Sales Hotline : 09448001653    



အသက် ၃၅ နှစ်အောက် လူငယ်များ အခမဲ့ တက်ရောက်နိုင်မယ့် “Youth Leadership” သင်တန်း

 

 

လူငယ်များအတွက် သီးသန့်ရည်ရွယ်ထားသော “Youth Leadership” သင်တန်းကို ဒို့အိမ် (Doh Eain) မှ ဦးစီးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းမှာ မြို့ပြပုံဖော်သူလူငယ်များ (Young City Shapers) ၏ မော်ဂျူးတစ်ခုဖြစ်ပြီး မြို့ပြ နှင့် ရပ်ရွာ အကျိုးပြုလုပ်ငန်းများတွင် မျိုးဆက်သစ်လူငယ်များ အနေဖြင့် ဦးဆောင်ပါဝင်စေနိုင်မည့် စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။

 

သင်တန်းတွင်ဦးဆောင်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များကို ဆွေးနွေးပို့ချ သွားမည်ဖြစ်ပြီးအဖွဲ့လိုက် လက်တွေ့ လုပ်ဆောင်ရမည့် လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်သည်။ 

 

သင်တန်းအားတက်ရောက်ခြင်းအားဖြင့် သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများ နှင့် ဆွေးနွေးမှု များမှတစ်ဆင့်တက်ရောက်သူများက မိမိတို့၏ ကိုယ်ပိုင် ဦးဆောင်မှုစွမ်းရည်များကို နားလည်သဘောပေါက် လာနိုင်မည်ဖြစ်သည်။ ထို့အပြင် လူငယ်များ အနေနှင့်လည်း မိမိကိုယ်ကို ပိုမိုယုံကြည်မှု ရှိလာမည်ဖြစ်သည်။ 

 

သင်တန်းကာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ နှစ်ရက်တာ ကြာမြင့်မည်ဖြစ်ပြီး မနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအထိ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းအား Zoom ကို အသုံးပြု၍ မြန်မာဘာသာဖြင့် ပို့ချမည် ဖြစ်ပါသည်။

 

သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး အသက် ၃၅ နှစ်အောက် လူငယ်များ လျှောက်ထားနိုင်သည်။ သင်တန်းသားဦးရေ အကန့်အသတ်ရှိသောကြောင့် တက်ရောက်ခွင့် ရရှိသူများကိုသာ ပြန်လည် အကြောင်းကြားပေးသွားမည်ဖြစ်သည်။

 

တက်ရောက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ဖော်ပြပါ လင့်ခ် (link) မှ တစ်ဆင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါသည်။ 

 

လျှောက်ထားရန်လင့်ခ် - https://forms.gle/csNJ4qkzTxpXypZ89

 

ဒို့အိမ် (Doh Eain) Facebook Page မှကူးယူဖော်ပြပါသည်။

 

Latest Post Vocational Read 724 times