Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာသဒ္ဒါသင်ခန်းစာများကို အခမဲ့လေ့လာလို့ရမယ့် Website (၈) ခု

 

 

အင်္ဂလိပ်စာ/အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်အောင် ပြောတက်၊ ရေးတက်ဖို့ဆိုတာ ဝေါဟာရကြွယ်ဝရုံနဲ့တင်လည်း မလုံလောက်သေးပါဘူး။ စာကြောင်းအနေအထား၊ ဝါကျအထားအသို၊သဒ္ဒါအသုံးအနှုန်း မှန်/မမှန် ကလည်း အလွန်အရေးပါပါတယ်။ 

 

ကိုယ်သုံးလိုက်တဲ့ သဒ္ဒါအသုံးအနှုန်းမှန်ကန်မှသာ စာကြောင်းရဲ့ အဓိပ္ပါယ်ကလည်း ပြီးပြည့်စုံပြီး တစ်ဖက်လူကလည်း ကိုယ့်ရဲ့ဆိုလိုရင်းကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါလိ့မ်မယ်။ အခုဖော်ပြပေးမယ့် ဝက်ဘ်ဆိုဒ်တွေကတော့ အင်္ဂလိပ်စာ သဒ္ဒါရှင်းလင်းချက် သင်ခန်းစာများနဲ့အတူ လေ့ကျင့်ခန်းများကိုပါ တစ်ခါတည်း လုပ်နိုင်မှာပါ။ လေ့လာဖို့အတွင် သင်ခန်းစာလင့်ခ်များပါ တစ်ခါတည်း ဖော်ပြပေးထားပါတယ်။ 

 

အရင်ဆုံး Grammar သင်ခန်းစာတွေကို မလေ့လာမီ ကိုယ့်ရဲ့ Grammar Level က ဘယ်လောက်မှာရှိနေလဲ အရင်ဆန်းစစ်ကြည့်တာက လက်တွေ့ လေ့လာတဲ့ နေရာမှာ အလွန် အသုံးဝင်ပါတယ်။ ဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်မှာ အရင်ဆုံး Test လေးဖြေကြည့်ပါ။ ပီးမှ ကိုယ် ဘယ် Level ရလဲ၊ ဘယ် Level ကကိုယ်နဲ့သင့်တော်မလဲ သေချာစဥ်းစားပြီး လေ့လာပါ။

 

Test Link -  https://bit.ly/3ftVwlC


 

  1. British Council Learn English

 

အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် တစ်နေရာတည်းမှာ စွယ်စုံလေ့လာနိုင်တဲ့ ဝက်ဘ်ဆိုဒ်လို့ ပြောလို့ရပါတယ်။ ဒါကတော့ Grammar အတွက် လေ့လာလို့ရမယ့် Section ပါ။ Level ၃ ခုရှိပါတယ်။ ကိုယ်အဆင်ပြေရာက စပြီး လေ့လာလို့ရပါတယ်။ Topic တစ်ခုပြီးတိုင်း Exercises လေးတွေလုပ်ရမှာပါ။အဖြေလည်း တစ်ခါတည်းပြန်တိုက်လို့ရပါတယ်။  ဒီဝက်ဘ်ဆိုဒ်မှာလည်း ကိုယ့်ရဲ့ Grammar Level Test ကို ဖြေကြည့်လို့ရပါတယ်။ 

 

Website Link > https://bit.ly/2VDFXsh


 

  1. Cambridge Grammar

 

လူသိများပြီး တော်တော်များများ လေ့လာကြတဲ့ ဝက်ဘ်ဆိုဒ်ပါပဲ။ အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် အသုံးများဆုံးနေရာတစ်ခုပါ။ Topic လေးတွေပေးထားပါတယ်။ Alphabet နဲ့လည်း ရှာလို့ရပါတယ်။ ကိုယ်လေ့လာချင်တဲ့ Topic ကစပြီး လေ့လာလို့ရပါတယ်။ သင်ခန်းစာတစ်ခုချင်းစီမှာ အကြောင်းအရာကို အသေးစိတ်ရှင်းလင်းဖော်ပြပေးထားတာမို့ အင်္ဂလိပ်စာ သဒ္ဒါကို အသေးစိတ်လေ့လာချင်သူတွေအတွက် အဆင်ပြေပါတယ်။

 

Website Link > https://bit.ly/2tAXZ2c


 

  1. Perfect English Grammar 

 

သဒ္ဒါနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေကို Tense အလိုက် Topic တစ်ခုချင်းစီရှင်းရှင်းလင်းလင်း ခွဲခြားပေးထားပြီး Online သာမက Offline အနေနဲ့ပါ ဒေါင်းလုပ်ဆွဲပြီး လေ့လာလို့ရပါတယ်။သင်ခန်းစာ အတော်ကို စုံစုံလင်လင် လေ့လာလို့ရတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါ။ ဒါ့အပြင် သင်ခန်းစာတစ်ခုပြီးတိုင်း လေ့ကျင့်ခန်းတွေ ဖြေဆိုရမှာဖြစ်ပြီး ဒေါင်းလုပ်ဆွဲယူပြီးပါ သိမ်းထားနိုင်ပါတယ်။

 

Website Link > https://bit.ly/3CvdDRi


 

  1. Grammar Bank 

 

Grammar Bank လို့ဆိုတဲ့အတိုင်း နာမည်နဲ့လိုက်အောင် အမျိုးအစားစုံစုံလင်လင်ကို ထောက်ပံ့ပေးထားပါတယ်။ သဒ္ဒါသင်ခန်းစာတွေ အမျိုးအစားစုံလင်တဲ့အပြင် PDF Ebooks၊ လေ့ကျင့်ခန်းတွေ၊ စာမေးပွဲအသေးစားလေးတွေ၊ ဉာဏ်စမ်းပဟေဠိ တွေပါ ပါရှိပါတယ်။ ဒါ့အပြင် ESL (English for Second Language) အတွက် Beginner Level ကိုလေ့လာလို့ရသလို ကလေးတွေအတွက် အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ ဂိမ်းလေးတွေ၊ ရုပ်ပုံကားချပ်လေးတွေ၊ ဝေါဟာရလေးတွေပါ လေ့လာနိုင်ပါတယ်။ အရေး၊ အဖတ် နဲ့ ဝေါဟာရ အပိုင်းကိုလည်း သီးသန့်လေ့လာနိုင်ပါသေးတယ်။

 

Website Link > https://bit.ly/3e6jbs3

 

  1. My English Pages 

 

သဒ္ဒါသင်ခန်းစာတွေအပြင် Vocabulary၊ Idioms နဲ့ Speaking Quiz တွေပါ တစ်နေရာတည်းမှာ လေ့လာနိုင်ပါတယ်။ သင်ခန်းစာတစ်ခုချင်းစီမှာ လေ့ကျင့်ရန်အတွက် Exercises တွေပါရှိပြီး ဖြေဆိုပြီးသွားရင်လည်း အဖြေပြန်တိုက်လို့ရပါတယ်။ သဒ္ဒါသင်ခန်းစာတွေအပိုင်းမှာတော့ Verb tenses နဲ့ clauses တွေအပိုင်းကို ဦးစားပေး ဖော်ပြပေးထားပါတယ်။

 

Website Link > https://bit.ly/3fEpKmf

  

  1. Englisch-hilfen.de

 

8 parts of Speech ကို အကျယ့်တဝင့် ခေါင်းစဥ်အလိုက် ခွဲခြားဖော်ပြပေးထားပါတယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ဂိမ်းတွေ၊ ဝေါဟာရရှင်းလင်းချက်တွေ၊ လေ့ကျင့်ခန်းတွေ၊ အဘိဓာန်တွေ ၊ ဖိုရမ်တွေပါ စုံစုံလင်လင်ပါရှိတဲ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါ။

 

Website Link > https://bit.ly/3Eg0Cwe

 

  1. Grammar in English 

 

ဒီဝက်ဘ်ဆိုဒ်မှာဆိုရင်တော့ သင်ခန်းစာ ခေါင်းစဥ်တစ်ခုချင်းစီကို အကြောင်းအရာအလိုက် တစ်ခုစီ စုစည်းပေးထားတဲ့အတွက် လေ့လာသူတွေအဖို့လည်း ကိုယ်သိချင်တဲ့ အကြောင်းအရာကို ရှာဖွေတဲ့နေရာမှာ တော်တော်လေးအဆင်ပြေစေမှာပါ။ သင်ခန်းစာတွေကို ဥပမာစာကြောင်းများများ နဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားတာမို့ အလွယ်တကူ နားလည်လွယ်ပါတယ်။ လေ့ကျင့်ခန်းတွေလည်း တိုတိုတုတ်တုတ်နဲ့ ဖြေဆိုရတာမို့ စာလေ့လာရတာ အီသွားတာမျိုး မဖြစ်စေပါဘူး။

 

Website Link > https://bit.ly/3ftYG8Y

 

  1. English Grammar

 

ဒီဝက်ဘ်ဆိုဒ်မှာလည်းပဲ Grammar သီးသန့်ပဲမဟုတ်ပဲ Writing အတွက်လည်း သင်ခန်းစာတွေပါဝင်ပါတယ်။ Writing မှာမှ Business Writing၊ Creative Writing၊ Essay Writing ဆိုပြီး ခေါင်းစဥ်အလိုက်ခွဲခြားလေ့လာရမှာပါ။ သင်ခန်းစာတွေကိုလည်း Download Lessons ဆိုတဲ့ နေရာမှာ Offline အဖြစ်ရယူနိုင်ပါတယ်။ Online Tools ဆိုတဲ့နေရာက‌နေ ကိုယ်ရေးထားတဲ့ စာရဲ့ သဒ္ဒါမှန်ကန်မှု ရှိ/မရှိကိုလည်း စစ်ဆေးနိုင်ပါသေးတယ်။

 

Website Link > https://bit.ly/3roDPa1

 

High University / College Read 1556 times