Sales Hotline : 09448001653       Download App



၁ ဘီလီယံနှင့်ချီသော ကျောင်းသူကျောင်းသားများ Coronavirus ကြောင့် ထိခိုက်နစ်နာဟု ကုလသမဂ္ဂအကြီးအကဲ ပြော

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က Coronavirus ကူးစက်ရောဂါသည် သမိုင်းတွင် အကြီးမားဆုံး ပညာရေးပြတ်တောက်မှုဖြစ်စေကြောင်း၊ ဇူလိုင်လလယ်တွင် နိုင်ငံပေါင်း ၁၆၀ ကျော်တွင် ကျောင်းများ ပိတ်ထားရပြီ းကျောင်းသား ၁ ဘီလီယံကျော်ထိခိုက်ခဲ့သည်။

ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂအကြီးအကဲက ပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းရှိ အနည်းဆုံး မူကြိုအရွယ် ကလေးသန်း ၄၀ သည် ပညာရေး ဆုံးရှုံးလျက် ရှိသည်။ ရလဒ်အနေဖြင့် ကမ္ဘာကြီးသည် ပညာရေးဆုံးရှုံးထားသော မျိုးဆက်သစ်တစ်ခု အထိ ဒုက္ခကို ရင်ဆိုင်ရလိမ့်မည်ဟု  ဂူတာရက်စ်က သတိပေးခဲ့သည်။

ကူးစက်ရောဂါ မတိုင်မီကပင် ကမ္ဘာကြီးသည် သင်ယူမှုအကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။ ကျောင်းတက်နေရာမှ ကျောင်းထွက်ရသော ကလေး သန်း ၂၅၀ ကျော် ရှိနေပြီး အခြေခံပညာ ပြီးဆုံးသူ ဦးရေမှ ကျောင်းတက်သူဦးရေ၏ လေးပုံတစ်ပုံသာရှိသည်။

ယူနက်စကိုနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ နိုင်ငံပေါင်း ၁၈၀ ကို လွှမ်းခြုံသည့် ကမ္ဘာလုံးဆိုင်ရာခန့်မှန်းချက်အရ မူလတန်းလွန်မှ တက္ကသိုလ်အဆင့်အထိ ကလေးသူငယ်များနှင့်လူငယ် ၂၃.၈ သန်းသည် ကူးစက်ရောဂါ၏ စီးပွားရေအကျိုးသက်ရောက်မှုကြောင့် လာမည့်နှစ်တွင်ကျောင်းသို့မတက်နိုင်ခြင်း (သို့မဟုတ်) ကျောင်းထွက်နိုင်ခြင်းများ ရှိမည်။

 ဗီဒီယိုမက်ဆေ့ခ်ျတစ်ခုနှင့် စာမျက်နှာ ၂၆ မျက်နှာပါမူဝါဒဆိုင်ရာ ရှင်းလင်းချက်တွင် ဂူတာရက်စ်ပြောကြားခဲ့သည်။ အစိုးရများနှင့် လုပ်ဖော်ကိုင်ဖက်များ ယခုလိုဆုံးဖြတ်ချက်ချခြင်းသည် သန်းနှင့်ချီသော လူငယ်များအပေါ်နှင့် လာမည့်ဆယ်စုနှစ်များစွာ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများအပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိလိမ့်မည်။

ကပ်ရောဂါမှ မတူကွဲပြားသော ပညာရေးပြတ်တောက်ခြင်းသည် မူဝါဒဆိုင်ရာ ရှင်းလင်းချက်အရ အလွန်ကွာဝေးပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နေ့ရက်ကို ကြေငြာခြင်းမရှိသေးပါ။

ဒေသတွင်း COVID-19 ကူးစက်မှုကို ထိန်းချုပ်ပြီးတာနဲ့ ကျောင်းတွင် ကျောင်းသားတွေကို သင်ကြားရေးဌာနတွေဆီ အတတ်နိုင်ဆုံး အန္တရာယ်ကင်းစွာပြန်ပို့တာက အဓိကဦးစားပေးရမည်ဟု ဂူတာရက်စ် ကပြောသည်။

ယူနက်စကို ပညာရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် စတက်ဖနီယာဂျန်နီနီက သတင်းထောက်များကို ပဲရစ်အခြေစိုက် အေဂျင်စီသည် အောက်တိုဘာလ ဒုတိယနှစ်ဝက်အတွင် းကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ကတိကဝတ်များရှိထားရန် အဆင့်မြင့်အစည်းအဝေးကို အောက်တိုဘာလ ဒုတိယပတ်တွင် ကျင်းပရန်စီစဉ်ထားကြောင်: သတင်းထောက်များကို ပြောကြားခဲ့သည်။

စီးပွားရေးထိခိုက်မှုတွေ ရှိနိုင်ပေမယ့် ကျောင်းများ ကြာကြာပိတ်ထားရပါတယ်။ အထူးသဖြင့် အဆင်းရဲဆုံးနဲ့  ထိခိုက်လွယ်ဆုံး ကလေးငယ်တွေအတွက် အကျိုးသက်ရောက်မှု ပိုများစေတယ်ဟု ဂျန်နီနီကသတိပေးခဲ့သည်။

အထူးသဖြင့်  ကျောင်းများတွင် ကျန်းမာရေးအားနည်းသောလူငယ်များအတွက် သင်ကြားရေးသာမက လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် အာဟာရဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း ဂျန်နီနီကပြောကြားခဲ့သည်။

Coronavirus ပြဿနာသည် ဒစ်ဂျစ်တယ်၊ လူမှုရေးနှင့် ကျား၊ မ ခွဲခြားမှုများ ကိုပိုမိုကျယ်ပြန့်စေသည်ဟု ကျေးလက်ဒေသရှိ မိန်းကလေးများ၊ ဒုက္ခသည်များ၊ မသန်စွမ်းသူများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် လူငယ်များအတွက် ပညာရေးအတွက် ငွေကြေးတိုးမြှင့်သုံးစွဲရန် ဦးစားပေးသင့်ကြောင်း ဂူတာရက်စ် က ပြောကြားခဲ့သည်။

ကူးစက်ရောဂါမတိုင်မီ၊ ဝင်ငွေနည်းပါးသူနှင့် အလယ်အလတ်တန်းစား နိုင်ငံများသည် နှစ်စဉ်ပညာရေးရန်ပုံငွေ ကွာဟမှုဒေါ်လာ ၁.၅ ထရီလီယံနှင့် ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ ပညာရေးရန်ပုံငွေကွာဟမှုသည် ၃၀% အထိတိုးလာနိုင်သည်။

ပညာရေးဆိုင်ရာ အစပျိုးမှုများသည် အကျပ်အတည်းများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် မသန်စွမ်းသူများရှိသည့် လူငယ်များအပါအဝင် စွန့်ပစ်ခံရမည့်သူများကို ပစ်မှတ်ထားရမည်ဟု အထွေထွေအတွင်းရေမှူး ကပြောကြားခဲ့သည်။ COVID-19 အကျပ်အတည်းကာလတွင် ဒီဂျစ်တယ်ပြိုကွဲမှုကိုဖြေရှင်းရန် ပို၍ထင်ရှားလာသည်နှင့်အမျှ  ထိုဆောင်ရွက်မှုများသည် အရေးတကြီး ကြိုးစားသင့်သည်ဟုသူကပြောသည်။

ရောဂါကူးစက်မှုသည် ပညာရေး အခွင့်အလမ်းများကို ပြန်လည်စဉ်းစားရန်နှင့် အရည်အသွေးပြည့်ဝသော ပညာရေးစနစ်များကို ပိုမိုတိုးမြှင့်ရန် ဂူတာရက်စ် ကပြောကြားခဲ့သည်။ 

ယူနက်စကိုမှ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ အွန်လိုင်းသင်ယူခြင်း ပညာရေးအပါအဝင် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း တီထွင်ဆန်းသစ်မှုများသည် ပြောင်းလဲမှု လျင်မြန်စွာဖြစ်ပေါ်နိုင်ကြောင်း သက်သေပြခဲ့သည်ဟု ဂျန်နီနီက ပြောကြားခဲ့သည်။

ကလေးငယ်များနှင့် လူငယ်များ၏ စိတ်ဓာတ်ကိုမြှင့်တင်ရန်နှင့် COVID-19 ပြန်လည်ထူထောင်ရေး၏ အရေးပါပုံနှင့် ကမ္ဘာ့အနာဂတ်ကိုအသိအမှတ်ပြုရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများ စုစည်းထားသည့် "Save Our Future" ဟုခေါ်သည့်လှုပ်ရှားမှုကို ဂျန်နီနီသည် ဩဂုတ်လ ၄ ရက်က စတင်ခဲ့သည်။

 

Ref: time.com

Yu Khine

Latest Post Read 560 times