ထိုင်းနာမည်ကြီးတက္ကသိုလ် (၂၉) ကျောင်း ပါဝင်မယ့် အခမဲ့ ပညာရေးပြပွဲ

မြန်မာနိုင်ငံနဲ့ နီးနီးနားနား ထိုင်းမှာပဲ ကျောင်းသွားတက်မယ်လို့ စိတ်ကူးထားသူတွေအတွက် ထိုင်းနိုင်ငံမှ ထိပ်တန်းတက္ကသိုလ်တွေကို တစ်စုတစ်စည်းတည်း တွေ့ရမယ့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီးအကြောင်းကို မျှဝေပေးသွားပါမယ်။ 

ဒီပွဲကို AMAUT (Association of Myanmar Alumni from Universities in Thailand) ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ဦးစီးပြီး ရန်ကုန်ရှိ ထိုင်းသံရုံးရဲ့ ပံပိုးကူညီမှုနဲ့အတူ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။  

(၁၁) ကြိမ်မြောက် ကျင်းပမယ့် "Thailand Education Fair Myanmar" ပွဲကို ရန်ကုန်မြို့  Sedona Hotel Yangon (Grand Ballroom) မှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၄) ရက် (စနေနေ့) ၊ မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 

ပွဲမှာ ပါဝင်မယ့် တက္ကသိုလ်များ

  1. Asia Institute of Technology (AIT)
  2. Assumption University
  3. Bridge International - Bangkok
  4. Crismon Education
  5. Dhurakij Pundit University (DPU)
  6. Dusit Thani College
  7. Faculty of Economics, Chiang Mai University
  8. Faculty of Humanities, Naresuan University
  9. Graduate School of Tourism Management, NIDA (GSTM NIDA)
  10. International College of NIDA
  11. International Hotel and Tourism Industry Management School (I-TIM)
  12. IRPC Technology College International
  13. Kasem Bundit University (KBU)
  14. Kasetsart University International College (KUIC)
  15. King Mongkut's University of Technology North Bangkok (KMUTNB)
  16. Krirk University
  17. London Universities at Bangkok Centre (LUBC)
  18. Mahidol University International College (MUIC)
  19. Chulalongkorn University (Master of Management - International Program)
  20. Mahanakorn University of Technology International College (MUTIC)
  21. North-Chiang Mai University
  22. Payap University
  23. Prince of Songkla University (PSU)
  24. Prince of Songkla University Faculty of Medicine
  25. Prince of Songkla University Phuket Campus
  26. Silpakorn University International College (SUIC)
  27. Southeast Bangkok University (SBU)
  28. Thai Global Business College (TGBC)
  29. University of the Thai Chamber of Commerce (UTCC)

ဘယ်သူတွေ တက်ရောက်လေ့လာသင့်လဲ?

  • အထက်တန်း မအောင်မြင်သေးတဲ့ ကျောင်းသား/သူတွေ
  • တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူတွေ
  • Foundation program တွေအကြောင်း လေ့လာလိုသူတွေ 
  • HND, GED, IGCSE, A level ဖြေထားသူတွေ
  • ထိုင်းမှာ ဘွဲ့ကြို၊ ဘွဲ့လွန် တက်ရောက်လိုသူတွေ
  • အင်္ဂလိပ်စာလိုအပ်ချက်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ မေးမြန်းလိုသူတွေ
  • ထိုင်းမှာ ခဏတက်ပြီး Dual program ၊ Exchange program တွေနဲ့ တစ်ခြားနိုင်ငံကို ကူးချင်သူတွေ 
  • ကျောင်းက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးချင်တဲ့သူတွေ 
  • ပညာသင်ဆုအကြောင်း သိချင်/လျှောက်ချင်တဲ့ ကျောင်းသားတွေ 
  • Credit transfer  အတွက် မေးချင်နေတဲ့ ကျောင်းသားတွေ
  • မိမိ သားသမီး၊ တပည့်တွေရဲ့ အနာဂတ်အတွက်  စိတ်အေးရအောင် ကြိုပြီး လေ့လာထားလိုတဲ့ မိဘ၊ ဆရာတွေ တက်ရောက်သင့်ပါတယ်။

ဒီပညာရေးပွဲကြီးမှာ ရရှိမယ့် အကျိုးကျေးဇူးတွေက ဘာဖြစ်မလဲ?

  • တစ်ခါတည်း ကျောင်းလျှောက်လို့ရမယ့် အခွင့်အရေး 
  • ပညာသင်ဆုလျှောက်ဖို့အတွက် ပြင်ဆင်ပုံကို မေးမြန်းနိုင်ခြင်း
  • ထိုင်းတက္ကသိုလ်တွေမှ ပရော်ဖက်ဆာများ/ တာဝန်ရှိသူများထံမှ မိမိပညာရေးအတွက် အခမဲ့ ဆွေးနွေးနိုင်ခြင်း
  • နိုင်ငံတကာပညာရေးလမ်းကြောင်းအမျိုးမျိုးကို တစ်နေရာတည်း အကုန်လေ့လာနိုင်တာကြောင့် အချိန်ကုန်သက်သာခြင်း 
  • သိချင်တာတွေကို ပွဲစီစဉ်သူ AMAUT Booth မှာ သွားရောက် မေးမြန်းလို့ ရနိုင်ခြင်း 
  • မိတ်ဖက်အဖွဲ့အစည်းတွေမှ ပွဲလာသူတွေကို ပေးမယ့် အထူးအခွင့်အရေးတွေကို ခံစားခွင့်ရရှိခြင်း
  • နေ့လည်ပိုင်း Panel Discussion မှာလည်း လက်ရှိ ထိုင်းတကက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရထားတဲ့ Alumni တွေဆီကနေ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကို နားထောင်နိုင်ခြင်း
  • မေဂျာရွေးချယ်မှုကနေစပြီး နေထိုင်စရိတ်၊ နယ်မြေအခြေအနေ၊ ဗီဇာလျှောက်ထားမှု၊ ဘွဲ့ရပြီးအလုပ်အကိုင်အခွင့်အလမ်းတွေထိပါ စုံစမ်းမေးမြန်းနိုင်ခြင်း

ထိုင်းနိုင်ငံ ပညာရေးကို စိတ်ဝင်စားပြီး မိမိနဲ့ သင့်တော်တဲ့ ပညာရေး ပရိုဂရမ်တွေကို တစ်နေရာတည်းမှာ လေ့လာရှာဖွေလိုတယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး သွားရောက်နိုင်ပါတယ်

>> https://docs.google.com/forms/

11th Thailand Education Fair (Myanmar) 2026

Date : 4th April (Saturday)

Time : 9:00 AM - 4:00 PM

Venue : Sedona Hotel Yangon

Free Admission

Source - AMAUT

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Events & Exhibitions Latest Post Read 3417 times