Sales Hotline : 09448001653    



ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများ တက်ရောက်သင့်တဲ့ WHO မှ အခမဲ့သင်တန်းများ

 

 

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးမှ ဖွင့်လှစ်ပို့ချပေးထားတဲ့ အခမဲ့သင်တန်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသင်တန်းတွေဟာဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ရန် အထူးသင့်တော်သလို ကျန်းမာရေးလိုက်စားပြီး ဗဟုသုတအဖြစ် လေ့လာမှတ်သား လိုသူများအတွက်လည်း အဆင်ပြေစေပါတယ်။

 

စိတ်ကျန်းမာရေး၊ အာဟာရ၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဆေးဝါးထိန်းချုပ်ရေး မူဝါဒ စတဲ့ အကြောင်းအရာတွေကို စုံစုံလင်လင် လေ့လာနိုင်မယ့် သင်တန်းများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းပြီးဆုံးရင်လည်း တရားဝင် WHO အသိအမှတ်ပြုလက်မှတ် (Certificate) ရရှိမှာပါ။

 

လုပ်ငန်းခွင်နယ်ပယ်မှာ သင့်ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ WHO ရဲ့ ဒီသင်တန်းတွေက အချိန်လည်း အများကြီးမပေးရ၊ ငွေလည်းမကုန်ပဲ တက်ရောက်နိုင်တာကြောင့် လေ့လာကြည့်ဖို့ အကြံပြုချင်ပါတယ်။

 

သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အောက်မှာ ဖော်ပြထားပါတယ်_

 

WHO Free Online Courses 2023 : 

  • သင်ကြားပို့ချပေးသော အဖွဲ့အစည်း - World Health Organization

  • သင်ကြားပို့ချပေးသည့် ပလက်ဖောင်း - OpenWho

  • သင်ယူရမည့်ပုံစံ - By Online

  • တက်ရောက်နိုင်သည့် နိုင်ငံများ - မည့်သည့်နိုင်ငံမဆို

Advertisement

Click Here > Winpex Blind

တက်ရောက် လေ့လာနိုင်သည့် သင်တန်းများ

  • Antimicrobial Resistance

  • Clinical Management

  • COVID-19

  • COVID-19 National Languages

  • COVID-19 Vaccines

  • Digital Health and Innovation

  • End TB

  • Get Social

  • Data

  • Healthier Populations

  • Health Inequality Monitoring

  • Infection Prevention and Control

  • Integrated Disease Surveillance and Response

  • Neglected Tropical Diseases

  • One Health

  • Outbreak

  • Preparing for Pandemics

  • Preventing Sexual Exploitation and Abuse

  • Ready for Response

  • Scientific and Strategic Talks on COVID-19

  • Universal Health Coverage

 

သင်တန်းတက်ရောက်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမှာလဲ…

  • စိတ်ချယုံကြည်ရသော ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို သိရှိနိုင်ပြီး နောက်ဆုံးရ အချက်အလက်များကို သိရှိနိုင်ခြင်း

  • လုပ်ငန်းခွင်ဆိုင်ရာ တိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်ခြင်း

  • အွန်လိုင်းသင်တန်းဖြစ်သောကြောင့် အင်တာနက်မိရုံဖြင့် အချိန်မရွေး၊ နေရာမရွေး သင်ယူ လေ့လာနိုင်ခြင်း

  • အခမဲ့သင်တန်းများ ဖြစ်သောကြောင့် စရိတ်စက ကုန်ကျမှု အထူးသက်သာခြင်း

  • ကွန်ယက်ချိတ်ဆက်ခြင်းဆိုင်ရာ အခွင့်အလမ်းများ ရရှိခြင်း

  • သင်တန်းပြီးဆုံးပါက ပြီးမြောက် အောင်မြင်ကြောင်း WHO ၏ အသိအမှတ်ပြု လက်မှတ်ရရှိခြင်း

 

သင်တန်းကို ဘယ်သူတွေ လျှောက်ထားလို့ရလဲ

  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါတယ်

  • ပညာအရည်အချင်းကန့်သတ်ချက်မရှိပါ

  • ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအထူးလျှောက်ထားရန်သင့်တော်ပါသည်

 

ဘယ်လိုလျှောက်ထားကြမလဲ

 

အောက်မှာ ပေးထားတဲ့လင့်ခ်ကနေ ကိုယ်တက်ချင်တဲ့ သင်တန်းကိုရှာပါ။ သင်တန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အကျဥ်းချုပ်၊ သင်တန်းရဲ့ ရည်ရွယ်ချက်၊ ပေးထားတဲ့ အချက်အလက်တွေကို သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။ အင်တာနက်လိုင်းကောင်းဖို့လည်း လိုအပ်ပါတယ်။ 

 

သင့်မှာ သင်တန်းတက်ဖို့အတွက် အကောင့်မရှိသေးဘူးဆို WHO ရဲ့ Official Website မှာ အကောင့်အရင်ဖွင့်ဖို့ လိုအပ်ပါတယ်။ Website Link ကို အောက်မှာ ပေးထားပါတယ်။ အကောင့်ရပြီဆိုရင်တော့ ကိုယ်တက်ချင်တဲ့ သင်တန်းကို စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါပြီ။ 

 

Application Link 

> https://openwho.org/account/new

 

WHO Website Official Link 

> https://openwho.org/

Vocational Latest Post Read 687 times