Covid-19 ကြောင့် ကျောင်းသားမိဘများသည် အလုပ်အကိုင်အဆင်မပြေခြင်းနှင့် စီးပွားရေးကျဆင်းခြင်းများကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည်။ သာတူညီမျှသော ပညာရေးရန်ပုံငွေအဖွဲ့မှ အစီရင်ခံ တင်ပြသည်မှာ ထိုင်းနိုင်ငံရှိ ကျောင်းသား ၁၇၀,၀၀၀ ကျော်သည် မိသားစုဝင်ငွေနည်းပါးသောကြောင့် ကျောင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။
Equitable Education Fund ၏ လက်ထောက်စီမံခန့်ခွဲမှုဒါရိုက်တာ Kraiyos Patrawart က ဤစာသင်နှစ်တွင် ဆင်းရဲနွမ်းပါးသည့် ကျောင်းသားဦးရေမှာ ၁.၇ သန်းရှိသည် ဟုသိရသည်။ Covid-19 ကပ်ရောဂါမတိုင်မီနှင့် နှိုင်းယှဉ်လျှင် ၁၇၀,၀၀၀ ခန့် တိုးလာခဲ့သည်။
အချို့မိသားစုများ၏ဝင်ငွေသည် တစ်နေ့လျှင် ၃၆ ဘတ်ရပြီး ယခုအခါ ဘတ် ၁၂၀၅ မှ ၁,၀၇၇ ဘတ်သို့ ကျဆင်းသွားသည်ဟုသိရသည်။ စစ်တမ်းကောက်ယူခဲ့သည်မှာ အသက် (၇၃) နှစ်မှ (၇၅) နှစ်အတွင်း (၇၃) ရာခိုင်နှုန်းသည် အလုပ်လက်မဲ့များ ဖြစ်ကြသည်။ ထိုရောဂါမဖြစ်ပွားမီဝင်ငွေနည်းပါသည့်မိသားစုများ၏ အလုပ်အကိုင် မှာ ၄၄% ရှိသည်ဟုသိရသည်။
သာတူညီမျှပညာရေးရန်ပုံငွေသည် အစိုးရအေဂျင်စီတစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့်ကျောင်းသားများကို ဆက်လက်ပညာသင်ကြားနိုင်ရန် ကူညီသည်။ ထိုရန်ပုံငွေသည် ကျောင်းသားများအားငွေကြေးနှင့် အခြားအကူအညီများပေးခဲ့သည်ဟုသိရသည်။
“Covid-19 က ကျောင်းသားမိဘများကို ငွေကြေးအကူအညီတိုးမြှင့်ပေးရန် ကျွန်တော်တို့အား တိုက်တွန်းပေးနေတယ်” ဟု Mr Kraiyos မှပြောကြားခဲ့သည်။
ထိုစီးပွားရေးအခြေအနေအောက်မှာ ကျောင်းသူ/သားများ၏ ပညာရေးထိခိုက်ခံရခြင်း (သို့) အတင်းအကြပ် စေခိုင်းခံရခြင်းများကိုလည်း တွေ့ရသည်။ လာမည့်ဘဏ္ဏာရေးနှစ်တွင် ကျောင်းသား ဦးရေ ၇၆၁,၇၂၉ မှ ၁,၀၆၇,၀၂၉ ယောက် ကျောင်းသားများအတွက် ကုန်ကျစရိတ်များကို ရန်ပုံငွေထောက်ပံ့ရန် သဘောတူခဲ့သည်ဟုသိရသည်။
၎င်းတို့တွင် အခြေခံပညာရေး ကော်မရှင်ရုံးအောက်ရှိ သူနာပြုကျောင်းသားများ၊ ဒေသန္တရအုပ်ချုပ်ရေးဌာနနှင့် နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည်။ Covid-19 ဒဏ်ခံရသော ကျောင်းသား ၁၇၀,၀၀၀ ယောက်အတွက်လည်း ထောက်ပံ့မှုများ ရရှိမည်ဖြစ်သည်။ Mr Kraiyos မှပြောကြားရာတွင် ဘဏ္ဏာရေးအကူအညီဖြင့် ကျောင်းများရှိဆင်းရဲနွမ်းပါးသည့် ကျောင်းသားများတက်ရောက်မှုနှုန်းသည် ၆၉.၄% မှ ၈၉.၄% သို့ တက်ဖွယ်ရှိသည်ဟုပြောကြားခဲ့သည်။
ပညာရေးပြုပြင်ပြောင်းလဲမှုသည် ထိပ်တန်း ဦး စားပေးဖြစ်သည်
ကိုဗစ်ကာလတွင် ထိုင်းနိုင်ငံ၏ ချို့တဲ့ပြီး ခေတ်နောက်ကျနေသော ပညာရေးစနစ်သည် ဒုတိယနေရာတွင် ရှိသည်ဟုသိရသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုသည် သီးခြားပြောင်းလဲမှု အစီအစဉ်တစ်ခု ဖြစ်လာသည်။ အထူးသဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ ထိုင်းကျောင်းသားများသည် အထက်တန်းကျောင်းများ၌ ကိုဗစ်ကာလအတွင်း အစိုးရမှချမှတ်ထားသော ကျန်းမာရေးနှင့် အညီ ဝတ်ဆင်ရန် ညွှန်ကြားထားသော အချက်ကို သူတို့အနေဖြင့် အမျက်ဒါသထွက်ခဲ့ကြသည်ဟုသိရသည်။
ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ဆိုင်းငံ့ထားခဲ့ကြသည့် ကျယ်ပြန့်သော ပညာရေးအပြောင်းအလဲများ ကိုထောက်ပြသည်ဟုသိရသည်။ သေချာတာက၊ ထိုင်းပညာရေး မကောင်ခြင်းသည် ငွေကြေးမလုံလောက်ခြင်းကြောင့်ဖြစ်သည် ဟုသိရသည်။
အစိုးရ၏ ဘတ်ဂျက်သည် ပညာရေးဝန်ကြီးဌာနအတွက် ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်သုံးစွဲရသည်။ များသောအားဖြင့် အဆင့်ဆင့်ပြောင်းလဲလာသော ရာထူးအမြင့်ဆုံ ဝန်ကြီးဌာနများအကြား 2019 ဘဏ္ဏာရေးနှစ်တွင် ထိုင်းနိုင်ငံ၏ ပညာရေးအသုံးစရိတ်သည် အခြားနိုင်ငံများထက် ကျဆင်းနေသည်။ အခြားနိုင်ငံများဖြစ်သော အင်ဒိုနီးရှားတွင် ၈.၁%၊ တရုတ်တွင် ၁၃%၊ ဖိလစ်ပိုင်တွင် ၁၇%၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ်နိုင်ငံတွင် ၁၁% တို့ သုံးစွဲကြောင်းသိရသည်။ ထိုင်းပညာရေးနှင့် ပတ်သက်သောပြဿနာသည် ဘတ်ဂျက်အသုံးစရိတ်ထက် ကျော်လွန်နေသည်ဟုသိရသည်။
ပညာရေးပြဿနာများသည် နက်ရှိုင်းစွာကျယ်ပြန့်စွာဖြစ်ပေါ်နေပြီး ဘတ်ဂျက်အကြီးအကျယ်ခွဲဝေချထားပေးထားသော်လည်း အစိုးရအဖွဲ့တွင်းရှိ ပညာရေးဆိုင်ရာ အစုအဖွဲ့သည် အလွန်အမင်းလိုချင်တပ်မက်မှုမရှိခဲ့ပါ။ ယနေ့အထိ ပညာရေးဝန်ကြီးတစ်ဦးမှ ထိုင်းကျောင်းသားများကိုအနှောက်အယှက်ဖြစ်စေသော ပညာရေးအတွက်တင်းကျပ်သော ပြဿနာမျာကိုးဖြေလျှော့ပေးနိုင်ခြင်းမရှိပါဟုသိရသည်။
ဘာမှားနေသလဲဆိုတာ ကျောင်းသားတွေကိုမေးပါ
လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း တစ်နှစ်လျှင်ပျမ်းမျှ ပညာရေးဝန်ကြီးတစ်ဦး သာရှိခဲ့သည်မှာအံ့အားသင့်စရာ တစ်ခုဖြစ်ခဲ့သည်။ ထိုကဲ့သို့သော မကြာခဏ မူဝါဒပြောင်းလဲမှု့များသည် အခြေအနေမကောင်းသော နိမိတ်လက္ခဏာကိုပြသည်။ သို့ပေမယ့် ထိုင်းပညာရေးပြဿနာတွေက အမြစ်တွယ်နေတယ်ဟုသိရသည်။
ကျွမ်းကျင်သူများနှင့် အဆင့်မြင့်အရာရှိများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုများပြန်လည်ရရှိခြင်း၊ အင်္ဂလိပ်စာကျွမ်းကျင်မှု အားနည်းခြင်း၊ အရည်အသွေး အာမခံချက်အစီအမံများ၊ ဆရာများလေ့ကျင့်သင်ကြားခြင်း၊ ကျောင်းသားများ၏ရမှတ်များ၊ စသည့် တက္ကသိုလ်နှင့် ကောလိပ် များပိုမိုဖွင့်လှစ်ရန်စီစဉ်ထားသည်ဟုသိရသည်။
အဆိုပါတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူတွေ မအောင်မြင်တာက ကျောင်းသားတွေ ဘာတွေမှားတယ်ဆိုတာ သူတို့ကိုမေးဖို့လိုပါတယ်။ ယခုအတန်းငယ်သောကျောင်းသားများအကြား ထိုင်းပညာရေးတွင် ပုန်ကန်မှုနှင့် ဆင်တူသော ကျွန်ုပ်တို့သည် အောက်ခြေမှကွဲပြားခြားနားသော မကျေနပ်မှုများစွာကို ကြားနေရသည်ဟုသိရသည်။
Ref: chiangraitimes
By Yu Khine