Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများ အလွန်ဆုံးရက်ပိုင်းသာ နောက်ကျခွင့်ရှိမည်

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများ အလွန်ဆုံးရက်ပိုင်းသာ နောက်ကျခွင့်ရှိမည်

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများကို သတ်မှတ်ထားသည့် အချိန်အတွင်း၌သာ လက်ခံမည် ဖြစ်ပြီး အလွန်ဆုံးရက်ပိုင်းသာ နောက်ကျခွင့်ရှိမည်။

၂၀၁၉ ခုနှစ်တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း လျှောက်လွှာများကို ယခုလကုန်တွင် နောက်ဆုံးထားတင်သွင်းရမည် ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သတ်မှတ်ထားပြီး သတ်မှတ်ရက်ကျော်လွန်ပြီးမှ ရောက်လာသော လျှောက်လွှာများကို လက်ခံခြင်း ပြုမည်မဟုတ်ပါ။

ကျောင်းသား/သူများအနေဖြင့် သွားလာရေးခက်ခဲသောနေရာများမှလာရောက်သည်ဆိုပါက သတ်မှတ်ရက်ထက် အလွန်ဆုံးရက်ပိုင်းသာ နောက်ကျခွင့်ရှိမည် ဖြစ်သည်။

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ရောင်းချပေးနေသည်။

ယခုလကုန်အထိ တင်သွင်းနိုင်ကြောင်းအခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာ ကျောင်းများတွင် လျှောက်ထားနိုင်သည်။

ပြင်ပမှ ၀င်ရောက်ဖြေဆိုမည့်သူများသည် မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားနိုင်သည်။

"သတ်မှတ်ရက်ထက် ဘယ်နှရက်ထပ်ပြီး  နောက်ကျနိုင်တယ်ဆိုတာ လည်း သတ်မှတ်မထားသေးပါဘူး။ တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာတာမျိုးဆိုရင်တော့ လက်ခံပါတယ်"ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျှောက်လွှာများကို တစ်စောင်လျှင်  ကျပ် နှစ်ရာ၊ ကျပ် ၇၀၀ တန် ငွေသွင်းတံဆိပ်ခေါင်း စုစုပေါင်းကျပ် ၉၀၀ သာ ကုန်ကျမည်ဟု ထုတ်ပြန်ကြေညာထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

SOURCE: DEMOCRACY

News Read 6361 times