Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual စနစ်ဖြင့် ထုတ်လွှင့်မည်

သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်ပြသ သွားမည်ဖြစ်ပြီး MRTV Facebook Page နှင့် University of Yangon Myanmar Facebook Page တို့မှ Live Streaming ထုတ်လွှင့်မည့်အပြင် ဒီဇင်ဘာ ၁ ရက် ည ၉ နာရီတွင်လည်း ရန်ကုန်တက္ကသိုလ် ရာပြည့်ဂုဏ်ပြု အခြားအစီအစဉ်များနှင့်အတူ ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို MNTV၊ Channel 9၊ DVB၊ Mizzima၊ YTV ရုပ်သံလိုင်း များနှင့် MOI Webportal Myanmar Facebook Page၊ Myanmar Digital News Facebook Page နှင့် Padamyar FM Broadcasting Page တို့မှလည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Source: The Mirror Daily

Latest Post Read 341 times