Sales Hotline : 09448001653       Download App



၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်

အထူးမှာကြားချက်

၁။ ယခုထုတ်ပြန်သည့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို ၂၀၁၇ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် သော ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီထံသို့ ပေးပို့ပါသည်။

၂။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ပုံမှန်ကျောင်းသားကျောင်းသူများ အဖြစ် တက်ရောက်လို သူများသည် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်၏ အပိုင်း(က)ကို လည်းကောင်း၊ အဝေးသင်တက္ကသိုလ်များသို့ တက်ရောက်လိုသူများသည် အပိုင်း(ခ)ကို လည်းကောင်း အဓိကထား၍ ဖတ်ရှုရန်ဖြစ်ပါသည်။

၃။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ပုံမှန်ကျောင်းသားကျောင်းသူများ အဖြစ် တက်ရောက်လိုသူများသည် "နေ့သင်တန်း" ဟုလည်းကောင်း၊ အဝေးသင်တက္ကသိုလ် သို့ တက်ရောက်လို သူများသည် "အဝေးသင်" ဟုလည်းကောင်း တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ပေါ်တွင် ထင်ရှားစွာ ရေးသားရန်ဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုလိုပါက အောက်ပါ Link တွင် ရယူဖတ်ရှုနိုင်ပါသည်။

http://www.moe.gov.mm/?q=uni-ent-guide-2017

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

source: ministry of education

News Read 12736 times