Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက် နေ့တွင် ကျရောက်မည့် ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို ပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ 

အဆိုပါ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်အညီ ပညာ သင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများအား လည်းကောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးကို အကျိုးပြုနိုင်သော စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီး တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေမှုများအား လည်းကောင်း ဖော်ညွှန်းရေးသား ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆောင်းပါးပြိုင်ပွဲ

အဆိုပါ ဆောင်းပါးပြိုင်ပွဲသို့ မည်သူ မဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဆောင်းပါးပြိုင်ပွဲကို “ရာပြည့် တက္ကသိုလ်မြကျွန်းညို” ခေါင်းစဉ် ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပုံနှိပ်ဖော်ပြခြင်း မရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၅ မျက်နှာမှ ၇ မျက်နှာအထိ ကွန်ပျူ တာစာစီ၍ ရေးသားပေးပို့ ယှဉ်ပြိုင် ရပါမည်။

ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲ

ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲသို့ နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်သည်။ ကဗျာပြိုင်ပွဲသို့ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၁ မျက်နှာမှ ၂ မျက်နှာအထိ ကွန်ပျူတာစာစီ၍ လည်းကောင်း၊ ဝတ္ထုတို ပြိုင်ပွဲသို့ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၅ မျက်နှာ မှ ၇ မျက်နှာအထိ ကွန်ပျူတာစာစီ ၍ လည်းကောင်း ပေးပို့ယှဉ်ပြိုင် ရမည်။

ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင် စာမူ နှစ်စောင်ကို ကိုယ်တိုင်ရေးစာမူ ဖြစ်ကြောင်း ဝန်ခံချက် ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေး မှတ်တမ်းအကျဉ်းတို့နှင့်အတူ ပေးပို့ ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဆောင်းပါး များကို နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား ၍ ဦးအောင်ကျော်ထက်၊ ဒုတိယ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် မြို့သို့ ဆက်သွယ်ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

Source: Myanmar Digital News

Latest Post Read 406 times