Sales Hotline : 09448001653       Download App



လူငယ်များ စွမ်းဆောင်ရည်နှင့် အလုပ်သင်အခွင့်အလမ်းရရှိမယ့် Youth Innovation Challenge 2023

 

လူငယ်တွေရဲ့ အခွင့်အလမ်းတွေ အရည်အသွေးတွေကို အမြဲတမ်းဖော်ဆောင်ပေးနေတဲ့ Impact Hub Yangon မှ ဦးစီးပြီး FNF Myanmar မှ ပူးပေါင်းစီစဥ်ထားတဲ့ “Youth Innovation Challenge 2023: Capacity Building & Internship Opportunities for Young Leaders”  အကြောင်းကို မျှဝေပေးချင်ပါတယ်။

 

သင်က ကိုယ့်ကိုယ်ကို စွန့်ဦးတီထွင်မှု၊ ခေါင်းဆောင်မှု၊ ဆန်းသစ်ဖန်တီးနိုင်မှုတွေကို စိတ်ဝင်စားတဲ့သူ တစ်ယောက်အဖြစ်ခံယူထားသူ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို စိတ်ဝင်စားပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ဆန်းသစ်ကောင်းမွန်တဲ့ ဖြေရှင်းချက်တွေကို ယူဆောင်ဖို့ စိတ်ဝင်စားတဲ့သူ၊ မိမိရဲ့ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ စဉ်ဆက်မပြတ်လေ့လာလိုသူတစ်ယောက် ဆိုရင်တော့ ဒီအစီအစဥ်မှာ ပါဝင်သင့်တယ်လို့ Impact Hub Yangon မှဆိုထားပါတယ်။

 

အဆိုပါ Youth Innovation Challenge ကို၂၀၂၂ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီးစွမ်းရည်မြှင့်တင်မှုသင်တန်းများနဲ့အလုပ်သင်အခွင့်အလမ်းများမှတစ်ဆင့်စွန့်ဦတီထွင်မှုအားကောင်းတဲ့ လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

 

ဒီအစဥ်မှာဆိုရင်တော့အောက်ဖော်ပြပါအချက်တွေနဲ့ကိုက်ညီတဲ့လူငယ်တွေ လျှောက်ထားလို့ရပါတယ်_

 

  • အသက်(၂၆)နှစ်နှင့် အောက်လူငယ်များ

  • စွန့်ဦးတီထွင်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်းကို စိတ်ပါဝင်စားပြီး ဖြေရှင်းချက်စိတ်ကူးအသစ်များကို ဖန်တီးလိုတဲ့ လူငယ်များ

  • လက်ရှိမှာအလုပ်သင်အတွေ့အကြုံများနဲ့ပညာဆက်လက်သင်ယူဖို့အတွက်အရည်အသွေးမြှင်တင်နိုင်မဲ့ အခွင့်အရေးကို ရှာဖွေနေတဲ့ လူငယ်များ

  • (၂)လတာကြာမြင့်မဲ့အလုပ်သင်အစီအစဉ်နဲ့စွမ်းရည်မြှင့်တင်ခြင်းသင်တန်းကိုအချိန်ပြည့်တက်ရောက်နိုင်တဲ့ လူငယ်များ

  • မိမိရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့စဉ်ဆက်မပြတ်လေ့လာလိုတဲ့ လူငယ်များ

Advertisement

Click Here > Sanctuary 

ဒီအစဥ်အစဥ်မှတစ်ဆင့် လူငယ်တွေအနေနဲ့  အောက်ဖော်ပြပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်_

 

  • စွန့်ဦးတီထွင်ခြင်းနဲ့ပက်သက်တဲ့ စွမ်းရည်များနှင့်အခြားသော ခေါင်းဆောင်မှုစွမ်းရည်များ 

  • ဒီဇိုင်းစဥ်းစားခြင်းပညာရပ်

  • စီးပွားရေးစီမံချက်ရေးဆွဲခြင်း

  • စီးပွားရေးအရပြောဆိုဆက်ဆံခြင်းနှင့် ရေးသားခြင်း 

 

စတဲ့စွမ်းရည်တွေတိုးတက်လာမှာဖြစ်တဲ့အပြင်  လူငယ်များနဲ့ရန်ကုန်မှာရှိတဲ့  စီးပွားရေးလုပ်ငန်းများနဲ့လည်းချိတ်ဆက်ပေးပြီးအလုပ်သင်အခွင့်အရေးများစီစဉ်ပေးခြင်းမှတစ်ဆင့်လုပ်ငန်းခွင်အရည်အသွေးများတိုးတက်စေကာလူငယ်များရဲ့အနာဂတ် အသက်မွေးဝမ်းကျောင်းအတွက် အဆင့်သင့်ဖြစ်စေမယ်လို့ ဆိုထားပါတယ်။ ၄င်းအစီအစဥ်အဆုံးမှာ Innovation Challenge ပြိုင်ပွဲတစ်ခုကိုကျင်းပပြုလုပ်သွားဖို့ရှိပြီး အနိုင်ရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

 

စိတ်ပါဝင်စားလို့ လျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် မေလ ၂၆ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။

 

Application Form Link >

https://bit.ly/YouthInnovationChallenge_2023 

 

အသေးစိတ်အချက်အလက်များနှင့် သိရှိလိုသော မေးခွန်းများအတွက် Impact Hub Yangonသို့ Ma Cho Zin Oo (09783000793), Email: [email protected]  မှတစ်ဆင့် ဆက်သွယ်မေးမြန်း နိုင်ကြောင်းသိရှိရပါတယ်။  


Original Post : https://shorturl.at/jBHPX

Latest Post Local News Read 583 times