ထိုင်းမှာ ကျောင်းတက်ချင်သူတွေအတွက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီး

မြန်မာနိုင်ငံနဲ့ နီးနီးနားနား ထိုင်းမှာပဲ ကျောင်းသွားတက်မယ်လို့ စိတ်ကူးထားသူတွေအတွက် ထိုင်းနိုင်ငံမှ ထိပ်တန်းတက္ကသိုလ်တွေကို တစ်စုတစ်စည်းတည်း တွေ့ရမယ့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီးအကြောင်းကို မျှဝေပေးသွားပါမယ်။ 

ဒီပွဲကို AMAUT (Association of Myanmar Alumni from Universities in Thailand) ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ဦးစီးပြီး ရန်ကုန်ရှိ ထိုင်းသံရုံးရဲ့ ပံပိုးကူညီမှုနဲ့အတူ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။  

(၁၀) ကြိမ်မြောက် ကျင်းပမယ့် "Thailand Education Fair Myanmar" ပွဲကို ရန်ကုန်မြို့  NOVOTEL HOTEL (Pathein Room) မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက် (တနင်္ဂနွေနေ့) ၊ မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 

ဘယ်သူတွေ တက်ရောက်လေ့လာသင့်လဲ?

  • အထက်တန်း မအောင်မြင်သေးတဲ့ ကျောင်းသားတွေ
  • တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူတွေ
  • Foundation program တွေအကြောင်း လေ့လာလိုသူတွေ 
  • HND, GED, IGCSE, A level ဖြေထားသူတွေ
  • ထိုင်းမှာ ဘွဲ့ကြို၊ ဘွဲ့လွန် တက်ရောက်လိုသူတွေ
  • English Test မဖြေဘဲ ကျောင်းလျှောက်လို့ ရမလားလို့ သိချင်နေတဲ့ ကျောင်းသားတွေ
  • ထိုင်းမှာ ခဏတက်ပြီး Dual program ၊ Exchange program တွေနဲ့ တစ်ခြားနိုင်ငံကို ကူးချင်သူတွေ 
  • ကျောင်းက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးချင်တဲ့သူတွေ 
  • ပညာသင်ဆုအကြောင်း သိချင်/လျှောက်ချင်တဲ့ ကျောင်းသားတွေ 
  • Credit transfer  အတွက် မေးချင်နေတဲ့ ကျောင်းသားတွေ
  • မိမိ သားသမီး၊ တပည့်တွေရဲ့ အနာဂတ်အတွက်  စိတ်အေးရအောင် ကြိုပြီး လေ့လာထားလိုတဲ့ မိဘ၊ ဆရာတွေ တက်ရောက်သင့်ပါတယ်။

ပွဲမှာ ပါဝင်ပြသသွားမယ့် ထိုင်းတက္ကသိုလ် (၂၂) ကျောင်း

  1. Assumption University
  2. Bangkok University
  3. Dhurakij Pundit University (DPU)
  4. Dusit Thani College
  5. IRPC Technological College
  6. Kasetsart University (Faculty of Business Administration)
  7. King Mongkut’s University of Technology North Bangkok (KMUTNB)
  8. King Mongkut’s University of Technology Thonburi (KMUTT)
  9. Krirk University
  10. North Bangkok University
  11. North Chiangmai University
  12. Payap University
  13. Prince of Songkla University (PSU), Phuket Campus
  14. Prince of Songkla University (PSU)
  15. Prince of Songkla University (PSU), Faculty of Medicine
  16. Raffles International College
  17. Southeast Bangkok University
  18. Sripatum University International College (SPUIC)
  19. Stamford University
  20. Thammasat Business School, Thammasat University
  21. Thammasat University (Faculty of Economics, PBIC & TBS)
  22. University of the Thai Chamber of Commerce (UTCC)

ဒီပညာရေးပွဲကြီးမှာ ရရှိမယ့် အကျိုးကျေးဇူးတွေက ဘာဖြစ်မလဲ?

  • တစ်ခါတည်း ကျောင်းလျှောက်လို့ရမယ့် အခွင့်အရေး 
  • ပညာသင်ဆုတွေ ပေးတဲ့ ကျောင်းတွေမှာ ပညာသင်ဆုလျှောက်ဖို့အတွက် ပြင်ဆင်ပုံကို မေးမြန်းနိုင်ခြင်း
  • ထိုင်းတက္ကသိုလ်တွေမှ ပရော်ဖက်ဆာများ/ တာဝန်ရှိသူများထံမှ မိမိပညာရေးအတွက် အခမဲ့ ဆွေးနွေးနိုင်ခြင်း
  • နိုင်ငံတကာပညာရေးလမ်းကြောင်းအမျိုးမျိုးကို တစ်နေရာတည်း အကုန်လေ့လာနိုင်တာကြောင့် အချိန်ကုန်သက်သာခြင်း 
  • မနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပတဲ့ပွဲ ဖြစ်တာကြောင့် သေချာ အချိန်ယူပြီး လေ့လာနိုင်ခြင်း 
  • သိချင်တာတွေကို ပွဲစီစဉ်သူ AMAUT Booth မှာ သွားရောက် မေးမြန်းလို့ ရနိုင်ခြင်း 
  • မိတ်ဖက်အဖွဲ့အစည်းတွေမှ ပွဲလာသူတွေကို ပေးမယ့် အထူးအခွင့်အရေးတွေကို ခံစားခွင့်ရရှိခြင်း

ထိုင်းနိုင်ငံရဲ့ ပညာရေးကို စိတ်ဝင်စားပြီး မိမိနဲ့ သင့်တော်တဲ့ ပညာရေး ပရိုဂရမ်တွေကို တစ်နေရာတည်းမှာ လေ့လာရှာဖွေလိုတယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး သွားရောက်လေ့လာနိုင်ပါတယ်။ 

>> https://docs.google.com/forms/d/

ပွဲအပြီး AMAUT Alumni Network နဲ့လည်း ဆက်လက်ချိတ်ဆက်နိုင်ပါတယ်။ 9th Thailand Education Fair မှာ မမေးလိုက်ရတဲ့ မေးခွန်းတွေကို AMAUT Alumni Network မှတစ်ဆင့် ဆက်လက်မေးမြန်းနိုင်ပါတယ်။

AMAUT Alumni Network နဲ့ ဆက်လက်ချိတ်ဆက်ရင် ဘာတွေရနိုင်မလဲ?

  • ထိုင်းတက္ကသိုလ်တွေနဲ့ ဆက်စပ်နေတဲ့ Update အချက်အလက်များ
  • ပညာသင်ဆုနဲ့ ကျောင်းလျှောက်နည်း အခမဲ့ Guideline များ
  • Alumni တွေနဲ့ Networking ရမယ့် အခွင့်အလမ်း
  • Visa၊ Accommodation စတဲ့ လက်တွေ့အသုံးဝင်တဲ့ အကြံဉာဏ်များ

AMAUT Alumni Network နဲ့ ချိတ်ဆက်ရန်:

Email: [email protected] သို့ “Alumni Network Join” ဟူ၍ Email ပို့ကာ Join နိုင်ပါတယ်။

Source - AMAUT

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Events & Exhibitions Latest Post Read 2408 times