar ဆိုလည်း မေးခွန်း လှည့်ထားတယ်။ ပေးထားတဲ့ ခေါင်းစဉ်တွေထဲက ကိုယ်နဲ့ဘယ် အပုဒ်က ပိုအမှတ်ရမလဲဆိုတာ သေချာစဉ်းစားပြီးမှ ရွေးဖြေ တယ်။ ခေါင်းစဉ်ကိုဖတ်ပြီး အဲဒီ ခေါင်းစဉ်ရဲ့ သဘောတရား၊ သူ က ဘာမေးချင်တာလဲ၊ ကိုယ် ဘာဖြေရမလဲဆိုတာကို သေ ချာနားလည်အောင် လုပ်တယ်။ ပြီးရင်

ရေးမယ့်ဟာလေးတွေကို အကြမ်းဖျင်းမှတ်ထားပြီး အဲဒီက နေ ထပ်စဉ်းစားပြီးရေးခဲ့တယ်။

မေး - ဆရာ၊ ဆရာမတွေကကော ဘယ်လိုပံ့ပိုးပေးခဲ့လဲ။

ဖြေ - ဆရာမတွေက စာသင်တာ နဲ့ တစ်ခါတည်း အမှတ်ပေးစည်း မျဉ်းပါ ပြောပြပေးတယ်။ ဒီအ ပုဒ်မှာ ဒါဖြေတာနဲ့ အမှတ်ဘယ် လောက်ပေးတယ်၊ ဒါမပါရင် ဘယ်လောက်လျှော့တယ်ဆိုတာ မျိုးကအစ သေချာပြောပြပေးပါ တယ်။ စာမကျက်ချင်လောက်အောင် စိတ်ဖိစီးမှုများတဲ့ အချိန်ကော ရှိခဲ့လား။ စိတ်ဖိစီးမှုတွေ လျော့ အောင်ဘာလုပ်လေ့ရှိလဲ။

စာမေးပွဲ မဖြေချင်လောက် အောင် စိတ်ဓာတ်ကျတာတော့ မကြုံဖူးဘူး။ စိတ်ဖိစီးမှုများလာ ရင်တော့ အဲဒီအချိန်ဆို စာမ ကျက်တော့ဘူး။ လမ်းလျှောက် တယ်။ သီချင်းနားထောင်တယ်။ တီဗီကြည့်တယ်။

နည်းနည်းစိတ်အပန်းဖြေပြီးမှ စာပြန်ကျက် တယ်။ တစ်ခါတလေ သူငယ်ချင်း တွေနဲ့ နေ့ချင်းပြန်ခရီးသွားတာမျိုး လေးတွေလုပ်တယ်။

မေး - ကျောင်းစာအပြင် တခြားပြင်ပ ဗဟုသုတအတွက် စာဖတ်တာမျိုးရှိလား။

ဖြေ - ကျောင်းစာအပြင် သတင်းစာဖတ်တယ်။ ဆရာမင်းလူရဲ့စာအုပ်တွေဖတ်တယ်။ မင်္ဂလာ မောင်မယ်လို စာအုပ်မျိုးတွေ လည်း ဖတ်တယ်။ ပြီးတော့ စုံ ထောက်ဝတ္ထုတွေ ဖတ်ရတာ သ ဘောကျပါတယ်။

မေး - မိဘတွေကကော ဘယ်လိုပံ့ပိုး ပေးခဲ့လဲ။

ဖြေ - ပညာရေးဘက်မှာဆို မာ မားဆိုလည်း စာကျက်နေတဲ့အ ချိန် တစ်ချိန်လုံးစောင့်ပေးတယ်။  ပြန်နွှေးချင်တဲ့ စာတွေရှိရင် ကြည့်ပေးတယ်။ ကျန်းမာရေးဘက်မှာလည်း လစ်ဟာမှုမရှိအောင် အစားအသောက်ကအစ သေချာ

စီစဉ်ပေးပါတယ်။

မေး - ငယ်ငယ်ကတည်းကနေ အခုထိ ဘယ်လိုထူးချွန်ဆုတွေရခဲ့လဲ။

ဖြေ - သူငယ်တန်းကနေ ရှစ်တန်း အထိက နှစ်စဉ် ပထမ၊ ဒုတိယဆု တွေ ရတယ်။ လေးတန်းတုန်းက  ဘက်စုံထူးချွန်ဝင်ပြိုင်တော့ ဘာ သာရပ်တစ်ခုချင်းအလိုက်ဆုတွေ ရခဲ့တယ်။ ငါးတန်းကနေ ရှစ်တန်း အထိ သင်္ချာထူးချွန်တွေ ၀င်ပြိုင် ခဲ့ပြီးတော့ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆုတွေရခဲ့ပါတယ်။ ရှစ် တန်းတုန်းက မြန်မာစာထူးချွန် တိုင်းအဆင့်ဆုရခဲ့ပါတယ်။ စာ စီစာကုံးပြိုင်ပွဲတွေ ၀င်ပြိုင်ပြီး တော့ ဆုတွေရရှိခဲ့ပါတယ်။

မေး - ဘယ်တက္ကသိုလ်တက်ဖို့ စဉ်းစား ထားလဲ။

ဖြေ - နည်းနည်းတော့ ဇဝေဇ၀ါ ဖြစ်နေပါတယ်။ ဆေးကျောင်း ဒါမှမဟုတ် ရန်ကုန်နည်းပညာ တက္ကသိုလ် တစ်ခုခုတက်ဖို့ စဉ်း စားထားပါတယ်။ ၀ါသနာပိုပါ တာကတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်ပါ။

မေး - စံထားရတဲ့၊ သဘောကျတဲ့ပုဂ္ဂိုလ်တွေကောရှိလား။

ဖြေ - လေးစားအားကျရတဲ့သူဆို ရင်တော့ ပါပါးပါ။ ငယ်ငယ်လေး ကတည်းကနေ အခုထိ ဘာသာ တရား ရိုသေကိုင်းရှိုင်းတတ် အောင် သင်ပေးတယ်။ အမှားကနေ သင်ခန်းစာယူပြီး ပြင်ဆင် တတ်အောင် အမြဲတွန်းအားပေး

လေ့ကျင့်ပေးပါတယ်။ ပြီးတော့  ကျောင်းစာအပြင် အပြင်စာအုပ် တွေ၊ စာစောင်တွေ ၀ယ်ပြီး အမြဲ ဖတ်ခိုင်းတယ်။ ပြီးတော့ အစ်မက လည်း ဆယ်တန်းမှာ ခြောက်ဘာ သာဂုဏ်ထူးပါခဲ့တော့ သူက လည်း

စံထားအားကျရတဲ့သူတစ်ဦးပါ။ စာလေ့လာတဲ့အခါမှာ လည်း ဘယ်လိုဟာမျိုးတွေက အ ရေးကြီးတယ်၊ ဘာတွေဆို သေ ချာကြည့်သင့်တယ်ဆိုတာ ကူညီ ပြောပြပေးခဲ့ပါတယ်။

မေး - ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ် တစ်ယောက်အနေနဲ့ တက္ကသိုလ် ၀င်စာမေးပွဲဖြေဆိုမယ့် မောင် ငယ်၊ ညီမငယ်တွေကို ဘယ်လို အကြံပြုစကားပြောချင်ပါသလဲ။  

ဖြေ - နောက်နှစ်က မေးခွန်းပုံစံ တွေလည်း ပြောင်းမယ်ဆိုတော့  ကိုယ်ဖြေရမယ့် မေးခွန်းပုံစံတွေ နဲ့အကျွမ်းတ၀င်ဖြစ်အောင်၊ သေ ချာနားလည်အောင် ဆရာ၊ ဆရာ မတွေ ပြောတာကို သေချာမှတ် သားပါ၊ ကျန်းမာရေးလည်းမလစ်ဟင်းအောင်ဂရုစိုက်ပါ၊ ဘာ သာတရားလည်း ကိုင်းရှိုင်းပါလို့ ပြောချင်ပါတယ်။

အခုလိုဖြေပေးတာ ကျေးဇူးတင် ပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့သော မောင်သုတရဲမိုး

source: 7day daily

News Read 4853 times