Sales Hotline : 09448001653       Download App



၂၀၁၈-၁၉ ပညာသင်နှစ်မှစ၍ ပြောင်းလဲမည့် ရေကြောင်းပညာတက္ကသိုလ်

၂၀၁၈-၁၉ ပညာသင်နှစ်မှစ၍ ပြောင်းလဲမည့် ရေကြောင်းပညာတက္ကသိုလ်

 

ရေကြောင်းပညာတက္ကသိုလ်၏ ပညာသင်နှစ်ကို ယခင်က ခြောက်နှစ်သတ်မှတ်ထားရာမှ ၂၀၁၈-၁၉ ပညာသင်နှစ်မှစ၍ ငါးနှစ်အဖြစ် လျှော့ချရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသားပညာရေး မူဝါဒကော်မရှင်တို့၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည်။

 

ပညာသင်နှစ်လျှော့ချရာတွင် ရေကြောင်းပညာတက္ကသိုလ်တွင် သင်ကြားနေသော ဘာသာရပ်ခုနှစ်ခုအနက် ယခင်ပညာသင်နှစ်က ခြောက်နှစ်တာသင်တန်းကာသတ်မှတ်ထားသည့် ရေယာဉ်တည်ဆောက်ရေးဗိသုကာဘွဲ့၊ ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲ့နှင့် ရေကြောင်းမက္ကင်းနစ် အင်ဂျင်နီယာဘွဲ့သင်တန်းတို့ကို သင်တန်းကာလ ငါးနှစ်သို့ လျှော့ချခြင်း ဖြစ်သည်။

 

ယခုပညာသင်နှစ်မှာ ကျောင်းသား/သူ ၃၂၀ အထိ လက်ခံပေးမှာပါ၊ လက်ခံတဲ့အခါ အမျိုးသမီးဦးရေကို ၂၀ရာခိုင်နှုန်းလောက်ပဲ လက်ခံပေးဖို့သတ်မှတ်ထားပါတယ်။

 

သင်ရိုးညွှန်းတမ်းတွေက ပြောင်းလဲဖို့ပြင်ဆင်ပြီးပါပြီ၊ အဆင်သင့်အနေအထားရှိပါတယ်။ သင်တန်းကာလက ခြောက်နှစ်ဆိုတော့ လူငယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းအတွက် နှောင့်နှေးရတယ်၊ ဒါကိုလည်း လျှော့ချရာရောက်ပါတယ်။”ဟုပြောသည်။

 

ရေကြောင်းပညာတက္ကသိုလ်ပညာသင်နှစ်ကို တစ်နှစ်လျှော့ချသော်လည်း သိပ္ပံဘွဲ့သင်တန်းသည် ယခင်သင်တန်းကာလ ငါးနှစ်တက်ရောက်ရခြင်းဖြစ်သည့်အတွက် ပြောင်းလဲမှုမရှိကြောင်း၊ ယခုပညာသင်နှစ်တွင် အမျိုးသမီးများကို လက်ခံပေးရာတွင် ရေကြောင်းအင်ဂျင်နီယာဘွဲ့၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရွန်နစ်အင်ဂျင်နီယာဘွဲ့နှင့် သိပ္ပံဘွဲ့(ရေကြောင်းသိပ္ပံ) အထူးဘာသာရပ်တို့မှလွဲ၍ ကျန်ဘာသာရပ်များကို လျှောက်ထားခွင့်ပြုထားသည်။

 

သင်ရိုးညွှန်းတမ်းအနေဖြင့် သင်ကြားရေးတွင် ISO လက်မှတ်ယူထားပြီး နှစ်စဉ်နိုင်ငံတကာ၏ စစ်ဆေးမှုခံယူထားကြောင်း၊ ရေကြောင်းပညာတက္ကသိုလ်သို့တက်ရောက် သင်ကြားလိုပါက တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အနိမ့်ဆုံး ၄၇၀ ရရှိထားသူများသာ ၀င်ခွင့်လျှောက်ထားနိုင်သည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

source: မြ၀တီ

Government School Read 2121 times